Local News

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲႏွစ္ဦး

ဖားကန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲႏွစ္ဦးပစ္ခတ္ခံရကာ ဒုရဲမူး ေသဆုံး

ဖားကန႔္ – ဩဂုတ္ ၃၊၂၀၂၂။

ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စု ေမွာ္ရွန္ေက်း႐ြာတြင္ ယေန႔နံနက္ ၈နာရီခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲႏွစ္ဦး ပစ္ခတ္ခံရၿပီး ဒုရဲမႉးဟုဆိုသူ တစ္ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။

ေမွာ္ရွန္ေက်း႐ြာရွိ သံလြင္ကုန္မာဆိုင္တြင္ ပစၥည္းလာဝယ္ေနေသာ ဆိုင္းေတာင္ရဲစခန္းမွ ရဲႏွစ္ဦးကို အမည္မသိ လူေလးဦးက ပစ္ခတ္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ ေဒသခံတစ္ဦးက The 74 Media ကိုေျပာသည္။

“သူတို႔(ရဲႏွစ္ဦး) သံလြင္ ကုန္မာဆိုင္မွာ ပစၥည္းလာဝယ္တာ။ ျဖတ္သြားတဲ့ ပါက်ဲ႐ိုးက ပစ္သြားတာ။ သံလြင္မွာ ေဈးဝယ္ရင္းသူ႔တို႔ရဲ႕ ဖိုးဝီးကား ႏွစ္ခန္းတြဲမွာပစၥည္း မေနတဲ့ခ်ိန္ပစ္သြားတာ။ တစ္ေယာက္ကေတာ့ ပစ္တာနဲ႔ထိၿပီး လွဲသြားတယ္။ ၿပီးေတာ့ထပ္ပစ္တယ္။ တစ္ေယာက္က နည္းနည္းပဲ ထိတာ”ဟုေျပာသည္။

သံလြင္ကုန္မာဆိုင္အနီးတြင္ ေသနတ္ပစ္ခတ္သံ ၈ ခ်က္ခန႔္ ၾကားရၿပီးေနာက္ ရဲတစ္ဦးေသဆုံးသြားကာ တစ္ဦးလြတ္ေျမာက္သြားေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ ေဒသခံတစ္ဦးက The 74 Media ကိုေျပာသည္။

“ကားထဲက လူေတြ အနက္ေရာင္ ေဘာင္းဘီရွည္ေတြဝတ္ထားၾကတာ။ ကားေနာက္ခန္းက လူက တံခါးကိုကန္ၿပီး ပစ္သြားတာ။ တစ္ေယာက္က အဲ့ေနရာမွာတင္ ေသတယ္။ ေနာက္တစ္ေယာက္က ထြက္ေျပးသြားတယ္” ဟုေျပာသည္။

ေသဆုံးသြားေသာသူမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ခန႔္ ေအာင္ကိုလတ္ျဖစ္ၿပီး ဒုရဲမူးျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာဆိုေနၾကသည္။
လက္ရွိအခ်ိန္တြင္ ႐ုပ္အေလာင္းကို ဖားကန႔္ေဆး႐ုံႀကီးသို႔ပို႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္။

ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းအုပ္စု ေမွာ္စီစာေက်း႐ြာရွိ စစ္ေကာင္စီလက္ေအာက္ခံ ရဲကင္း ဇူလိုင္ ၃၁ရက္ေန႔က မိုင္းႏွစ္လုံးျဖင့္ပစ္ခတ္ခံခဲ့ရေၾကာင္းသိရသည္။

ပုံ – ဖားကန႔္ေဒသ ေက်ာက္စိမ္းလုပ္ကြက္တစ္ခုတြင္ ေတြ႕ရေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲတစ္ဦး။ (ပုံေဟာင္းျဖစ္သည္)

ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှစ်ဦးပစ်ခတ်ခံရကာ ဒုရဲမူး သေဆုံး

ဖားကန့် – ဩဂုတ် ၃၊၂၀၂၂။

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာတွင် ယနေ့နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှစ်ဦး ပစ်ခတ်ခံရပြီး ဒုရဲမှူးဟုဆိုသူ တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

မှော်ရှန်ကျေးရွာရှိ သံလွင်ကုန်မာဆိုင်တွင် ပစ္စည်းလာဝယ်နေသော ဆိုင်းတောင်ရဲစခန်းမှ ရဲနှစ်ဦးကို အမည်မသိ လူလေးဦးက ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(ရဲနှစ်ဦး) သံလွင် ကုန်မာဆိုင်မှာ ပစ္စည်းလာဝယ်တာ။ ဖြတ်သွားတဲ့ ပါကျဲရိုးက ပစ်သွားတာ။ သံလွင်မှာ ဈေးဝယ်ရင်းသူ့တို့ရဲ့ ဖိုးဝီးကား နှစ်ခန်းတွဲမှာပစ္စည်း မနေတဲ့ချိန်ပစ်သွားတာ။ တစ်ယောက်ကတော့ ပစ်တာနဲ့ထိပြီး လှဲသွားတယ်။ ပြီးတော့ထပ်ပစ်တယ်။ တစ်ယောက်က နည်းနည်းပဲ ထိတာ”ဟုပြောသည်။

သံလွင်ကုန်မာဆိုင်အနီးတွင် သေနတ်ပစ်ခတ်သံ ၈ ချက်ခန့် ကြားရပြီးနောက် ရဲတစ်ဦးသေဆုံးသွားကာ တစ်ဦးလွတ်မြောက်သွားကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကားထဲက လူတွေ အနက်ရောင် ဘောင်းဘီရှည်တွေဝတ်ထားကြတာ။ ကားနောက်ခန်းက လူက တံခါးကိုကန်ပြီး ပစ်သွားတာ။ တစ်ယောက်က အဲ့နေရာမှာတင် သေတယ်။ နောက်တစ်ယောက်က ထွက်ပြေးသွားတယ်” ဟုပြောသည်။

သေဆုံးသွားသောသူမှာ အသက် ၃၆ နှစ်အရွယ်ခန့် အောင်ကိုလတ်ဖြစ်ပြီး ဒုရဲမူးဖြစ်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။
လက်ရှိအချိန်တွင် ရုပ်အလောင်းကို ဖားကန့်ဆေးရုံကြီးသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်း ဇူလိုင် ၃၁ရက်နေ့က မိုင်းနှစ်လုံးဖြင့်ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

ပုံ – ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦး။ (ပုံဟောင်းဖြစ်သည်)