Local News

ေသ့ေဘာဘိုးစခန္း ျပန္ရေရးႀကိဳးပမ္းေနသည့္ စစ္တပ္ ျဖတ္တိုက္ခံေနရကာ

ေသ့ေဘာဘိုးစခန္း ျပန္ရေရးႀကိဳးပမ္းေနသည့္ စစ္တပ္ ျဖတ္တိုက္ခံေနရကာ

By ဧရာဝတီ 4 August 2022

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေတာင္ဘက္ ေသ့ေဘာဘိုး စစ္အေျခစိုက္စခန္း ဝန္းက်င္အား ျပန္သိမ္းပိုက္ႏိုင္ေရး ႀကိဳးပမ္းေန သည့္ အာဏာသိမ္းစစ္တပ္ႏွင့္ ေတာ္လွန္ေရးတပ္မ်ားၾကား တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး ႏွစ္ဖက္က်ဆုံးမႈမ်ား လည္း ရွိေနေၾကာင္း သိရသည္။

ျမန္မာ-ထိုင္းနယ္စပ္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) တပ္မဟာ ၆ နယ္ေျမ၊ ျမဝတီ-ေဝါေလလမ္းေၾကာင္းေပၚရွိ ေသ့ေဘာဘိုး စစ္အေျခစိုက္စခန္းအား ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) လက္ေအာက္ခံ ပူးေပါင္း တပ္မ်ားက ၿပီးခဲ့သည့္ ေမ ၁၈ ရက္တြင္ တိုက္ခိုက္သိမ္းပိုက္ခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္ ဇြန္လကုန္ပိုင္းတြင္လည္း ေတာ္လွန္ေရးတပ္မ်ားက ေဝါေလရဲစခန္းအား ထပ္မံ တိုက္ခိုက္သိမ္းပိုက္ခဲ့သလို ဥကရစ္ထ စစ္အေျခစိုက္စခန္းကိုလည္း တိုက္ခိုက္သိမ္းပိုက္ရန္ ႀကိဳးပမ္းခဲ့သည္။

ထိုအခ်ိန္မွစ၍ ျမဝတီ-ေဝါေလလမ္းေၾကာင္းေပၚ တိုက္ပြဲမ်ား ျဖစ္ပြားေနသည္မွာ ၁ လေက်ာ္ ၾကာျမင့္လာၿပီျဖစ္ၿပီး လတ္တ ေလာ၌လည္း ျမဝတီ-ဖလူးေလးဘက္မွ စစ္ေၾကာင္း ၁ ေၾကာင္း၊ ေဝါေလ-ဥကရစ္ထဘက္မွ စစ္ေၾကာင္း ၁ ေၾကာင္းတို႔ျဖင့္ စစ္တပ္က ႏွစ္ဖက္ညႇပ္ၿပီး ေသ့ေဘာဘိုးစခန္းဘက္အား ျပန္လည္ထိုးစစ္ဆင္ေနေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းဘက္က ေျပာသည္။

ေကာ္ဘရာစစ္ေၾကာင္းမွ ေျပာခြင့္ရွိသူက “ေသ့ေဘာဘိုးဘက္ကို ျပန္လည္ၿပီးေတာ့ စစ္ေၾကာင္း ထိုးဖို႔အတြက္ ႀကိဳးစားေနတာ။ တိုက္ပြဲေတြ ဆက္ျဖစ္ေနဆဲပဲ။ ဒါေပမဲ့ သူတို႔ (စစ္ေကာင္စီ) စစ္ေၾကာင္းေတြ တိုးမလာႏိုင္ေသးဘူး။ မည္သည့္ေနရာကိုမွ မသိမ္းပိုက္ႏိုင္ေသးဘူး။ စစ္ေၾကာင္းထိုးလာတဲ့ တပ္ေတြလည္း ဖြဲ႕စည္းပုံပ်က္ၿပီး ထြက္ေျပးေနရတဲ့ အေျခ အေနေပါ့။ ထပ္ၿပီးေတာ့ တိုက္ပြဲက ျပင္းထန္လာႏိုင္ေျခ ရွိပါတယ္” ဟု ဆိုသည္။

