Local News

ကဲ….နဂါးလား တီေကာင္လား…..မၾကာခင္ မိနစ္ပိုင္းအတြင္း သိရပါေတာ့မယ္

ကဲ….နဂါးလား တီေကာင္လား…..မၾကာခင္ မိနစ္ပိုင္းအတြင္း သိရပါေတာ့မယ္

အေမရိကန္ႏွင့္တ႐ုတ္အၾကား စစ္ျဖစ္ႏိုင္သည္အထိ တင္းမာေနေသာ အေမရိကန္ ေအာက္ လႊတ္ေတာ္ဥကၠ႒၏ ေလယာဥ္ ထိုင္ဝမ္ႏိုင္ငံသို႔ သြား၊ မသြား လူေပါင္း ၃ သိန္းေက်ာ္ ေစာင့္ၾကည့္ၾက၊ ကမာၻ၏ ေစာင့္ၾကည့္အခံရဆုံးေသာ ေလ ေၾကာင္းခရီးစဥ္ပ်ံသန္းမႈအျဖစ္ မွတ္တမ္းဝင္

ရန္ကုန္၊ ဩဂုတ္ ၂

အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံအၾကား စစ္ျဖစ္ႏိုင္သည္အထိ တင္းမာေနေသာ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nacy Pelosi ၏ ထိုင္ဝမ္ႏိုင္ငံခရီးစဥ္ ေလ ယာဥ္ ပ်ံသန္းမႈလမ္းေၾကာင္းကို လူေပါင္း ၃ သိန္းေက်ာ္က ေစာင့္ၾကည့္ၾကသ ျဖင့္ ကမာၻ႔ေစာင့္ၾကည့္မႈအမ်ားဆုံးခံရသည့္ ေလယာဥ္ေလေၾကာင္းခရီးစဥ္အျဖစ္ မွတ္တမ္းဝင္သြားေၾကာင္း သိရွိရသည္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nacy Pelosiသည္ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူမွ ထိုင္ဝမ္ႏိုင္ငံသို႔ ထြက္ခြာ ဖြယ္ရွိသည္ဟု ယူဆရေသာ္လည္း လက္ ရွိ အခ်ိန္ ထိုင္ဝမ္ႏိုင္ငံ၏ ေျမေပၚသို႔ တရားဝင္ေရာက္ရွိျခင္းမရွိေသးေပ။

ထိုင္ဝမ္သတင္းဌာနတခ်ိဳ႕ကမူ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ သည္ ထိုင္ဝမ္ႏိုင္ငံသို႔ ထိုင္ဝမ္ႏိုင္ငံစံေတာ္ခ်ိန္ ည ၁၀ နာရီ ၂၀ မိနစ္တြင္ ေရာက္ရွိမည္ဟု ခန႔္မွန္းထားသည္။

သို႔ရာတြင္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒သည္ ေလယာဥ္ေပၚတြင္ ပါရွိျခင္း ရွိ၊ မရွိကိုလည္း အတည္ျပဳႏိုင္ျခင္းမရွိေပ။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ႏိုင္ငံသည္ ၎၏ ပိုင္နက္အျဖစ္ သတ္မွတ္ထား၍ အေမရိကန္ အဆင့္ျမင့္ေခါင္းေဆာင္မ်ားအေနျဖင့္ လည္ပတ္ျခင္းမျပဳရန္ႏွင့္ လည္ပတ္ပါက ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားရွိလာမည္ျဖစ္ေၾကာင္း တ႐ုတ္ဘက္က သတိေပးထားသည္။

ကဲ….နဂါးလား တီကောင်လား…..မကြာခင် မိနစ်ပိုင်းအတွင်း သိရပါတော့မယ်

အမေရိကန်နှင့်တရုတ်အကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန် အောက် လွှတ်တော်ဥက္ကဋ္ဌ၏ လေယာဉ် ထိုင်ဝမ်နိုင်ငံသို့ သွား၊ မသွား လူပေါင်း ၃ သိန်းကျော် စောင့်ကြည့်ကြ၊ ကမ္ဘာ၏ စောင့်ကြည့်အခံရဆုံးသော လေ ကြောင်းခရီးစဉ်ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်

ရန်ကုန်၊ ဩဂုတ် ၂

အမေရိကန်နှင့်တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosi ၏ ထိုင်ဝမ်နိုင်ငံခရီးစဉ် လေ ယာဉ် ပျံသန်းမှုလမ်းကြောင်းကို လူပေါင်း ၃ သိန်းကျော်က စောင့်ကြည့်ကြသ ဖြင့် ကမ္ဘာ့စောင့်ကြည့်မှုအများဆုံးခံရသည့် လေယာဉ်လေကြောင်းခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရှိရသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosiသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်ဝမ်နိုင်ငံသို့ ထွက်ခွာ ဖွယ်ရှိသည်ဟု ယူဆရသော်လည်း လက် ရှိ အချိန် ထိုင်ဝမ်နိုင်ငံ၏ မြေပေါ်သို့ တရားဝင်ရောက်ရှိခြင်းမရှိသေးပေ။

ထိုင်ဝမ်သတင်းဌာနတချို့ကမူ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ သည် ထိုင်ဝမ်နိုင်ငံသို့ ထိုင်ဝမ်နိုင်ငံစံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

သို့ရာတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသည် လေယာဉ်ပေါ်တွင် ပါရှိခြင်း ရှိ၊ မရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိပေ။

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံသည် ၎င်း၏ ပိုင်နက်အဖြစ် သတ်မှတ်ထား၍ အမေရိကန် အဆင့်မြင့်ခေါင်းဆောင်များအနေဖြင့် လည်ပတ်ခြင်းမပြုရန်နှင့် လည်ပတ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများရှိလာမည်ဖြစ်ကြောင်း တရုတ်ဘက်က သတိပေးထားသည်။