Local News




ရန်ကုန်၊ဩဂုတ် ၂





အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ရောက်ပြီ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်နိုင်ငံသို့ ရောက်ရှိ၊ တရုတ်စစ်တိုက်လေယာဉ်များ ထိုင်ဝမ်ဘက်သို့ ထွက်ခွာသွား

ရန်ကုန်၊ဩဂုတ် ၂

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi သည် ထိုင်ဝမ်နိုင်ငံသို့ ယခုညပိုင်းတွင် ရောက်ရှိသွားပြီဖြစ်သည်။

အမေရိကန်နှင့်တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosi ၏ ထိုင်ဝမ်နိုင်ငံခရီးစဉ် အမှန်တကယ် လက်တွေ့ ဖြစ်လာခြင်းဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosiသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်ဝမ်နိုင်ငံထွက်ခွာခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရပိုင်မီဒီယာများက တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်နိုင်ငံဘက်သို့ ဦးတည်ပျံသန်းသွားပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။