စစ္ေကာင္စီတပ္၏ တပ္မ ၄၄ လက္ေအာက္ခံ နည္းဗ်ဴဟာ ၄၄၁၊ ၄၄၂ ႏွင့္ လက္႐ုံးတပ္ရင္းမ်ား အေနျဖင့္ ဖလူးေလးမွ ေန၍ ေသ့ေဘာဘိုးဘက္သို႔ စစ္ေၾကာင္းထိုးလ်က္ရွိရာတြင္ KNLA လက္ေအာက္ခံ ေကာ္ဘရာစစ္ေၾကာင္းက ဖလူးေလး ႏွင့္ ၂ မိုင္ေက်ာ္အကြာ သုံးထပ္ေကြ႕ေနရာ၌ ပိတ္ဆို႔ကာ ခုခံတိုက္ခိုက္ေနျခင္း ျဖစ္သည္။

အဆိုပါ သုံးထပ္ေကြ႕အနီးဝန္းက်င္ တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီဘက္က အရာရွိမ်ား အပါအဝင္ ထိခိုက္ေသဆုံးမႈ မ်ားျပား ခဲ့ၿပီး တပ္ဖြဲ႕စည္းပုံပ်က္ကာ ထြက္ေျပးမႈမ်ားႏွင့္ ေတာ္လွန္ေရးတပ္မ်ားထံ လက္နက္ခ် ဝင္ေရာက္လာမႈမ်ားလည္း ရွိေန ေၾကာင္း သိရသည္။

ၾသဂုတ္ ၂ ရက္ကလည္း သုံးထပ္ေကြ႕ေဒသသို႔ စစ္ေၾကာင္းထိုးလာသည့္ အာဏာသိမ္းစစ္တပ္ႏွင့္ ေကာ္ဘရာ စစ္ေၾကာင္းတို႔ မနက္ပိုင္းမွ စတင္ကာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညေန ၄ နာရီခန႔္တြင္ စစ္ေကာင္စီဘက္က ေလယာဥ္ျဖင့္ ဗုံးႀကဲ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အျခားစစ္ေၾကာင္းတခု အေနျဖင့္ ေဝါေလ-ဥကရစ္ထ စခန္းဘက္မွ တပ္မ ၄၄ လက္ေအာက္ခံ နည္းဗ်ဴဟာ ၄၄၃ ႏွင့္ လက္႐ုံးတပ္ရင္းမ်ားက ေသ့ေဘာဘိုးဘက္သို႔ စစ္ေၾကာင္းထိုးေနျခင္းျဖစ္ၿပီး ယမန္ေန႔ကထိ အဆိုပါ စစ္ေၾကာင္းသည္ ေ႐ႊေအးၿမိဳင္ေက်း႐ြာသို႔ ေရာက္ရွိလာေၾကာင္း ေဒသတြင္း ေတာ္လွန္ေရးတပ္မ်ားက ေျပာသည္။

အဆိုပါ စစ္ေကာင္စီစစ္ေၾကာင္းအား ဗိုလ္ခ်ဳပ္နယ္ဒါးျမဦးေဆာင္ကာ မၾကာေသးမီက ဖြဲ႕စည္းခဲ့သည့္ ေကာ္သူးေလတပ္မွ Venom စစ္ေၾကာင္းႏွင့္ ဆင္ျဖဴစစ္ေၾကာင္းတို႔က ခုခံတိုက္ခိုက္ေနျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၃၀ ရက္ကလည္း ေ႐ႊေအးၿမိဳင္႐ြာကို စစ္ေၾကာင္းထိုးလာသည့္ အာဏာသိမ္း စစ္တပ္ႏွင့္ Venom စစ္ ေၾကာင္းတို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္တပ္ဘက္က ထိခိုက္ေသဆုံးမႈ မ်ားခဲ့ေၾကာင္းႏွင့္ Venom စစ္ေၾကာင္းမွ တပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးခဲ့ေၾကာင္း Venom စစ္ေၾကာင္းက ထုတ္ျပန္ထားသည္။

