Local News

အက်အဆုံးမ်ားခဲ့သည့္ စစ္ေကာင္စီတပ္မွ ဗ်ဴဟာေျပာင္းကာ ျမဝတီ-ေဝါေလ ကားလမ္းမကို ထပ္မံက်ဴးေက်ာ္လာ

အက်အဆုံးမ်ားခဲ့သည့္ စစ္ေကာင္စီတပ္မွ ဗ်ဴဟာေျပာင္းကာ ျမဝတီ-ေဝါေလ ကားလမ္းမကို ထပ္မံက်ဴးေက်ာ္လာ

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္KNUတပ္မဟာ(၆)ထိန္းခ်ဳပ္နယ္ေျမရွိ ျမဝတီ-ေဝါေလ ကားလမ္းမကို ထိန္းခ်ဳပ္ႏိုင္ရန္ စစ္ေကာင္စီတပ္မွ ဗ်ဴဟာေျပာင္းကာ ထပ္မံက်ဴးေက်ာ္လာေနေၾကာင္းသိရသည္။

ဇူလိုင္လ ၇ရက္ေန႔မွ စတင္ၿပီး ျမဝတီ-ေဝါေလ ကားလမ္းမအနီးရွိ သုံးထပ္ေကြ႕တြင္ စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္ႏွင့္ cobra စစ္ေၾကာင္း(KNLA)တို႔ ယေန႔ ဩဂုတ္လ ၃ရက္ေန႔ထိ တိုက္ပြဲျဖစ္ပြားေနေၾကာင္းသိရသည္။

စစ္ေကာင္စီတပ္မွ ဇူလိုင္လ တတိယပတ္အထိ အထိအခိုက္ အက်အဆုံးမ်ားေနျခင္းေၾကာင့္ ယခုအခါ ဗ်ဴဟာေျပာင္းကာ တပ္ရင္း သုံးရင္းထပ္မံျဖည့္တင္းၿပီး စစ္ေၾကာင္းထိုးလာေၾကာင္း Cobra စစ္ေၾကာင္း ျပန္ၾကားေရးတာဝန္ခံမွ ေျပာသည္။

“အရင္လေတြမွာက သူတို႔ ဖြဲ႕စည္းပုံပ်က္သြားတယ္၊ ဗ်ဴဟာပ်က္သြားတဲ့အထိ အထိအခိုက္အက်အဆုံးမ်ားသြားတယ္၊ အခု သူတို႔က ဗ်ဴဟာတစ္မ်ိဳးေျပာင္းၿပီး တပ္ရင္း သုံးရင္းနဲ႔လာတိုက္တယ္၊

လက္နက္ႀကီးတပ္ဖြဲ႕ေတြ လက္႐ုံးတပ္ဖြဲ႕ေတြ ပါလာတာေပါ့၊ ျမဝတီ-ေဝါေလ ကားလမ္းမေပၚမွာရွိတဲ့ သုံးထပ္ေကြ႕နဲ႔ ဆက္စပ္တဲ့ေနရာေတြကို သူတို႔က လက္နက္ႀကီးေတြနဲ႔ပစ္တယ္”ဟု Cobra စစ္ေၾကာင္းျပန္ၾကားေရးတာဝန္ခံ ကိုမ်ိဳးသူရကိုကိုမွေျပာသည္။

ဩဂုတ္လ၂ရက္ေန႔ ညေန ၄နာရီဝန္းက်င္တြင္ ေမွာ္ဘီေလတပ္မွ Yak 130ေလယာဥ္ျဖင့္ တစ္ႀကိမ္ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

“သူတို႔က လက္နက္ႀကီးပစ္ကူ၊ ေလေၾကာင္းပစ္ကူနဲ႔ က်ဴးေက်ာ္ဖို႔ႀကိဳးစားေနေပမယ့္ Cobra ရဲေဘာ္ေတြအေနနဲ႔ ႐ြံ႕႐ြံ႕ခြၽံခြၽံတိုက္ပြဲခုခံကာကြယ္ႏိုင္ခဲ့ပါတယ္၊

