KTLA ကိစၥကိုင္တြယ္ရန္ႏွင့္ ကရင္ႏွစ္ဖြဲ႕ေပါင္းစည္းေရး DKBA ႏွင့္ KNU သေဘာတူ
CNI News
၂၀၂၂ ခုႏွစ္၊ ၾသဂုတ္ ၄
KNDO ကေန ခြဲထြက္၍ ဗိုလ္ခ်ဳပ္ ေစာနယ္ဒါးျမ ဖြဲ႕စည္းခဲ့သည့္ ေကာ္သူးေလတပ္မေတာ္(KTLA)ကိစၥ ကိုင္တြယ္ေဆာင္႐ြက္ ရန္ႏွင့္ ကရင္လက္နက္ကိုင္ႏွစ္ဖြဲ႕ (DKBA-KNU) ျပန္လည္ေပါင္းစည္းေရး ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္(DKB A)ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ေခါင္းေဆာင္မ်ား ေဆြးေႏြး၍ သေဘာတူ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
DKBA ႏွင့္ KNU ေခါင္းေဆာင္မ်ားသည္ ဆုံဆည္းၿမိဳင္မွာ ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္ ၃ ရက္က ေတြ႕ဆုံ၍ ေဆြးေႏြးၿပီးေနာက္ အခ်က္ ၅ ခ်က္ကို သေဘာတူ ဆုံးျဖတ္ခဲ့ၾကသည္။
DKBA ႏွင့္ KNU တို႔ျဖင့္ ရင္းႏွီးသူ တစ္ဦးက “ အဲဒီသေဘာတူညီခ်က္ ၅ ခ်က္က အမွန္ပါပဲ၊ က်ေနာ္တို႔က အဓိက ေဒသ တည္ၿငိမ္ေရး၊ ေရွ႕ဆက္ တိုက္ပြဲမျဖစ္ေရးအတြက္၊ စစ္ပြဲမျဖစ္ေအာင္ နည္းနာရွာတဲ့သေဘာပါ။ အနာဂတ္ ဖက္ဒရယ္မွာ တစ္ခုတည္းေသာ ဖက္ဒရယ္တပ္မေတာ္ တည္ေဆာက္တဲ့အခါအတြက္ ႀကိဳတင္ျပင္ဆင္ခ်က္လို႔ပဲ ေျပာရမွာေပါ့။ အဲဒါက (ေကာ္သူးေလးတပ္မေတာ္ဖြဲ႕စည္းမႈကိစၥ) သူတို႔ အခ်င္းခ်င္း ေတြ႕ဆုံ ညႇိႏႈိင္းသြားၾကမွာပါ”ဟု CNI သို႔ ေျပာသည္။
DKBA ႏွင့္ KNU ေခါင္းေဆာင္မ်ား ေတြ႕ဆုံ၍ သေဘာတူ ဆုံးျဖတ္ခ်က္က်သည့္ အခ်က္ ၅ ခ်က္မွာ နံပါတ္တစ္ KTLA ကိစၥ ႏွင့္ပတ္သက္၍ DKBA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးစတီးႏွင့္ KNU မွ ဒုဗိုလ္မႉးႀကီး နယ္ဒါးထူးတို႔မွ ညႇိႏႈိင္းေဆြးေႏြး ကိုင္တြယ္ ေဆာင္႐ြက္သြားရန္ တာဝန္ေပးသည္၊ နံပါတ္ႏွစ္ DKBA ႏွင့္ KNU တို႔ ႏွစ္ဖြဲ႕သည္ ျပန္လည္ေပါင္းစည္းေရးအတြက္ ႏႈတ္ အားျဖင့္ သေဘာတူၿပီးျဖစ္သည္၊ လတ္တေလာ ေအာက္ေျခတပ္ဖြဲ႕ဝင္မ်ားအား တစ္စုတစည္းတည္း ျဖစ္ေၾကာင္း ယာယီ အမွတ္တံဆိပ္ တစ္ခုအား ညႇိႏႈိင္းတပ္ဆင္သြားမည္တို႔ ျဖစ္သည္။
ထို႔ေနာက္ နံပါတ္သုံးအေနျဖင့္ ႏွစ္ဖက္ ေတြ႕ဆုံမႈအား ျဖစ္ႏိုင္ပါက တစ္လတစ္ႀကိမ္ ေတြ႕ဆုံၾကရန္ သေဘာတူ ဆုံးျဖတ္ပါ သည္၊ နံပါတ္ေလး KNU ဗဟိုမွ DKBA အတြက္ ထုတ္ျပန္ထားသည့္ ၁/၉၄ ထုတ္ျပန္ေၾကညာခ်က္အား ျပန္လည္ ဖ်က္ သိမ္းေပးရန္ သေဘာတူဆုံးျဖတ္ပါသည္ဟု ေဖာ္ျပထားသည္။
