Local News

မအီရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦးအား

မအီရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦးအား AA က ဖမ္းဆီး

Western News – ၾသဂုတ္ ၃ ရက္

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ မအီၿမိဳ႕ရဲစခန္းမွ၊ နယ္ထိန္းေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဒုတပ္ၾကပ္ထြန္းေ႐ႊေမာင္ကို ၾသဂုတ္လ ၁ ရက္ေန႔ ညေန ၈ နာရီခန္႔က ရကၡိဳင့္တပ္ေတာ္ AA မွ ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

၄င္းသည္ အဆိုပါေန႔ ညေနက သူ၏ေနအိမ္ အမွတ္ (၁) ရပ္ကြက္ကေန မအီၿမိဳ႕မရဲစခန္းသို႔သြားစဥ္ လမ္းခုလတ္၌ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု အမည္မေဖာ္လိုေသာ ေဒသခံတစ္ဦးက ေျပာသည္။

“သူက အမွတ္ (၁) ရပ္ကြက္မွာ ေနတာပါ။ အမွတ္ (၁) ရပ္ကြက္က ေနၿပီးေတာ့ ရဲစခန္းကို အၿမဲတမ္း အသြားအျပန္ရွိပါတယ္။ ည ၈ နာရီဆိုလို႔ရွိရင္ သူတို႔ရဲစခန္းမွာ အၿမဲတမ္းတန္းစီရတယ္လို႔သိရတယ္။ သူရဲစခန္းကို သြားတဲ့အခ်ိန္မွာ လမ္းကေနၿပီးေတာ့ ဖမ္းယူသြားတယ္လို႔ သိရပါတယ္” ဟု ေျပာသည္။

လက္ရွိအခ်ိန္တြင္ မအီၿမိဳ႕အေျခအေနမွာ လုံၿခဳံေရးတိုးျမႇင့္ခ်ထားမႈမ်ား စစ္ေဆးေမးျမန္းျခင္းမ်ား မရွိေသးေသာ္လည္း စစ္ေကာင္စီတပ္သားမ်ားအေနျဖင့္ ဆိုင္ကယ္မ်ားျဖင့္ ၂ ေယာက္တစ္အုပ္စု၊ ၃ ေယာက္တစ္အုပ္စုအေနျဖင့္ သြားလာလႈပ္ရွားမႈမ်ား ရွိေၾကာင္း သိရွိရသည္။

ဒုတပ္ၾကပ္ထြန္းေ႐ႊေမာင္သည္ ဘူးသီးေတာင္ၿမိဳ႕နယ္က ျဖစ္ၿပီး မအီၿမိဳ႕မရဲစခန္းတြင္ တာဝန္က်ေနသည္မွာ ၁၀ ႏွစ္ခန္႔ေလာက္ရွိၿပီးျဖစ္ၿပီး ၎ ဖမ္းဆီးခံရၿပီးေနာက္ပိုင္း လက္ရွိတြင္ စစ္ေကာင္စီမွ စစ္ေဆးေမးျမန္းမႈမ်ား မရွိေသးေသာ္လည္း ညဥ့္အခ်ိန္မ်ားတြင္ ဝင္ေရာက္စစ္ေဆးမည္ကို စိုးရိမ္ၿပီး ေဒသခံတခ်ိဳ႕အေနျဖင့္ တိမ္းေရွာင္ေနမႈမ်ားလည္းရွိေနသည္။

မအီရဲစခန္းမွ နယ္ထိန္းတစ္ဦးဖမ္းဆီးခံရမႈႏွင့္ပတ္သက္ၿပီး ႏွစ္ဖက္တာဝန္ရွိသူမ်ားအား ေမးျမန္းရန္ Western News အေနျဖင့္ ႀကိဳးစားေနဆဲျဖစ္သည္။

မအီေဒသခံတစ္ဦးက” ေလာေလာဆယ္ကေတာ့ ေအးေအးေဆးေဆးဆိုေပမဲ့ စစ္ေကာင္စီတပ္ေတြက တစ္ေလွ်ာက္ လွည့္ပတ္ၿပီး ေစာင့္ၾကည့္ေနတာေတြ ေတြ႕ရတယ္။ တစ္ခ်ိဳ႕ မအီၿမိဳ႕ခံေတြ အဖမ္းခံရတယ္လို႔ သတင္းရတယ္။ ဒါေပမဲ့ အတိအက်ေတာ့ မေျပာတက္ဘူး။ မအီမွာ စစ္ကားေတြ အရင္ေန႔ကထက္ လုံၿခဳံေရးေတြ တိုးခ်ထားတာေတြ ေတြ႕လာရတယ္”ဟုေျပာသည္။

ဇူလိုင္ ၁၇ ရက္ေန႔က ပုဏၰားကြၽန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးလွေ႐ႊႏွင့္ ယာဥ္ေမာင္း ေမာင္ေက်ာ္ႏိုင္တို႔ကိုလည္း ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးခဲ့ၿပီး ဇူလိုင္ ၂၃ ရက္ေန႔တြင္ ျပန္လည္လႊတ္ေပးလိုက္သည္။

