ၿမိဳ႕ျပစစ္ဆင္ေရးမ်ားျပဳလုပ္ခ်ိန္ ရဲေဘာ္ႏွစ္ဦး ဖမ္းဆီးခံရ၊ တစ္ဦး ေသဆုံး
ေအာင္ေဇယ်/People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ ၿမိဳ႕ျပစစ္ဆင္ေရးမ်ားျပဳလုပ္ခဲ့ၿပီး ရဲေဘာ္ႏွစ္ဦး ဖမ္းဆီးခံရကာ တစ္ဦးေသဆုံးေၾကာင္း ဒႆ Monywa PDF ေျပာက္က်ား တပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။
မုံ႐ြာအေျခစိုက္ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ (၁၄)ဖြဲ႕က ယေန႔(ၾသဂုတ္ ၃ရက္)တြင္ နံနက္ ၉နာရီမွ ညေန ၄နာရီအထိ စစ္ဆင္ေရးမ်ားျပဳလုပ္မည္ျဖစ္၍ ျပည္သူမ်ား အျပင္မထြက္ရန္ သတိေပးခဲ့သည္။
ယေန႔(ၾသဂုတ္ ၃ရက္) နံနက္ ၉နာရီ ၁၅ မိနစ္မွ ၉နာရီ ၂၃မိနစ္အထိ မုံ႐ြာၿမိဳ႕ေပၚႏွင့္ အျမင့္လမ္း ေၾကာတစ္ေလွ်ာက္ မုံ႐ြာၿမိဳ႕ရွိ ဗိုလ္ေတဇလမ္း မန္က်ည္းအုပ္အနီး၊ ေအးရိပ္သာလမ္း အ.ထ.က(၆) ေရွ႕ စသည့္ေနရာ သုံးေနရာတြင္ ေသနတ္တစ္ခ်က္စီ ပစ္ေဖာက္ခဲ့ေၾကာင္း၊
မြန္းလြဲ ၁နာရီ ၄၅မိနစ္ ခန္႔တြင္ ေညာင္ပင္ေဇာက္၌ ဗုံးႏွစ္လုံး၊ ညေန ၃နာရီ ၁၅မိနစ္က ဘိုးဘြားရိပ္သာ အဝိုင္းပတ္၊ စက္မႈဇုန္၊ ေညာင္ပင္ေဇာက္ စသည့္ေနရာမ်ား၌ ဗုံးတစ္လုံးစီ ေဖာက္ခြဲခဲ့ေၾကာင္း ဒႆ Monywa Pdf ေျပာက္က်ားတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
ရဲေဘာ္ ႏွစ္ဦးဖမ္းဆီးခံရၿပီး တစ္ဦးေသဆုံးေၾကာင္း လက္တေလာသိရသည္ဟု ဒႆ Monywa PDF ေျပာက္က်ားတပ္ဖြဲ႕က ဆိုသည္။
ရဲေဘာ္ႏွစ္ေယာက္ဖမ္းဆီးခံရျခင္းႏွင့္ပတ္သက္၍ အေသးစိတ္ထုတ္ျပန္ အသိေပးထားျခင္းမရွိပါ။ ဒႆ Monywa PDF ေျပာက္က်ားတပ္ဖြဲ႕ထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။
ၿမိဳ႕ျပစစ္ဆင္ေရးမ်ားအားလည္းေကာင္း၊ ရဲေဘာ္ႏွစ္ဦး ဖမ္းဆီးခံရျခင္း အားလည္းေကာင္း ထပ္မံအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
အျပင္မထြက္ရန္ ထုတ္ျပန္ခ်က္အား ျပည္သူမ်ားအား ထိတ္လန္႔ေစလို၍ ထုတ္ျပန္ျခင္းမဟုတ္ဘဲ UG တပ္ေပါင္းစုအေနျဖင့္ ၿမိဳ႕ျပကိုမစြန္႔ခြာဘဲ ျပည္သူႏွင့္တသားတည္းရွိေနသည္ကို သိရွိေစရန္ ရည္႐ြယ္ထုတ္ျပန္ ရျခင္းျဖစ္ေၾကာင္း၊
ေနာက္ေနာင္ ယခုကဲ့သို႔ အေရးေပၚထုတ္ျပန္ ေၾကညာလွ်င္ လည္း လိုက္နာေပးၾကရန္ ဒႆ Monywa PDF ေျပာက္က်ားတပ္ဖြဲ႕က ေမတၱာရပ္ခံထားသည္။
မြို့ပြစစ်ဆင်ရေးများပြုလုပ်ချိန် ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၊ တစ်ဦး သေဆုံး
အောင်ဇေယျ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့ပြစစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး ရဲဘော်နှစ်ဦး ဖမ်းဆီးခံရကာ တစ်ဦးသေဆုံးကြောင်း ဒဿ Monywa PDF ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။
ယနေ့(သြဂုတ် ၃ရက်) နံနက် ၉နာရီ ၁၅ မိနစ်မှ ၉နာရီ ၂၃မိနစ်အထိ မုံရွာမြို့ပေါ်နှင့် အမြင့်လမ်း ကြောတစ်လျှောက် မုံရွာမြို့ရှိ ဗိုလ်တေဇလမ်း မန်ကျည်းအုပ်အနီး၊ အေးရိပ်သာလမ်း အ.ထ.က(၆) ရှေ့ စသည့်နေရာ သုံးနေရာတွင် သေနတ်တစ်ချက်စီ ပစ်ဖောက်ခဲ့ကြောင်း၊
မွန်းလွဲ ၁နာရီ ၄၅မိနစ် ခန့်တွင် ညောင်ပင်ဇောက်၌ ဗုံးနှစ်လုံး၊ ညနေ ၃နာရီ ၁၅မိနစ်က ဘိုးဘွားရိပ်သာ အဝိုင်းပတ်၊ စက်မှုဇုန်၊ ညောင်ပင်ဇောက် စသည့်နေရာများ၌ ဗုံးတစ်လုံးစီ ဖောက်ခွဲခဲ့ကြောင်း ဒဿ Monywa Pdf ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရဲဘော် နှစ်ဦးဖမ်းဆီးခံရပြီး တစ်ဦးသေဆုံးကြောင်း လက်တလောသိရသည်ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
ရဲဘော်နှစ်ယောက်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန် အသိပေးထားခြင်းမရှိပါ။ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မြို့ပြစစ်ဆင်ရေးများအားလည်းကောင်း၊ ရဲဘော်နှစ်ဦး ဖမ်းဆီးခံရခြင်း အားလည်းကောင်း ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အပြင်မထွက်ရန် ထုတ်ပြန်ချက်အား ပြည်သူများအား ထိတ်လန့်စေလို၍ ထုတ်ပြန်ခြင်းမဟုတ်ဘဲ UG တပ်ပေါင်းစုအနေဖြင့် မြို့ပြကိုမစွန့်ခွာဘဲ ပြည်သူနှင့်တသားတည်းရှိနေသည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန် ရခြင်းဖြစ်ကြောင်း၊
နောက်နောင် ယခုကဲ့သို့ အရေးပေါ်ထုတ်ပြန် ကြေညာလျှင် လည်း လိုက်နာပေးကြရန် ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။