Local News

မုံ႐ြာသို႔ ဦးတည္ထြက္လာသည့္ စစ္ေကာင္စီယာဥ္တန္

မုံ႐ြာသို႔ ဦးတည္ထြက္လာသည့္ စစ္ေကာင္စီယာဥ္တန္း ႏွစ္ႀကိမ္ထက္မနည္း တိုက္ခိုက္ခံရ

ေအာင္ေဇယ်/People’s Spring

မုံ႐ြာ – မႏၲေလးလမ္းေပၚတြင္ မုံ႐ြာၿမိဳ႕သို႔ ဦးတည္ထြက္ခြာလာသည့္ အၾကမ္းဖက္စစ္ေကာင္စီ ယာဥ္တန္း ႏွစ္ႀကိမ္ထက္မနည္း မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရေၾကာင္း ​ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ယေန႔ (ဩဂုတ္၂ ရက္) ညေန ၄ နာရီခြဲခန္႔က မုံ႐ြာ – မႏၲေလး လမ္းမႀကီးအတိုင္း မုံ႐ြာၿမိဳ႕ဘက္သို႔ ဦးတည္ထြက္ခြာလာေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ (၃၆)စီးပါ ယာဥ္တန္းကို CLDF တပ္ဖြဲ႕၏ မိုင္းစစ္သည္ေတာ္မ်ားက အသင့္ေစာင့္ဆိုင္းတိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။

စစ္ေကာင္စီတပ္သား အမ်ားအျပား လိုက္ပါလာသည့္ (၃)စီးေျမာက္ေသာ ယာဥ္ကို (၇) လုံးတြဲ ပေဒသာမိုင္း အသုံးျပဳကာ မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း CLDF က ေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ CLDFအဖြဲ႕ တာဝန္ရွိသူက “အဲဒီ၃စီးက ေရွ႕ဆုံးကားေတြပါ။ လမ္းတစ္ ေလွ်ာက္မွာလည္း ကင္းပုန္းေတြ အျပည့္ခ်ထားပါတယ္။ကြၽန္ေတာ္တို႔ မိုင္းခြဲတိုက္ခိုက္ခဲ့တာက ေခ်ာင္းဦးနဲ႔ ငါးယွန္ၾကားပါ။”ဟု ေျပာသည္။

CLDF ရဲေဘာ္မ်ား အထိအခိုက္မရွိဘဲ အဆိုပါ မိုင္းခြဲတိုက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္စ စ္ေကာင္စီတပ္ဘက္က အမ်ားအျပားထိခိုက္ ေသဆုံးႏိုင္ေၾကာင္း ေျမျပင္ကင္းေထာက္မ်ား၏ မ်က္ျမင္ေတြ႕ရွိခ်က္ကို အေျခခံကာ CLDFက အသိေပးသည္။

ထိုယာဥ္တန္းကိုပင္ ယေန႔ညေန ၃ နာရီခြဲခန္႔ကလည္း မုံ႐ြာ – မႏၲေလးလမ္းမေပၚ ေဂြးပင္ေတာႏွင့္ ေရပိုးစား ေက်း႐ြာၾကား၌ ေဒါင္းညီေနာင္ အဖြဲ႕ႏွင့္ GTR MMU တို႔ပူးေပါင္းမိုင္းဆြဲတိုက္ခိုက္ ခဲ့ေၾကာင္း ၎အဖြဲ႕မ်ားက ထုတ္ျပန္ထားသည္။

ယေန႔နံနက္ ၆နာရီ ၄၅ မိနစ္ခန္႔ကလည္း မုံ႐ြာ – မႏၲေလးလမ္းအတိုင္း ေခ်ာင္းဦးမွ ျမင္းမူၿမိဳ႕ဘက္ သို႔ ထြက္ခြာလာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၇၀ခန္႔လိုက္ပါလာသည့္ သံျပားကာ ကား၂စီးသည္ ေခ်ာင္းဦးၿမိဳ႕နယ္၊ ငါးယွန္႐ြာအေရွ႕ဘက္တစ္ေနရာ၌ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရသည္။

