Local News

စစ္ကားတန္းကို အမ်ိဳးသမီး ဒ႐ုန္းအဖြဲ႕က ႏွစ္ႀကိမ္ ဗုံးထု၊

စစ္ကိုင္းမွာ စစ္ကားတန္းကို အမ်ိဳးသမီး ဒ႐ုန္းအဖြဲ႕က ႏွစ္ႀကိမ္ ဗုံးထု၊

ဗိုလ္ႀကီး ထိထားတယ္ဆိုတဲ့ ေအာ္သံၾကားရၿပီး စကစေတြ အေသအေပ်ာက္ မ်ားႏိုင္ဟုဆို၊

MFP ၊ ၾသဂုတ္ – ၄

စစ္ကိုင္း – မုံ႐ြာလမ္းအတိုင္း စစ္ကိုင္းကေန မုံ႐ြာဘက္ ေမာင္းႏွင္လာတဲ့ အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ကားအစီး (၃၀)ေက်ာ္ပါ ယာဥ္တန္းကို ၾသဂုတ္(၂)ရက္ ေန႔လည္ပိုင္းက အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့ ဒ႐ုန္းတပ္ဖြဲ႕က ႏွစ္ႀကိမ္ ဗုံးထု တိုက္ခိုက္ခဲ့ရာ စကစ (၁၀)ေယာက္ ထက္မနည္း ထိခိုက္ေသဆုံးတယ္လို႔ ေျမာင္ၿမိဳ႕နယ္ (T.G.R) ျပည္သူ႔ကာကြယ္ေရး တပ္က MFP ကို သတင္း ေပးပို႔ပါတယ္။

ၾသဂုတ္(၂)ရက္ ညေန(၃)နာရီေက်ာ္က စစ္ကိုင္း – မုံ႐ြာလမ္းအတိုင္း ေမာင္းႏွင္လာတဲ့ စစ္အုပ္စုရဲ႕ ကားတန္းကို ေျမာင္ T.G.R Women Drone Froce ဦးေဆာင္တဲ့ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက ျမင္းမူႏွင့္ ေခ်ာင္းဦး နယ္ထဲမွာ ဒ႐ုန္းနဲ႔ ႏွစ္ႀကိမ္ ဗုံးက်ဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“ညေန (၃)နာရီခြဲအခ်ိန္တြင္ T.G.R Women Drone Froce မွ စစ္ကိုင္းမွ ထြက္လာေသာ စခကား (၃၆)စီးအနက္ ေရွ႕ ႏွစ္စီးေျမာက္ ကားကို Drone ျဖင့္ အညာထန္းသီး ေကြၽးလိုက္ရာ ကားေပၚမွ ပါလာေသာ စခ ေလးေကာင္အနက္ ႏွစ္ေကာင္ေသ၍ တစ္ေကာင္ထိခိုက္ဒဏ္ရာရ” လို႔ Myaung People’s Defense Force(T.G.R) က ေဖာ္ျပပါတယ္။

အဲ့ဒီေနာက္ ေနာက္တစ္ႀကိမ္ ထပ္မံ ဗုံးထု တိုက္ခိုက္ခဲ့ရာ ဗိုလ္ႀကီး ထိထားတယ္ဆိုတဲ့ ေအာ္သံေတြ ၾကားရသလို စစ္အုပ္စုက ျပန္လည္ ရမ္းကား ပစ္ခတ္ခဲ့တယ္လို႔ Myaung People’s Defense Force(T.G.R) က ဗိုလ္တိုက္ဂါးက ဆိုပါတယ္။

“ညေန႔ (၃း၄၀)နာရီ အခ်ိန္တြင္ T.G.R Women Drone Froce မွ တိုက္ခိုက္ေသာေၾကာင့္ အညာထန္းသီး ထိမွန္၍ ရပ္တန႔္ေနေသာ စခ ကား (၁၉)စီးအား Drone အညာထန္းသီး အေသးစားျဖင့္ ေကြၽးေမြးလိုက္ရာ ကားေပၚမွ ဗိုလ္တစ္ေကာင္ႏွင္ စခ ႏွစ္ေကာင္ ျပဳပ္ခ်၍ ေသ၊ ကားေဘးမွ တစ္ေကာင္ေသ၊ ကားထဲမွ ေလးေကာင္ မသာေပၚ။