ေနာက္ဆုံး နံပါတ္ငါးမွာ လတ္တေလာ ျဖစ္ေပၚေနေသာ ရန္သူထိုးစစ္ၿပီးဆုံးေစေရးအတြက္ DKBA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး စတီးမွ တာဝန္ယူ၍ စကစႏွင့္ ေဆြးေႏြးရန္ သေဘာတူဆုံးျဖတ္သည္။ အကယ္၍ ညႇိႏႈိင္းေဆြးေႏြးမႈအား သေဘာမတူဘဲ တပ္အင္အား အလုံးအရင္းျဖင့္ ထိုးစစ္ဆင္မည္ဆိုပါက အတူတကြ ပူးေပါင္း ေဆာင္႐ြက္သြားရန္ သေဘာတူ ဆုံးျဖတ္ပါသည္ ဟု ေဖာ္ျပထားသည္။
DKBA ႏွင့္ KNU တို႔ျဖင့္ ရင္းႏွီးသူ တစ္ဦးက “ အဲဒီဟာ(၁/၉၄)က DKBA က အဆိုျပဳတာ ၁/၉၄ က KNU က ခြဲထြက္တဲ့ အဖြဲ႕အစည္း၊ ရန္သူအဖြဲ႕အစည္းအေနနဲ႔ သတ္မွတ္ခဲ့တဲ့ စာကို ျပန္လည္ ႐ုပ္သိမ္းဖို႔ဆိုတဲ့ အဆိုျပဳခ်က္။ အဲဒါကို မ႐ုပ္သိမ္း ဘူးဆိုရင္ DKBA နဲ႔ KNU ပြတ္တိုက္မႈ တစ္စုံတစ္ခု မဟုတ္ တစ္ခုျဖစ္ေနမွာပဲ။ အဲဒါေၾကာင့္မလို႔ သေဘာတူခဲ့ၾကတာ”ဟု CNI သို႔ ေျပာသည္။
DKBA ႏွင့္ KNU ေခါင္းေဆာင္မ်ား ေတြ႕ဆုံ ေဆြးေႏြးပြဲမွ သေဘာတူဆုံးျဖတ္ ခ်က္သည့္ အခ်က္ ၅ ခ်က္အနက္ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ နံပါတ္ ၅ သည္ မိမိတို႔ ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္(DKBA)၏ သေဘာထားႏွင့္ လုံးဝ(မတိုက္ဆိုင္) ေၾကာင္း ယေန႔ (ၾသဂုတ္ ၄ ရက္)တြင္ DKBA ၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီး၏ လက္မွတ္ျဖင့္ ထုတ္ျပန္ခဲ့သည္။
ၾသဂုတ္ ၃ ရက္ေန႔က DKBA ႏွင့္ KNU ေတြ႕ဆုံေဆြးေႏြးပြဲသို႔ DKBA ဘက္က စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး စတီး(ေစာစတီး)၊ စစ္ဆင္ေရးမႉး ဗိုလ္မႉးႀကီးဆန္းေအာင္၊ ဌာနခ်ဳပ္ ကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေ႐ႊဝ၊ စစ္ေထာက္ခ်ဳပ္ ဗိုလ္မႉးႀကီး ၾကာညဴး၊ ကြပ္ကဲေရး- ၁ မႉး ဗိုလ္မႉးခ်ဳပ္ စိုင္းေက်ာ္လွ၊ ဌာနခ်ဳပ္ G2 ဗိုလ္မႉး စမင္း၊ စစ္ေရးခ်ဳပ္ ဗိုလ္မႉးႀကီး စိန္ဝင္းတို႔ တက္ေရာက္ ခဲ့သည္။
ထို႔ေနာက္ KNU ဘက္ကမူ ကာကြယ္ေရးဌာနတာဝန္ခံ ဗိုလ္မႉးႀကီး ေရာက်ယ္ခင္၊ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ပဒိုတာဒိုမႉး၊ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေဂ်ာ္နီ၊ ေသ့ေဘာဘိုး ေက်း႐ြာအုပ္စုမႉး ဗိုလ္ႀကီးေထာပလို႔၊ တပ္မဟာ ၇ မႉး ဗိုလ္မႉးခ်ဳပ္ ေဖာဒို႔၊ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး နယ္ဒါးထူး၊ တပ္ခြဲမႉး ဗိုလ္ႀကီးမူးေဂ တို႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
KTLA ကိစ္စကိုင်တွယ်ရန်နှင့် ကရင်နှစ်ဖွဲ့ပေါင်းစည်းရေး DKBA နှင့် KNU သဘောတူ
