ေဒၚသက္သက္ခိုင္ ေဒါက္တာဘြဲ႕ ယူခဲ့သည့္ WALDEN တကၠသိုလ္မွာ ေငြေၾကးလိမ္လည္ယူေသာ အြန္လိုင္းတကၠသိုလ္အျဖစ္ တရားစြဲခံထားရ
ဩဂုတ္လ ၄ ရက္ေန႔။
မင္းေအာင္လႈိင္က တရားမဝင္ အာဏာသိမ္းၿပီး ဝန္ႀကီးအျဖစ္ ခန႔္အပ္ထားေသာ သက္သက္ခိုင္ ေဒါက္တာဘြဲ႕ ရယူခဲ့ေသာ WALDEN တကၠသိုလ္မွာ ေငြေၾကးလိမ္လည္ယူေသာ အြန္လိုင္းတကၠသိုလ္အျဖစ္ အေမရိကန္တြင္ ယခုႏွစ္ ဧၿပီလ ၁၁ ရက္ေန႔တြင္ တရားစြဲခံထားရၿပီျဖစ္သည္။
တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီ၏ လူမႈဖူလုံေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ခန႔္အပ္ခံထားရသူ သက္သက္ခိုင္ ေဒါက္တာဘြဲ႕ (Ph.D) ဘြဲ႕ရရွိခဲ့ေသာ အေမရိကန္ WALDEN တကၠသိုလ္မွာ ေဒါက္တာဘြဲ႕ရယူလိုသူ ေက်ာင္းသားေက်ာင္းသူမ်ားထံမွ
ေမွ်ာ္လင့္ခ်က္ အမွားမ်ား ေပးၿပီး ေငြလွည့္ဖ်ားလိမ္ညာကာ အျမတ္အစြန္းရရွိေရး လုပ္ေဆာင္ခဲ့သည္ဆိုေသာ စြပ္စြဲမႈျဖင့္ ၊ဝါရွင္တန္စီအေျခစိုက္ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားကာကြယ္ေရး ကြန္ရက္ (National Student Defense Network ) က ဧၿပီလ ၁၁ ရက္ေန႔တြင္ တရားစြဲဆိုခဲ့ေၾကာင္း သိရွိရပါသည္။
အေမရိကန္ျပည္ေထာင္စု ၊ မယ္ရီလန္းျပည္နယ္အတြင္းရွိ တရား႐ုံးတြင္ WALDEN တကၠသိုလ္ကို တရားစြဲဆိုလိုက္ျခင္းျဖစ္ၿပီး လူမည္း အမ်ိဳးသမီး ေက်ာင္းသူမ်ားႏွင့္၊
လူနည္းစုမ်ားကို လိမ္လည္လွည့္ဖ်ားၿပီး ပညာသင္ၾကားမႈ မၿပီးဆုံး ဘြဲ႕မရရွိဘဲ အေႂကြးႏြံ႕တြင္ နစ္ေစမႈျဖင့္ (တစ္နည္းအားျဖင့္ လိမ္လည္မႈ) တရားစြဲဆိုထားျခင္းျဖစ္သည္။
WALDEN တကၠသိုလ္က ၎တကၠသိုလ္တြင္ပညာသင္ယူၾကသည့္ ေက်ာင္းသားေက်ာင္းသူမ်ားအေန ျဖင့္ ၁၈ လအတြင္း ေဒါက္တာဘြဲ႕ရရွိမည္ဟု ဆြဲေဆာင္ေၾကာ္ျငာထားေသာ္လည္း လက္ေတြ႕တြင္မူ မလိုအပ္ေသာ အဆင့္မ်ား ၊
စစ္ေဆးမႈမ်ား ဖန္တီးကာ ေငြေၾကးမ်ား ေတာင္းခံေၾကာင္း၊ ၁၈ လအတြင္း ေဒါက္တာဘြဲ႕မရရွိဘဲ ေက်ာင္းတက္ကာလကို ႏွစ္ေပါင္းမ်ားစြာ ၾကာသည္အထိ ေက်ာင္းစရိတ္ အေႂကြးႏြံ႕နစ္ေစမႈမ်ား ရွိေနေၾကာင္း သိရွိရသည္။
WALDEN တကၠသိုလ္တြင္ ေက်ာင္းသားေက်ာင္းသူ ၄၉၀၀၀ ရွိၿပီး လူမည္းအမ်ိဳးသမီး ၁၅၇၄၃ ဦး ပညာသင္ၾကားလ်က္ရွိသည္ဟု သိရွိရသည္။
ဝါရွင္တန္စီအေျခစိုက္ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားကာကြယ္ေရး ကြန္ရက္ (National Student Defense Network ) က WALDEN တကၠသိုလ္သည္၊
ေက်ာင္းသားေက်ာင္းသူမ်ားထံမွ အေမရိကန္ေဒၚလာ ၂၈ သန္းေက်ာ္ ေက်ာင္းစရိတ္မ်ား လိမ္လည္လွည့္ျဖားေတာင္းယူ အျမတ္ထုတ္သည္ဟု စြပ္စြဲေျပာဆိုထားသည္။
WALDEN တကၠသိုလ္ စာသင္ႏွစ္မ်ားတြင္ မလိုအပ္ေသာ သင္ခန္းစာအစီအစဥ္မ်ားထည့္သြင္းၿပီး မူလ ေၾကာ္ျငာထားသကဲ့သို႔မဟုတ္ဘဲ ေက်ာင္းသားမ်ားကို အတင္းအက်ပ္ အခ်ိန္ၾကာၾကာ ေငြေၾကးေပး ေက်ာင္းတက္ခိုင္းမႈမ်ား၊ အရည္အခ်င္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ျခင္းျဖစ္သည္ဟု သိရွိရသည္။