ၿပီးခဲ့သည့္ ဇြန္လ ၁၆ ရက္ေန႔က ပုဏၰားကြၽန္းၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁ ဦး၊ ဇြန္ ၂၀ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕မွ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး၊ ဇြန္ ၂၁ ရက္ေန႔က ေျမာက္ဦးၿမိဳ႕မွ စရဖ တပ္ဖြဲ႕ဝင္ ၃ ဦး၊ ဇြန္ ၂၂ ရက္ေန႔က ရမ္းၿဗဲၿမိဳ႕မွ ရဲတပ္ဖြဲ႕ဝင္ ၂ ဦး၊ ဇြန္ ၂၃ ရက္ေန႔က စစ္ေတြၿမိဳ႕မွ စစ္ေကာင္စီတပ္သာ ၂ ဦးႏွင့္ စနဲရဲစခန္းမွ စခန္းမႉး တို႔ကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးခဲ့သည္။

ယင္းျဖစ္စဥ္မ်ားအတြင္းတြင္ စစ္ေကာင္စီဖက္က စစ္ေတြ၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦးၿမိဳ႕နယ္မ်ားမွ အရပ္သား ၃၀ ေက်ာ္ကို ဖမ္းဆီးၿပီး ႏိုင္ငံေတာ္ ဆူပူလႈံေဆာ္မႈပုဒ္မမ်ားျဖင့္ တရားစြဲဆိုထားသည္။ ဖမ္းဆီးခံထားရသူမ်ားမွ တခ်ိဳ႕ကိုလည္း ဥပေဒမဲ့ ႏွိပ္စက္ထားေၾကာင္း မိသားစုဝင္မ်ား ေျပာဆိုၾကသည္။

Western News-WN

မအီရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦးအား AA က ဖမ်းဆီး

Western News – သြဂုတ် ၃ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရဲစခန်းမှ၊ နယ်ထိန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတပ်ကြပ်ထွန်းရွှေမောင်ကို သြဂုတ်လ ၁ ရက်နေ့ ညနေ ၈ နာရီခန့်က ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

၎င်းသည် အဆိုပါနေ့ ညနေက သူ၏နေအိမ် အမှတ် (၁) ရပ်ကွက်ကနေ မအီမြို့မရဲစခန်းသို့သွားစဉ် လမ်းခုလတ်၌ AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“သူက အမှတ် (၁) ရပ်ကွက်မှာ နေတာပါ။ အမှတ် (၁) ရပ်ကွက်က နေပြီးတော့ ရဲစခန်းကို အမြဲတမ်း အသွားအပြန်ရှိပါတယ်။ ည ၈ နာရီဆိုလို့ရှိရင် သူတို့ရဲစခန်းမှာ အမြဲတမ်းတန်းစီရတယ်လို့သိရတယ်။ သူရဲစခန်းကို သွားတဲ့အချိန်မှာ လမ်းကနေပြီးတော့ ဖမ်းယူသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် မအီမြို့အခြေအနေမှာ လုံခြုံရေးတိုးမြှင့်ချထားမှုများ စစ်ဆေးမေးမြန်းခြင်းများ မရှိသေးသော်လည်း စစ်ကောင်စီတပ်သားများအနေဖြင့် ဆိုင်ကယ်များဖြင့် ၂ ယောက်တစ်အုပ်စု၊ ၃ ယောက်တစ်အုပ်စုအနေဖြင့် သွားလာလှုပ်ရှားမှုများ ရှိကြောင်း သိရှိရသည်။

ဒုတပ်ကြပ်ထွန်းရွှေမောင်သည် ဘူးသီးတောင်မြို့နယ်က ဖြစ်ပြီး မအီမြို့မရဲစခန်းတွင် တာဝန်ကျနေသည်မှာ ၁၀ နှစ်ခန့်လောက်ရှိပြီးဖြစ်ပြီး ၎င်း ဖမ်းဆီးခံရပြီးနောက်ပိုင်း လက်ရှိတွင် စစ်ကောင်စီမှ စစ်ဆေးမေးမြန်းမှုများ မရှိသေးသော်လည်း ညဉ့်အချိန်များတွင် ဝင်ရောက်စစ်ဆေးမည်ကို စိုးရိမ်ပြီး ဒေသခံတချို့အနေဖြင့် တိမ်းရှောင်နေမှုများလည်းရှိနေသည်။

မအီရဲစခန်းမှ နယ်ထိန်းတစ်ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူများအား မေးမြန်းရန် Western News အနေဖြင့် ကြိုးစားနေဆဲဖြစ်သည်။

မအီဒေသခံတစ်ဦးက” လောလောဆယ်ကတော့ အေးအေးဆေးဆေးဆိုပေမဲ့ စစ်ကောင်စီတပ်တွေက တစ်လျှောက် လှည့်ပတ်ပြီး စောင့်ကြည့်နေတာတွေ တွေ့ရတယ်။ တစ်ချို့ မအီမြို့ခံတွေ အဖမ်းခံရတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ အတိအကျတော့ မပြောတက်ဘူး။ မအီမှာ စစ်ကားတွေ အရင်နေ့ကထက် လုံခြုံရေးတွေ တိုးချထားတာတွေ တွေ့လာရတယ်”ဟုပြောသည်။

ဇူလိုင် ၁၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့် ယာဉ်မောင်း မောင်ကျော်နိုင်တို့ကိုလည်း ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်တွေမြို့မှ စစ်ကောင်စီတပ်သာ ၂ ဦးနှင့် စနဲရဲစခန်းမှ စခန်းမှူး တို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များအတွင်းတွင် စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးပြီး နိုင်ငံတော် ဆူပူလှုံဆော်မှုပုဒ်မများဖြင့် တရားစွဲဆိုထားသည်။ ဖမ်းဆီးခံထားရသူများမှ တချို့ကိုလည်း ဥပဒေမဲ့ နှိပ်စက်ထားကြောင်း မိသားစုဝင်များ ပြောဆိုကြသည်။

Western News-WN