Local News

အိုးဘိုေထာင္အတြင္းမွ အေရးေပၚအေျခအေနကို မိဘျပည္သူမ်ားသိရွိၾကေစရန္အသိေပးအေၾကာင္းၾကားျခင္း

အိုးဘိုေထာင္အတြင္းမွ အေရးေပၚအေျခအေနကို မိဘျပည္သူမ်ားသိရွိၾကေစရန္အသိေပးအေၾကာင္းၾကားျခင္း

ေဇယ်ာေသာ္တို႔အား ကြပ္မ်က္သည့္သတင္းၾကားၿပီး အိုးဘိုေထာင္အတြင္းမွ ႏိုင္ငံေရးအက်ဥ္းသားမ်ား အစာငတ္ခံသပိတ္ေမွာက္ေနၾကပါသည္ ထိုအထဲမွ ၂ဦးမွာ ယခုအခါ ေထာင္ေဆး႐ုံတြင္တိုက္ပိတ္ခံထားရၿပီး အသက္အႏၲရယ္စိုးရိမ္ရပါသည္

ေဆး႐ုံကGlucose သြင္းေပးသည္ကိုပင္ျငင္းပါယ္ကာ ဆက္လက္ဆႏၵထုတ္ေဖာ္သပိတ္ေမွာက္ေနပါသည္ ဤပုံအတိုင္းဆို သပိတ္ေမွာက္ရင္းအသက္ဆုံးပါးႏိုင္ပါသည္ အျခားသူမ်ားလဲ အစာငတ္ခံသပိတ္ေမွာက္ေနေသာ္လဲ အသက္အႏၲရယ္မစိုးရိမ္ရေသးပါ
သပိတ္ေမွာက္သူမ်ားမွာ အခ်က္ ၃ခ်က္ေတာင္းဆိုထားပါသည္

ေတာင္းဆိုခ်က္မ်ားမွာ

၁. ေသဒဏ္က်ခံအက်ဥ္းသားမ်ားအား အသက္ခ်မ္းသာေပးရန္

၂. အာဆီယံအဖြဲ႕စည္းက ေတာင္းဆိုထားတဲ့ အတိုင္း ႏိုင္ငံေရးအက်ဥ္းသားမ်ားအား လြတ္ၿငိမ္းခြင့္ေပးရန္

၃. ဖမ္းဆီးထားေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ား၏ မိသားစုမ်ား သက္ေသမ်ားႏွင့္ ေတြ႕ခြင့္ေပးရန္ အက်ဥ္းသားမ်ားရပိုင္ခြင့္မ်ားကို ထိန္းခ်ဳပ္ကန္႔သတ္ထားသည္မွ ေျဖေလ်ာ့ေပးရန္ တို႔ ျဖစ္ပါတယ္

ေနာက္ရက္မ်ားတြင္ က်န္အက်ဥ္းသားမ်ားလဲ ထပ္တိုးအစာငတ္ခံ သပိတ္ေမွာက္ ၾကေတာ့မည္ျဖစ္ပါတယ္

ဤအေၾကာင္းကို ျပည္သူေတြကို သတင္းေပးေပးပါ မီဒီယာမ်ားကလဲ ေဖာ္ျပေပးၾကပါ

က်ေနာ္က်မတို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားအေနနဲ႔ ေထာင္ထဲမွာ ၿငိမ္မေနၾကပါဘူး ဆက္လက္ၿပီး တိုက္ပြဲဝင္ေနပါတယ္ ဆိုတာ မိဘျပည္သူမ်ားသိေစခ်င္ပါတယ္

ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ေသဒဏ္ခ် ကြပ္မ်က္တာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အသတ္ခံရသူ ၃၂ ေယာက္ရွိပါၿပီ အိုးဘိုေထာင္မွာ ေသဒဏ္က်ခံထားရသူ ၂၀ ပါတ္ျခာလည္ရွိပါတယ္ ေသဒဏ္က်ခံထားရသူမ်ားကို ၂ရက္ေန႔က အရပ္အေမာင္း ကိုယ္အေလးခ်ိန္တိုင္း လည္ပင္းဆိုဒ္တိုင္း ဆီးခ်ိဳေသြးခ်ိဳ လာတိုင္းပါတယ္ အဓိပၸါယ္ကေတာ့ လည္ပင္းတိုင္း ႀကိဳးက်စ္ ေသဒဏ္စီရင္ ၿပီး ကြပ္မ်က္ေတာ့မွာပါ