“WALDEN တကၠသိုလ္က သူတို႔ရဲ႕ကိုယ္ပိုင္အျမတ္အတြက္ ငါ့ကို ရည္႐ြယ္ခ်က္ရွိရွိ လွည့္စားေနသလို ခံစားရပါတယ္။
သူတို႔မွာ တာဝန္ခံမႈ တာဝန္ယူမႈရွိေစခ်င္တယ္။ ” ဟု တရားစြဲဆိုသူေက်ာင္းသူတစ္ဦးက ေျပာသည္။
ဝန္ႀကီးအမည္ခံ သက္သက္ခိုင္အေနျဖင့္လည္း WALDEN တကၠသိုလ္မွ ေဒါက္တာဘြဲ႕ရရန္ သုေတ သနအဆိုျပဳလႊာအတြက္ ၁၆ ႀကိမ္မွ် ျပင္ဆင္ခဲ့ရေၾကာင္း ၊
အလြန္ခက္ခဲစြာ ရေတာင့္ရခဲ ပညာသင္ၾကားခဲ့ရသည္ဟု သက္သက္ခိုင္၏ ခင္ပြန္းျဖစ္သူ ေအာင္ေက်ာ္ဝင္းက လူမႈကြန္ရက္တြင္ ေရးသားထားသည္။
WALDEN တကၠသိုလ္သည္ ေက်ာင္းသားမ်ားကို မလိုအပ္ဘဲ အဆင့္မ်ားစြာ၊ အခ်ိန္မ်ားစြာ ၾကာေအာင္ ဖန္တီးထားၿပီး ေငြေၾကးအျမတ္ထုတ္ေသာ နည္းလမ္း က်င့္သုံးေၾကာင္း New York Times သတင္းစာႀကီးက ယခုႏွစ္ ဧၿပီလတြင္ ထုတ္ေဖာ္ေရးသားခဲ့သည္။
WALDEN တကၠသိုလ္၏ ဝက္ဆိုဒ္သည္ https://www.waldenu.edu ျဖစ္ၿပီး Education for good ဟု ေဆာင္ပုဒ္ျဖင့္ရပ္တည္ေနေသာ တကၠသိုလ္တစ္ခုျဖစ္ေသာ္လည္း အြန္လိုင္းမွသာ စာသင္ေပး၍ အက်ိဳးအျမတ္အတြက္ တည္ေထာင္ထားသည့္ တကၠသိုလ္တစ္ခုျဖစ္သည္။
ဒေါ်သက်သက်ခိုင် ဒေါက်တာဘွဲ့ ယူခဲ့သည့် WALDEN တက္ကသိုလ်မှာ ငွေကြေးလိမ်လည်ယူသော အွန်လိုင်းတက္ကသိုလ်အဖြစ် တရားစွဲခံထားရ
ဩဂုတ်လ ၄ ရက်နေ့။
မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီး ဝန်ကြီးအဖြစ် ခန့်အပ်ထားသော သက်သက်ခိုင် ဒေါက်တာဘွဲ့ ရယူခဲ့သော WALDEN တက္ကသိုလ်မှာ ငွေကြေးလိမ်လည်ယူသော အွန်လိုင်းတက္ကသိုလ်အဖြစ် အမေရိကန်တွင် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲခံထားရပြီဖြစ်သည်။
တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ခန့်အပ်ခံထားရသူ သက်သက်ခိုင် ဒေါက်တာဘွဲ့ (Ph.D) ဘွဲ့ရရှိခဲ့သော အမေရိကန် WALDEN တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရယူလိုသူ ကျောင်းသားကျောင်းသူများထံမှ
မျှော်လင့်ချက် အမှားများ ပေးပြီး ငွေလှည့်ဖျားလိမ်ညာကာ အမြတ်အစွန်းရရှိရေး လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ၊ဝါရှင်တန်စီအခြေစိုက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကာကွယ်ရေး ကွန်ရက် (National Student Defense Network ) က ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စု ၊ မယ်ရီလန်းပြည်နယ်အတွင်းရှိ တရားရုံးတွင် WALDEN တက္ကသိုလ်ကို တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး လူမည်း အမျိုးသမီး ကျောင်းသူများနှင့်၊
