Local News

လ၀က႐ုံး ပစ္ခတ္ခံရမႈတြင္ လ၀ကမႉး သန္းထိုက္၊ ဒုလ၀ကမႉး ေအာင္ကိုထက္တို႔ ပြဲခ်င္းၿပီး

ေရးၿမိဳ႕နယ္ လ၀က႐ုံး ပစ္ခတ္ခံရမႈတြင္ လ၀ကမႉး သန္းထိုက္၊ ဒုလ၀ကမႉး ေအာင္ကိုထက္တို႔ ပြဲခ်င္းၿပီး ေသဆုံးၿပီး လ၀ကမႉး ျမင့္လြင္ႏွင့္ေအာင္သူၿဖိဳးတို႔အပါအဝင္ ၃ ဦး အျပင္းအထန္ဒဏ္ရာရကာ ေသဆုံးရန္ မ်ားျပား

ရန္ကုန္၊ ဩဂုတ္ ၃

မြန္ျပည္နယ္၊ ေရးၿမိဳ၊ ရန္မ်ိဳးေအာင္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရွိ ၿမိဳ႕နယ္လ၀က႐ုံးအတြင္းသို႔ ေရးဘီလူးအဖြဲ႕က ယေန႔ မြန္းတည့္ ၁၂ နာရီေက်ာ္အခ်ိန္တြင္ ဝင္ေရာက္ ပစ္ခတ္ရာ လ၀ကမႉး သန္းထိုက္၊

ဒုလ၀ကမႉး ေအာင္ကိုထက္တို႔ ပြဲခ်င္းၿပီး ေသဆုံးၿပီး လ၀ကမႉး ျမင့္လြင္၊ ေအာင္သူၿဖိဳး အပါအဝင္ ၃ ဦး ထိမွန္သြားေၾကာင္း သိရွိရသည္။

“၂ ဦး ပြဲခ်င္းၿပီးတယ္။ ၃ ဦးကေတ့ ေဆး႐ုံပို႔ထားတယ္။ ေမာ္လၿမိဳင္ေဆး႐ုံပို႔ထားတယ္။ ဒါေပမယ့္ ေသဖို႔မ်ားပါတယ္။ ရင္ဘတ္နဲ႔ ေက်ာေတြကို ထိတာဆိုေတာ့ အဆုတ္ ေပါက္ထြက္တာေတြရွိတယ္။ ဒဏ္ရာက အျပင္းအထန္ပါပဲ။ ၃ ဦးလုံးက ” ဟု ေရးၿမိဳ႕နယ္မွ သတင္းရင္းျမစ္က ေျပာသည္။

ေရးၿမိဳ႕နယ္ လ၀က႐ုံးကို ယေန႔ မြန္းလြဲပိုင္းတြင္ ေရးဘီလူးအဖြဲ႕က ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး အဆိုပါ႐ုံးမွ ဝန္ထမ္း ၅ ဦးေသဆုံးေၾကာင္း ေရးဘီလူးအဖြဲ႕ေခါင္း ေဆာင္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဩဂုတ္လ ၃ ရက္ေန႔ မြန္းလြဲပိုင္းတြင္ ေရးၿမိဳ႕နယ္ လ၀က႐ုံးကို ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ပစ္ခတ္မႈေၾကာင့္ လ၀က႐ုံးမွ အေကာင္ႀကီးႀကီး အပါအဝင္ ၅ ဦးေသဆုံးေၾကာင္း ေရးဘီလူးအဖြဲ႕ေခါင္းေဆာင္ကဆိုသည္။

ေရးၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီလက္ေအာက္တြင္ အလုပ္လုပ္ေနၾကေသာ Non CDM ဝန္ထမ္းမ်ားအေနျဖင့္ ရာထူးတာဝန္မ်ားမွ ႏုတ္ထြက္ၾကရန္ ေရးဘီးလူးအဖြဲ႕က တရားဝင္ သတိေပးထားၿပီးျဖစ္သည္။

ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ လ၀က အရာရွိႏွင့္ဝန္ထမ္းမ်ား။

ရေးမြို့နယ် လဝကရုံး ပစ်ခတ်ခံရမှုတွင် လဝကမှူး သန်းထိုက်၊ ဒုလဝကမှူး အောင်ကိုထက်တို့ ပွဲချင်းပြီး သေဆုံးပြီး လဝကမှူး မြင့်လွင်နှင့်အောင်သူဖြိုးတို့အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရကာ သေဆုံးရန် များပြား

ရန်ကုန်၊ ဩဂုတ် ၃

မွန်ပြည်နယ်၊ ရေးမြို၊ ရန်မျိုးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်လဝကရုံးအတွင်းသို့ ရေးဘီလူးအဖွဲ့က ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဝင်ရောက် ပစ်ခတ်ရာ လဝကမှူး သန်းထိုက်၊

ဒုလဝကမှူး အောင်ကိုထက်တို့ ပွဲချင်းပြီး သေဆုံးပြီး လဝကမှူး မြင့်လွင်၊ အောင်သူဖြိုး အပါအဝင် ၃ ဦး ထိမှန်သွားကြောင်း သိရှိရသည်။

“၂ ဦး ပွဲချင်းပြီးတယ်။ ၃ ဦးကတေ့ ဆေးရုံပို့ထားတယ်။ မော်လမြိုင်ဆေးရုံပို့ထားတယ်။ ဒါပေမယ့် သေဖို့များပါတယ်။ ရင်ဘတ်နဲ့ ကျောတွေကို ထိတာဆိုတော့ အဆုတ် ပေါက်ထွက်တာတွေရှိတယ်။ ဒဏ်ရာက အပြင်းအထန်ပါပဲ။ ၃ ဦးလုံးက ” ဟု ရေးမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။

ရေးမြို့နယ် လဝကရုံးကို ယနေ့ မွန်းလွဲပိုင်းတွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါရုံးမှ ဝန်ထမ်း ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးမြို့နယ် လဝကရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် လဝကရုံးမှ အကောင်ကြီးကြီး အပါအဝင် ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသော Non CDM ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန်များမှ နုတ်ထွက်ကြရန် ရေးဘီးလူးအဖွဲ့က တရားဝင် သတိပေးထားပြီးဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လဝက အရာရှိနှင့်ဝန်ထမ်းများ။