အၾကမ္းဖက္စစ္ေကာင္စီဘက္က အက်အဆုံးမ်ားစြာနဲ႔ ဆုတ္ခြာေနရပါတယ္ တိုက္ပြဲဆက္လက္ျဖစ္ပြားေနတဲ့အတြက္ သူတို႔ရဲ႕ ေသဆုံးထိခိုက္ဒဏ္ရာရ အေျခေနကိုေတာ့ က်ေနာ္တို႔အေနနဲ႔ တိတိက်က်ေျပာဖို႔ခက္မယ္”ဟု ၎မွ ဆက္လက္ေျပာသည္။

ဇူလိုင္လ ၁၁ရက္ေန႔တြင္ တပ္မ(၄၄)လက္ေအာက္ခံ တပ္ရင္း(၁၀၂)မွ တပ္သား ငါးဦးမွာ Cobra စစ္ေၾကာင္းထံ လာေရာက္ခိုလႈံခဲ့ၿပီး Cobra စစ္ေၾကာင္းမွ ေကာင္းမြန္စြာလက္ခံထားေၾကာင္း သိရသည္။

တည္းျဖတ္ ။ ။ သန္႔ေဇာ္(သန္လ်င္)

mizzima

အကျအဆုံးများခဲ့သည့် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ မြဝတီ-ဝေါလေ ကားလမ်းမကို ထပ်မံကျူးကျော်လာ

ကရင်ပြည်နယ် မြဝတီခရိုင်KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေရှိ မြဝတီ-ဝေါလေ ကားလမ်းမကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ ထပ်မံကျူးကျော်လာနေကြောင်းသိရသည်။

ဇူလိုင်လ ၇ရက်နေ့မှ စတင်ပြီး မြဝတီ-ဝေါလေ ကားလမ်းမအနီးရှိ သုံးထပ်ကွေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် cobra စစ်ကြောင်း(KNLA)တို့ ယနေ့ ဩဂုတ်လ ၃ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ ဇူလိုင်လ တတိယပတ်အထိ အထိအခိုက် အကျအဆုံးများနေခြင်းကြောင့် ယခုအခါ ဗျူဟာပြောင်းကာ တပ်ရင်း သုံးရင်းထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးလာကြောင်း Cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“အရင်လတွေမှာက သူတို့ ဖွဲ့စည်းပုံပျက်သွားတယ်၊ ဗျူဟာပျက်သွားတဲ့အထိ အထိအခိုက်အကျအဆုံးများသွားတယ်၊ အခု သူတို့က ဗျူဟာတစ်မျိုးပြောင်းပြီး တပ်ရင်း သုံးရင်းနဲ့လာတိုက်တယ်၊

လက်နက်ကြီးတပ်ဖွဲ့တွေ လက်ရုံးတပ်ဖွဲ့တွေ ပါလာတာပေါ့၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်မှာရှိတဲ့ သုံးထပ်ကွေ့နဲ့ ဆက်စပ်တဲ့နေရာတွေကို သူတို့က လက်နက်ကြီးတွေနဲ့ပစ်တယ်”ဟု Cobra စစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုမှပြောသည်။

ဩဂုတ်လ၂ရက်နေ့ ညနေ ၄နာရီဝန်းကျင်တွင် မှော်ဘီလေတပ်မှ Yak 130လေယာဉ်ဖြင့် တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ ကျူးကျော်ဖို့ကြိုးစားနေပေမယ့် Cobra ရဲဘော်တွေအနေနဲ့ ရွံ့ရွံ့ချွံချွံတိုက်ပွဲခုခံကာကွယ်နိုင်ခဲ့ပါတယ်၊

အကြမ်းဖက်စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွာနေရပါတယ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အတွက် သူတို့ရဲ့ သေဆုံးထိခိုက်ဒဏ်ရာရ အခြေနေကိုတော့ ကျနော်တို့အနေနဲ့ တိတိကျကျပြောဖို့ခက်မယ်”ဟု ၎င်းမှ ဆက်လက်ပြောသည်။

ဇူလိုင်လ ၁၁ရက်နေ့တွင် တပ်မ(၄၄)လက်အောက်ခံ တပ်ရင်း(၁၀၂)မှ တပ်သား ငါးဦးမှာ Cobra စစ်ကြောင်းထံ လာရောက်ခိုလှုံခဲ့ပြီး Cobra စစ်ကြောင်းမှ ကောင်းမွန်စွာလက်ခံထားကြောင်း သိရသည်။

တည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

mizzima