တိုက္ပြဲ၌ပါဝင္သည့္ ရဲေဘာ္တဦးက “ျမဝတီ-ေဝါေလ ကားလမ္းမကို အေပၚထိပ္၊ ေအာက္ထိပ္တက္ၿပီး က်ေနာ္တို႔ကို က်ဴးေက်ာ္ဖို႔ ႀကိဳးစားေနတာေပါ့။ ခုထိ ေတာ့ သူတို႔ မေအာင္ျမင္ေသးဘူး” ဟု ေျပာသည္။

အဆိုပါ တိုက္ပြဲမ်ားအတြင္း KNLA ပူးေပါင္းတပ္မ်ားႏွင့္အတူ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) မ်ား ပါဝင္တိုက္ခိုက္ေန သကဲ့သို႔ စစ္ေကာင္စီတပ္ဘက္ကလည္း နယ္ျခားေစာင့္တပ္ (BGF) မ်ား ပူးေပါင္းတိုက္ခိုက္လ်က္ ရွိေၾကာင္း သိရသည္။

ယင္းေဒသ၌ ေန႔စဥ္ထိေတြ႕တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနၿပီး တိုက္ပြဲကာလ ၁ လေက်ာ္အတြင္း ႏွစ္ဖက္ထိခိုက္က်ဆုံး မႈမ်ားရွိရာ ေတာ္လွန္ေရးပူးေပါင္းတပ္မ်ားဘက္က ၁၅ ဦးထက္မနည္း က်ဆုံးၿပီး ၅၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ေတာ္လွန္ေရးတပ္ဖြဲ႕တဖြဲ႕က ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီဘက္ကမူ အဆိုပါ တိုက္ပြဲမ်ားအတြင္း ၎တို႔၏ ထိခိုက္က်ဆုံးမႈမ်ားႏွင့္ ပတ္သက္၍ သတင္း ထုတ္ျပန္ျခင္း မရွိေပ။

အာဏာသိမ္းစစ္တပ္ႏွင့္ ေတာ္လွန္ေရးတပ္မ်ား၏ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူ အမ်ားအျပား ထြက္ေျပးတိမ္းေရွာင္ ခဲ့ရၿပီး လက္ရွိအခ်ိန္ထိလည္း ေ႐ႊေအးၿမိဳင္႐ြာ အပါအဝင္ ေဝါေလေဒသ အတြင္းက ရာႏွင့္ခ်ီေသာ ျပည္သူမ်ားမွာ စစ္ေဘး ေရွာင္ေနရဆဲ ျဖစ္သည္။

သေ့ဘောဘိုးစခန်း ပြန်ရရေးကြိုးပမ်းနေသည့် စစ်တပ် ဖြတ်တိုက်ခံနေရကာ

By ဧရာဝတီ 4 August 2022

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် သေ့ဘောဘိုး စစ်အခြေစိုက်စခန်း ဝန်းကျင်အား ပြန်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေ သည့် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုများ လည်း ရှိနေကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ မြဝတီ-ဝေါလေလမ်းကြောင်းပေါ်ရှိ သေ့ဘောဘိုး စစ်အခြေစိုက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ ပူးပေါင်း တပ်များက ပြီးခဲ့သည့် မေ ၁၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇွန်လကုန်ပိုင်းတွင်လည်း တော်လှန်ရေးတပ်များက ဝေါလေရဲစခန်းအား ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဥကရစ်ထ စစ်အခြေစိုက်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။