ထိုျဖစ္စဥ္ေၾကာင့္ စစ္ေကာင္စီတပ္သား ၁၉ ဦးထက္မနည္းေသဆုံးေၾကာင္း Farmers Revolution Force က သတင္းထုတ္ျပန္ထားသည္။

မုံ႐ြာ – မႏၲေလးလမ္းေပၚ၌ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းမ်ားျဖတ္သန္းတိုင္း ေဒသတြင္း PDFအဖြဲ႕မ်ားက လမ္းတစ္ေလွ်ာက္လုံး တိုက္ခိုက္ေလ့ရွိသည့္အတြက္ ထုတ္ျပန္ခ်က္မထုတ္ေသး သည့္အဖြဲ႕မ်ားလည္း ရွိႏိုင္ေသးသည္။

႐ုပ္သံ – CLDF

မုံရွာသို့ ဦးတည်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံရ

အောင်ဇေယျ/People’s Spring

မုံရွာ – မန္တလေးလမ်းပေါ်တွင် မုံရွာမြို့သို့ ဦးတည်ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း နှစ်ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဩဂုတ်၂ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာ – မန္တလေး လမ်းမကြီးအတိုင်း မုံရွာမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ (၃၆)စီးပါ ယာဉ်တန်းကို CLDF တပ်ဖွဲ့၏ မိုင်းစစ်သည်တော်များက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သား အများအပြား လိုက်ပါလာသည့် (၃)စီးမြောက်သော ယာဉ်ကို (၇) လုံးတွဲ ပဒေသာမိုင်း အသုံးပြုကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDF က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ CLDFအဖွဲ့ တာဝန်ရှိသူက “အဲဒီ၃စီးက ရှေ့ဆုံးကားတွေပါ။ လမ်းတစ် လျှောက်မှာလည်း ကင်းပုန်းတွေ အပြည့်ချထားပါတယ်။ကျွန်တော်တို့ မိုင်းခွဲတိုက်ခိုက်ခဲ့တာက ချောင်းဦးနဲ့ ငါးယှန်ကြားပါ။”ဟု ပြောသည်။

CLDF ရဲဘော်များ အထိအခိုက်မရှိဘဲ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စ စ်ကောင်စီတပ်ဘက်က အများအပြားထိခိုက် သေဆုံးနိုင်ကြောင်း မြေပြင်ကင်းထောက်များ၏ မျက်မြင်တွေ့ရှိချက်ကို အခြေခံကာ CLDFက အသိပေးသည်။

ထိုယာဉ်တန်းကိုပင် ယနေ့ညနေ ၃ နာရီခွဲခန့်ကလည်း မုံရွာ – မန္တလေးလမ်းမပေါ် ဂွေးပင်တောနှင့် ရေပိုးစား ကျေးရွာကြား၌ ဒေါင်းညီနောင် အဖွဲ့နှင့် GTR MMU တို့ပူးပေါင်းမိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း ၎င်းအဖွဲ့များက ထုတ်ပြန်ထားသည်။

ယနေ့နံနက် ၆နာရီ ၄၅ မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းအတိုင်း ချောင်းဦးမှ မြင်းမူမြို့ဘက် သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ခန့်လိုက်ပါလာသည့် သံပြားကာ ကား၂စီးသည် ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအရှေ့ဘက်တစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သား ၁၉ ဦးထက်မနည်းသေဆုံးကြောင်း Farmers Revolution Force က သတင်းထုတ်ပြန်ထားသည်။

မုံရွာ – မန္တလေးလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများဖြတ်သန်းတိုင်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက်လုံး တိုက်ခိုက်လေ့ရှိသည့်အတွက် ထုတ်ပြန်ချက်မထုတ်သေး သည့်အဖွဲ့များလည်း ရှိနိုင်သေးသည်။

ရုပ်သံ – CLDF