Local News

ေအေအက ‌အေကာင္ႀကီးမွ ေ႐ြးစားတာေနာ္

ေအေအက ‌အေကာင္ႀကီးမွ ေ႐ြးစားတာေနာ္

ဒုတိယဗိုလ္မႉးႀကီး ခိုင္ေပၚလင္း ကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးသြားေၾကာင္း ALPထုတ္ျပန္

ဧရာဝတီတိုင္းမ္

ၾသဂုတ္လ ၃ ရက္

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ-ALP ရဲ႕ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕ဝင္ ဒုတိယဗိုလ္မႉးႀကီး ခိုင္ေပၚလင္းကို ဩဂုတ္လ ၂ ရက္ ယမန္ေန႔ညေန ၆ နာရီဝန္းက်င္တြင္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ ရကၡိဳင့္တပ္ေတာ္(ULA/AA)ကဖမ္းဆီးသြားေၾကာင္း ALP ကသတင္းထုတ္ျပန္သည္။

AA က ဒုဗိုလ္မႉးႀကီး ခိုင္ေပၚလင္း၏ေနအိမ္တြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး ၄င္းႏွင့္အတူ အဌမတန္းေက်ာင္း သား ေမာင္စိုးမင္းႏိုင္ ကိုလည္းဖမ္းဆီးသြားသည္ဟု ALPက ေဖာ္ျပသည္။

ယင္းကဲ့သို႔ဖမ္းဆီးမႈသည္ ရခိုင္အမ်ိဳးသားစည္းလုံးညီၫြတ္ေရးကို ထိပါးေစၿပီး ရခိုင့္ေတာ္လွန္ေရးအဖြဲ႕ အခ်င္းခ်င္းၾကားတြင္ လုံးဝမျဖစ္သင့္ေၾကာင္း ALP ကဆိုသည္။

ULA/AA မွ ယခင္ကလည္း ALP ေခါင္းေဆာင္တခ်ိဳ႕ႏွင့္ပါတီဝင္ရဲေဘာ္မ်ားကို ဖမ္းဆီးမႈမ်ားရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိျပန္လႊတ္ေပးျခင္းမရွိေၾကာင္းသိရၿပီး ဒုတိယဗိုလ္မႉးႀကီး ခိုင္ေပၚလင္းႏွင့္ ေမာင္စိုးမင္းႏိုင္အပါအဝင္ ယခင္ဖမ္းဆီးထားေသာပါတီဝင္ရဲေဘာ္မ်ားကို ျပန္လႊတ္ ေပးရန္ အေလးအနက္ထားေတာင္းဆိုသည္ဟု ေဖာ္ျပသည္။

ALP ပါတီသည္ NCA လက္မွတ္ေရးထိုးထားသည့္ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕တခုျဖစ္ၿပီး အာဏာသိမ္းစစ္ေခါင္း ေဆာင္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့သည့္ ၁၀ ဖြဲ႕တြင္ ၁ဖြဲ႕အပါအဝင္ျဖစ္သည္။

ဓာတ္ပုံ – စစ္အာဏာသိမ္းေခါင္းေဆာင္မ်ားႏွင့္ ALP ပါတီမွ ဒု-ဗိုလ္မႉးႀကီး ခိုင္ေပၚလင္းအပါ ေခါင္း ေဆာင္မ်ား ေနျပည္ေတာ္တြင္ေတြ႕ဆုံစဥ္။

Ayeyarwaddy_Times

အေအေက ‌အကောင်ကြီးမှ ရွေးစားတာနော်

ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားကြောင်း ALPထုတ်ပြန်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃ ရက်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဩဂုတ်လ ၂ ရက် ယမန်နေ့ညနေ ၆ နာရီဝန်းကျင်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)ကဖမ်းဆီးသွားကြောင်း ALP ကသတင်းထုတ်ပြန်သည်။

AA က ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း၏နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းနှင့်အတူ အဌမတန်းကျောင်း သား မောင်စိုးမင်းနိုင် ကိုလည်းဖမ်းဆီးသွားသည်ဟု ALPက ဖော်ပြသည်။

ယင်းကဲ့သို့ဖမ်းဆီးမှုသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်ကြောင်း ALP ကဆိုသည်။

ULA/AA မှ ယခင်ကလည်း ALP ခေါင်းဆောင်တချို့နှင့်ပါတီဝင်ရဲဘော်များကို ဖမ်းဆီးမှုများရှိခဲ့ပြီး လက်ရှိအချိန်ထိပြန်လွှတ်ပေးခြင်းမရှိကြောင်းသိရပြီး ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် မောင်စိုးမင်းနိုင်အပါအဝင် ယခင်ဖမ်းဆီးထားသောပါတီဝင်ရဲဘော်များကို ပြန်လွှတ် ပေးရန် အလေးအနက်ထားတောင်းဆိုသည်ဟု ဖော်ပြသည်။

ALP ပါတီသည် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်း ဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၁၀ ဖွဲ့တွင် ၁ဖွဲ့အပါအဝင်ဖြစ်သည်။

ဓာတ်ပုံ – စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ALP ပါတီမှ ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအပါ ခေါင်း ဆောင်များ နေပြည်တော်တွင်တွေ့ဆုံစဉ်။

Ayeyarwaddy_Times