ထိုအချိန်မှစ၍ မြဝတီ-ဝေါလေလမ်းကြောင်းပေါ် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ လကျော် ကြာမြင့်လာပြီဖြစ်ပြီး လတ်တ လော၌လည်း မြဝတီ-ဖလူးလေးဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ ဝေါလေ-ဥကရစ်ထဘက်မှ စစ်ကြောင်း ၁ ကြောင်းတို့ဖြင့် စစ်တပ်က နှစ်ဖက်ညှပ်ပြီး သေ့ဘောဘိုးစခန်းဘက်အား ပြန်လည်ထိုးစစ်ဆင်နေကြောင်း ကော်ဘရာစစ်ကြောင်းဘက်က ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ ပြောခွင့်ရှိသူက “သေ့ဘောဘိုးဘက်ကို ပြန်လည်ပြီးတော့ စစ်ကြောင်း ထိုးဖို့အတွက် ကြိုးစားနေတာ။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲ။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) စစ်ကြောင်းတွေ တိုးမလာနိုင်သေးဘူး။ မည်သည့်နေရာကိုမှ မသိမ်းပိုက်နိုင်သေးဘူး။ စစ်ကြောင်းထိုးလာတဲ့ တပ်တွေလည်း ဖွဲ့စည်းပုံပျက်ပြီး ထွက်ပြေးနေရတဲ့ အခြေ အနေပေါ့။ ထပ်ပြီးတော့ တိုက်ပွဲက ပြင်းထန်လာနိုင်ခြေ ရှိပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၁၊ ၄၄၂ နှင့် လက်ရုံးတပ်ရင်းများ အနေဖြင့် ဖလူးလေးမှ နေ၍ သေ့ဘောဘိုးဘက်သို့ စစ်ကြောင်းထိုးလျက်ရှိရာတွင် KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ဖလူးလေး နှင့် ၂ မိုင်ကျော်အကွာ သုံးထပ်ကွေ့နေရာ၌ ပိတ်ဆို့ကာ ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

အဆိုပါ သုံးထပ်ကွေ့အနီးဝန်းကျင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အရာရှိများ အပါအဝင် ထိခိုက်သေဆုံးမှု များပြား ခဲ့ပြီး တပ်ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးမှုများနှင့် တော်လှန်ရေးတပ်များထံ လက်နက်ချ ဝင်ရောက်လာမှုများလည်း ရှိနေ ကြောင်း သိရသည်။

သြဂုတ် ၂ ရက်ကလည်း သုံးထပ်ကွေ့ဒေသသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် ကော်ဘရာ စစ်ကြောင်းတို့ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြားစစ်ကြောင်းတခု အနေဖြင့် ဝေါလေ-ဥကရစ်ထ စခန်းဘက်မှ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၃ နှင့် လက်ရုံးတပ်ရင်းများက သေ့ဘောဘိုးဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ကထိ အဆိုပါ စစ်ကြောင်းသည် ရွှေအေးမြိုင်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသတွင်း တော်လှန်ရေးတပ်များက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်ကာ မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မှ Venom စစ်ကြောင်းနှင့် ဆင်ဖြူစစ်ကြောင်းတို့က ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်ကလည်း ရွှေအေးမြိုင်ရွာကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်နှင့် Venom စစ် ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့ကြောင်းနှင့် Venom စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း Venom စစ်ကြောင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲ၌ပါဝင်သည့် ရဲဘော်တဦးက “မြဝတီ-ဝေါလေ ကားလမ်းမကို အပေါ်ထိပ်၊ အောက်ထိပ်တက်ပြီး ကျနော်တို့ကို ကျူးကျော်ဖို့ ကြိုးစားနေတာပေါ့။ ခုထိ တော့ သူတို့ မအောင်မြင်သေးဘူး” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA ပူးပေါင်းတပ်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပါဝင်တိုက်ခိုက်နေ သကဲ့သို့ စစ်ကောင်စီတပ်ဘက်ကလည်း နယ်ခြားစောင့်တပ် (BGF) များ ပူးပေါင်းတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

ယင်းဒေသ၌ နေ့စဉ်ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲကာလ ၁ လကျော်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံး မှုများရှိရာ တော်လှန်ရေးပူးပေါင်းတပ်များဘက်က ၁၅ ဦးထက်မနည်း ကျဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကမူ အဆိုပါ တိုက်ပွဲများအတွင်း ၎င်းတို့၏ ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း မရှိပေ။

အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး လက်ရှိအချိန်ထိလည်း ရွှေအေးမြိုင်ရွာ အပါအဝင် ဝေါလေဒေသ အတွင်းက ရာနှင့်ချီသော ပြည်သူများမှာ စစ်ဘေး ရှောင်နေရဆဲ ဖြစ်သည်။