Local News

နန္စီပလိုစီရဲ႕ ထိုင္ဝမ္ ခရီးစဥ္အေပၚမ်ားစြာစိုးရိမ္ေနၿပီး

နန္စီပလိုစီရဲ႕ ထိုင္ဝမ္ ခရီးစဥ္အေပၚမ်ားစြာစိုးရိမ္ေနၿပီး တ႐ုတ္ကိုအျပည့္အဝေထာက္ခံတယ္လို႔ စစ္ေကာင္စီထုတ္ျပန္

ဧရာဝတီတိုင္းမ္

ၾသဂုတ္လ ၃ ရက္

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠဌ နန္စီပလိုစီ ထိုင္ဝမ္ကိုလာေရာက္တဲ့အေပၚ မ်ားစြာစိုးရိမ္ပူပန္တယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံႏိုင္ငံျခားေရးဌာနက ဒီကေန႔မွာထုတ္ျပန္ပါတယ္။

နန္စီပလိုစီ ခရီးစဥ္ဟာ ေဒသတြင္း မတည္ၿငိမ္မႈမ်ားျဖစ္ေစရန္ ရည္႐ြယ္ခ်က္နဲ႔ ေဆာင္႐ြက္တဲ့ လုပ္ရပ္မ်ားျဖစ္ၿပီး အျခားႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ရန္ ရည္႐ြယ္တဲ့ အားထုတ္မႈလို႔လည္း စြပ္စြဲထားပါတယ္။

ထိုင္ဝမ္ေရလက္ၾကားတစ္ေလွ်ာက္ တည္ၿငိမ္ေရးအတြက္ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးပြဲမ်ားႏွင့္ ၿငိမ္း ခ်မ္းစြာ ညႇိႏႈိင္းေဆြးေႏြးျခင္း တို႔မွတစ္ဆင့္ တင္းမာမႈမ်ား ေလ်ာ့နည္းေစေရးေဆာင္႐ြက္ေစလိုတယ္လို႔လည္း စစ္ေကာင္စီကဆိုပါတယ္။

စစ္ေကာင္စီဟာ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို အျပည့္ အဝေထာက္ခံၿပီးေတာ့ ထိုင္ဝမ္ (တ႐ုတ္ -တိုင္ေပ) အား တ႐ုတ္ႏိုင္ငံ၏ ခြဲထြက္မရေသာအစိတ္အပိုင္းတစ္ခုအျဖစ္ မွတ္ယူတယ္လို႔လည္း ဆိုပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္နာယက နန္စီပလိုစီဟာ မေန႔ညပိုင္းက ထိုင္ဝမ္သို႔ေရာက္ရွိလာကာ ထိုင္ဝမ္သမၼတအပါအဝင္တာဝန္ရွိသူေတြနဲ႔ ေတြဆုံေဆြးေႏြးေနတဲ့အေပၚ တ႐ုတ္နဲ႔အေမရိကန္အၾကား တင္းမာမႈတခ်ိဳ႕ျမင့္တက္ေနပါတယ္။

AyeyarwaddyTimes

နန်စီပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်အပေါ်များစွာစိုးရိမ်နေပြီး တရုတ်ကိုအပြည့်အဝထောက်ခံတယ်လို့ စစ်ကောင်စီထုတ်ပြန်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃ ရက်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကိုလာရောက်တဲ့အပေါ် များစွာစိုးရိမ်ပူပန်တယ်လို့ စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဌာနက ဒီကနေ့မှာထုတ်ပြန်ပါတယ်။

နန်စီပလိုစီ ခရီးစဉ်ဟာ ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်များဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်တဲ့ အားထုတ်မှုလို့လည်း စွပ်စွဲထားပါတယ်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲများနှင့် ငြိမ်း ချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်း တို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေးဆောင်ရွက်စေလိုတယ်လို့လည်း စစ်ကောင်စီကဆိုပါတယ်။

စစ်ကောင်စီဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့် အဝထောက်ခံပြီးတော့ ထိုင်ဝမ် (တရုတ် -တိုင်ပေ) အား တရုတ်နိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်နာယက နန်စီပလိုစီဟာ မနေ့ညပိုင်းက ထိုင်ဝမ်သို့ရောက်ရှိလာကာ ထိုင်ဝမ်သမ္မတအပါအဝင်တာဝန်ရှိသူတွေနဲ့ တွေဆုံဆွေးနွေးနေတဲ့အပေါ် တရုတ်နဲ့အမေရိကန်အကြား တင်းမာမှုတချို့မြင့်တက်နေပါတယ်။

AyeyarwaddyTimes