လူနည်းစုများကို လိမ်လည်လှည့်ဖျားပြီး ပညာသင်ကြားမှု မပြီးဆုံး ဘွဲ့မရရှိဘဲ အကြွေးနွံ့တွင် နစ်စေမှုဖြင့် (တစ်နည်းအားဖြင့် လိမ်လည်မှု) တရားစွဲဆိုထားခြင်းဖြစ်သည်။
WALDEN တက္ကသိုလ်က ၎င်းတက္ကသိုလ်တွင်ပညာသင်ယူကြသည့် ကျောင်းသားကျောင်းသူများအနေ ဖြင့် ၁၈ လအတွင်း ဒေါက်တာဘွဲ့ရရှိမည်ဟု ဆွဲဆောင်ကြော်ငြာထားသော်လည်း လက်တွေ့တွင်မူ မလိုအပ်သော အဆင့်များ ၊
စစ်ဆေးမှုများ ဖန်တီးကာ ငွေကြေးများ တောင်းခံကြောင်း၊ ၁၈ လအတွင်း ဒေါက်တာဘွဲ့မရရှိဘဲ ကျောင်းတက်ကာလကို နှစ်ပေါင်းများစွာ ကြာသည်အထိ ကျောင်းစရိတ် အကြွေးနွံ့နစ်စေမှုများ ရှိနေကြောင်း သိရှိရသည်။
WALDEN တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၄၉၀၀၀ ရှိပြီး လူမည်းအမျိုးသမီး ၁၅၇၄၃ ဦး ပညာသင်ကြားလျက်ရှိသည်ဟု သိရှိရသည်။
ဝါရှင်တန်စီအခြေစိုက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကာကွယ်ရေး ကွန်ရက် (National Student Defense Network ) က WALDEN တက္ကသိုလ်သည်၊
ကျောင်းသားကျောင်းသူများထံမှ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကျောင်းစရိတ်များ လိမ်လည်လှည့်ဖြားတောင်းယူ အမြတ်ထုတ်သည်ဟု စွပ်စွဲပြောဆိုထားသည်။
WALDEN တက္ကသိုလ် စာသင်နှစ်များတွင် မလိုအပ်သော သင်ခန်းစာအစီအစဉ်များထည့်သွင်းပြီး မူလ ကြော်ငြာထားသကဲ့သို့မဟုတ်ဘဲ ကျောင်းသားများကို အတင်းအကျပ် အချိန်ကြာကြာ ငွေကြေးပေး ကျောင်းတက်ခိုင်းမှုများ၊ အရည်အချင်း စစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“WALDEN တက္ကသိုလ်က သူတို့ရဲ့ကိုယ်ပိုင်အမြတ်အတွက် ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေသလို ခံစားရပါတယ်။
သူတို့မှာ တာဝန်ခံမှု တာဝန်ယူမှုရှိစေချင်တယ်။ ” ဟု တရားစွဲဆိုသူကျောင်းသူတစ်ဦးက ပြောသည်။
ဝန်ကြီးအမည်ခံ သက်သက်ခိုင်အနေဖြင့်လည်း WALDEN တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရန် သုတေ သနအဆိုပြုလွှာအတွက် ၁၆ ကြိမ်မျှ ပြင်ဆင်ခဲ့ရကြောင်း ၊
အလွန်ခက်ခဲစွာ ရတောင့်ရခဲ ပညာသင်ကြားခဲ့ရသည်ဟု သက်သက်ခိုင်၏ ခင်ပွန်းဖြစ်သူ အောင်ကျော်ဝင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
WALDEN တက္ကသိုလ်သည် ကျောင်းသားများကို မလိုအပ်ဘဲ အဆင့်များစွာ၊ အချိန်များစွာ ကြာအောင် ဖန်တီးထားပြီး ငွေကြေးအမြတ်ထုတ်သော နည်းလမ်း ကျင့်သုံးကြောင်း New York Times သတင်းစာကြီးက ယခုနှစ် ဧပြီလတွင် ထုတ်ဖော်ရေးသားခဲ့သည်။
WALDEN တက္ကသိုလ်၏ ဝက်ဆိုဒ်သည် https://www.waldenu.edu ဖြစ်ပြီး Education for good ဟု ဆောင်ပုဒ်ဖြင့်ရပ်တည်နေသော တက္ကသိုလ်တစ်ခုဖြစ်သော်လည်း အွန်လိုင်းမှသာ စာသင်ပေး၍ အကျိုးအမြတ်အတွက် တည်ထောင်ထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။