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၄
KNDO ကနေ ခွဲထွက်၍ ဗိုလ်ချုပ် စောနယ်ဒါးမြ ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မတော်(KTLA)ကိစ္စ ကိုင်တွယ်ဆောင်ရွက် ရန်နှင့် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ (DKBA-KNU) ပြန်လည်ပေါင်းစည်းရေး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKB A)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များ ဆွေးနွေး၍ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
DKBA နှင့် KNU ခေါင်းဆောင်များသည် ဆုံဆည်းမြိုင်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်က တွေ့ဆုံ၍ ဆွေးနွေးပြီးနောက် အချက် ၅ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
DKBA နှင့် KNU တို့ဖြင့် ရင်းနှီးသူ တစ်ဦးက “ အဲဒီသဘောတူညီချက် ၅ ချက်က အမှန်ပါပဲ၊ ကျနော်တို့က အဓိက ဒေသ တည်ငြိမ်ရေး၊ ရှေ့ဆက် တိုက်ပွဲမဖြစ်ရေးအတွက်၊ စစ်ပွဲမဖြစ်အောင် နည်းနာရှာတဲ့သဘောပါ။ အနာဂတ် ဖက်ဒရယ်မှာ တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် တည်ဆောက်တဲ့အခါအတွက် ကြိုတင်ပြင်ဆင်ချက်လို့ပဲ ပြောရမှာပေါ့။ အဲဒါက (ကော်သူးလေးတပ်မတော်ဖွဲ့စည်းမှုကိစ္စ) သူတို့ အချင်းချင်း တွေ့ဆုံ ညှိနှိုင်းသွားကြမှာပါ”ဟု CNI သို့ ပြောသည်။
DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံ၍ သဘောတူ ဆုံးဖြတ်ချက်ကျသည့် အချက် ၅ ချက်မှာ နံပါတ်တစ် KTLA ကိစ္စ နှင့်ပတ်သက်၍ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးနှင့် KNU မှ ဒုဗိုလ်မှူးကြီး နယ်ဒါးထူးတို့မှ ညှိနှိုင်းဆွေးနွေး ကိုင်တွယ် ဆောင်ရွက်သွားရန် တာဝန်ပေးသည်၊ နံပါတ်နှစ် DKBA နှင့် KNU တို့ နှစ်ဖွဲ့သည် ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ် အားဖြင့် သဘောတူပြီးဖြစ်သည်၊ လတ်တလော အောက်ခြေတပ်ဖွဲ့ဝင်များအား တစ်စုတစည်းတည်း ဖြစ်ကြောင်း ယာယီ အမှတ်တံဆိပ် တစ်ခုအား ညှိနှိုင်းတပ်ဆင်သွားမည်တို့ ဖြစ်သည်။
ထို့နောက် နံပါတ်သုံးအနေဖြင့် နှစ်ဖက် တွေ့ဆုံမှုအား ဖြစ်နိုင်ပါက တစ်လတစ်ကြိမ် တွေ့ဆုံကြရန် သဘောတူ ဆုံးဖြတ်ပါ သည်၊ နံပါတ်လေး KNU ဗဟိုမှ DKBA အတွက် ထုတ်ပြန်ထားသည့် ၁/၉၄ ထုတ်ပြန်ကြေညာချက်အား ပြန်လည် ဖျက် သိမ်းပေးရန် သဘောတူဆုံးဖြတ်ပါသည်ဟု ဖော်ပြထားသည်။