က်န္ေခြးမ်ား ထိခိုက္ဒဏ္ရာရေၾကာင္း ေျမျပင္သတင္းရ အတည္ျပဳအပ္ပါသည္။ စုစုေပါင္း စခ (၁၀)ေကာင္ေသ။ ဗိုလ္ႀကီး ထိထားတယ္၊ ထိထားတယ္ ေဆးအိတ္ေပးပါဦးဟု ေအာ္ဟစ္ခါ ေသနတ္မ်ားေဖာက္” လို႔ Myaung People’s Defense Force(T.G.R) က ေဖာ္ျပပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈေတြကို ေျမာင္ၿမိဳ႕နယ္(T.G.R)ျပည္သူ႔ကာကြယ္ေရးတပ္၊ T.G.R Women Drone Froce၊ ဇာမဏီ ေျပာက္က်ားတပ္ဖြဲ႕၊ ဗိုလ္ေတာက္ထြန္း(MBTT)၊ Saw Bwar Gyi (MBTT) တို႔ ပူးေပါင္း လုပ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။

စစ်ကိုင်းမှာ စစ်ကားတန်းကို အမျိုးသမီး ဒရုန်းအဖွဲ့က နှစ်ကြိမ် ဗုံးထု၊

ဗိုလ်ကြီး ထိထားတယ်ဆိုတဲ့ အော်သံကြားရပြီး စကစတွေ အသေအပျောက် များနိုင်ဟုဆို၊

MFP ၊ သြဂုတ် – ၄

စစ်ကိုင်း – မုံရွာလမ်းအတိုင်း စစ်ကိုင်းကနေ မုံရွာဘက် မောင်းနှင်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားအစီး (၃၀)ကျော်ပါ ယာဉ်တန်းကို သြဂုတ်(၂)ရက် နေ့လည်ပိုင်းက အမျိုးသမီးတွေ ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲ့က နှစ်ကြိမ် ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ (၁၀)ယောက် ထက်မနည်း ထိခိုက်သေဆုံးတယ်လို့ မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေး တပ်က MFP ကို သတင်း ပေးပို့ပါတယ်။

သြဂုတ်(၂)ရက် ညနေ(၃)နာရီကျော်က စစ်ကိုင်း – မုံရွာလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ကားတန်းကို မြောင် T.G.R Women Drone Froce ဦးဆောင်တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မြင်းမူနှင့် ချောင်းဦး နယ်ထဲမှာ ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ညနေ (၃)နာရီခွဲအချိန်တွင် T.G.R Women Drone Froce မှ စစ်ကိုင်းမှ ထွက်လာသော စခကား (၃၆)စီးအနက် ရှေ့ နှစ်စီးမြောက် ကားကို Drone ဖြင့် အညာထန်းသီး ကျွေးလိုက်ရာ ကားပေါ်မှ ပါလာသော စခ လေးကောင်အနက် နှစ်ကောင်သေ၍ တစ်ကောင်ထိခိုက်ဒဏ်ရာရ” လို့ Myaung People’s Defense Force(T.G.R) က ဖော်ပြပါတယ်။

အဲ့ဒီနောက် နောက်တစ်ကြိမ် ထပ်မံ ဗုံးထု တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ထိထားတယ်ဆိုတဲ့ အော်သံတွေ ကြားရသလို စစ်အုပ်စုက ပြန်လည် ရမ်းကား ပစ်ခတ်ခဲ့တယ်လို့ Myaung People’s Defense Force(T.G.R) က ဗိုလ်တိုက်ဂါးက ဆိုပါတယ်။

“ညနေ့ (၃း၄၀)နာရီ အချိန်တွင် T.G.R Women Drone Froce မှ တိုက်ခိုက်သောကြောင့် အညာထန်းသီး ထိမှန်၍ ရပ်တန့်နေသော စခ ကား (၁၉)စီးအား Drone အညာထန်းသီး အသေးစားဖြင့် ကျွေးမွေးလိုက်ရာ ကားပေါ်မှ ဗိုလ်တစ်ကောင်နှင် စခ နှစ်ကောင် ပြုပ်ချ၍ သေ၊ ကားဘေးမှ တစ်ကောင်သေ၊ ကားထဲမှ လေးကောင် မသာပေါ်။

ကျန်ခွေးများ ထိခိုက်ဒဏ်ရာရကြောင်း မြေပြင်သတင်းရ အတည်ပြုအပ်ပါသည်။ စုစုပေါင်း စခ (၁၀)ကောင်သေ။ ဗိုလ်ကြီး ထိထားတယ်၊ ထိထားတယ် ဆေးအိတ်ပေးပါဦးဟု အော်ဟစ်ခါ သေနတ်များဖောက်” လို့ Myaung People’s Defense Force(T.G.R) က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်၊ T.G.R Women Drone Froce၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်တောက်ထွန်း(MBTT)၊ Saw Bwar Gyi (MBTT) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။