နောက်ဆုံး နံပါတ်ငါးမှာ လတ်တလော ဖြစ်ပေါ်နေသော ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးမှ တာဝန်ယူ၍ စကစနှင့် ဆွေးနွေးရန် သဘောတူဆုံးဖြတ်သည်။ အကယ်၍ ညှိနှိုင်းဆွေးနွေးမှုအား သဘောမတူဘဲ တပ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မည်ဆိုပါက အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်ပါသည် ဟု ဖော်ပြထားသည်။
DKBA နှင့် KNU တို့ဖြင့် ရင်းနှီးသူ တစ်ဦးက “ အဲဒီဟာ(၁/၉၄)က DKBA က အဆိုပြုတာ ၁/၉၄ က KNU က ခွဲထွက်တဲ့ အဖွဲ့အစည်း၊ ရန်သူအဖွဲ့အစည်းအနေနဲ့ သတ်မှတ်ခဲ့တဲ့ စာကို ပြန်လည် ရုပ်သိမ်းဖို့ဆိုတဲ့ အဆိုပြုချက်။ အဲဒါကို မရုပ်သိမ်း ဘူးဆိုရင် DKBA နဲ့ KNU ပွတ်တိုက်မှု တစ်စုံတစ်ခု မဟုတ် တစ်ခုဖြစ်နေမှာပဲ။ အဲဒါကြောင့်မလို့ သဘောတူခဲ့ကြတာ”ဟု CNI သို့ ပြောသည်။
DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သဘောတူဆုံးဖြတ် ချက်သည့် အချက် ၅ ချက်အနက် နောက်ဆုံး ဆုံးဖြတ်ချက် နံပါတ် ၅ သည် မိမိတို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ သဘောထားနှင့် လုံးဝ(မတိုက်ဆိုင်) ကြောင်း ယနေ့ (သြဂုတ် ၄ ရက်)တွင် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၃ ရက်နေ့က DKBA နှင့် KNU တွေ့ဆုံဆွေးနွေးပွဲသို့ DKBA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီး(စောစတီး)၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးဆန်းအောင်၊ ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရွှေဝ၊ စစ်ထောက်ချုပ် ဗိုလ်မှူးကြီး ကြာညူး၊ ကွပ်ကဲရေး- ၁ မှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ၊ ဌာနချုပ် G2 ဗိုလ်မှူး စမင်း၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စိန်ဝင်းတို့ တက်ရောက် ခဲ့သည်။
ထို့နောက် KNU ဘက်ကမူ ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး ရောကျယ်ခင်၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုတာဒိုမှူး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ သေ့ဘောဘိုး ကျေးရွာအုပ်စုမှူး ဗိုလ်ကြီးထောပလို့၊ တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဖောဒို့၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နယ်ဒါးထူး၊ တပ်ခွဲမှူး ဗိုလ်ကြီးမူးဂေ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။