အဲ့ဒီေန႔က”က်ေနာ္တို႔ကို လည္ပင္းေတြလာတိုင္းေနၿပီ အရပ္အေမာင္းေတြလာတိုင္းေနၿပီ အေလးခ်ိန္ေတြ လာတိုင္းေနၿပီ PDF ေတြ ကယ္ၾကပါ ျပည္သူေတြ ကယ္ၾကပါ လာကယ္ထုတ္ေပးၾကပါ” လို႔ အျပင္ကျပည္သူေတြ ၾကားလိုၾကားျငား ရင္ကြဲမတတ္ေအာ္ဟစ္ငိုယို ေနၾကပါတယ္

ေထာင္တြင္းက ငိုသံေတြကို ေထာင္ျပင္က မိဘျပည္သူမ်ား သိရွိေစရန္ ယခုလို အႏၲရယ္မ်ားၾကားမွ ေနာက္ဆုံးအေနျဖင့္ တင္ျပလိုက္ရျခင္းျဖစ္ပါတယ္

မွ/ေထာင္ဝန္ထမ္းတစ္ဦး

Vomdy

အိုးဘိုထောင်အတွင်းမှ အရေးပေါ်အခြေအနေကို မိဘပြည်သူများသိရှိကြစေရန်အသိပေးအကြောင်းကြားခြင်း

ဇေယျာသော်တို့အား ကွပ်မျက်သည့်သတင်းကြားပြီး အိုးဘိုထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံသပိတ်မှောက်နေကြပါသည် ထိုအထဲမှ ၂ဦးမှာ ယခုအခါ ထောင်ဆေးရုံတွင်တိုက်ပိတ်ခံထားရပြီး အသက်အန္တရယ်စိုးရိမ်ရပါသည်

ဆေးရုံကGlucose သွင်းပေးသည်ကိုပင်ငြင်းပါယ်ကာ ဆက်လက်ဆန္ဒထုတ်ဖော်သပိတ်မှောက်နေပါသည် ဤပုံအတိုင်းဆို သပိတ်မှောက်ရင်းအသက်ဆုံးပါးနိုင်ပါသည် အခြားသူများလဲ အစာငတ်ခံသပိတ်မှောက်နေသော်လဲ အသက်အန္တရယ်မစိုးရိမ်ရသေးပါ
သပိတ်မှောက်သူများမှာ အချက် ၃ချက်တောင်းဆိုထားပါသည်

တောင်းဆိုချက်များမှာ

၁. သေဒဏ်ကျခံအကျဉ်းသားများအား အသက်ချမ်းသာပေးရန်

၂. အာဆီယံအဖွဲ့စည်းက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရန်

၃. ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ သက်သေများနှင့် တွေ့ခွင့်ပေးရန် အကျဉ်းသားများရပိုင်ခွင့်များကို ထိန်းချုပ်ကန့်သတ်ထားသည်မှ ဖြေလျော့ပေးရန် တို့ ဖြစ်ပါတယ်

နောက်ရက်များတွင် ကျန်အကျဉ်းသားများလဲ ထပ်တိုးအစာငတ်ခံ သပိတ်မှောက် ကြတော့မည်ဖြစ်ပါတယ်

ဤအကြောင်းကို ပြည်သူတွေကို သတင်းပေးပေးပါ မီဒီယာများကလဲ ဖော်ပြပေးကြပါ

ကျနော်ကျမတို့ နိုင်ငံရေးအကျဉ်းသားများအနေနဲ့ ထောင်ထဲမှာ ငြိမ်မနေကြပါဘူး ဆက်လက်ပြီး တိုက်ပွဲဝင်နေပါတယ် ဆိုတာ မိဘပြည်သူများသိစေချင်ပါတယ်

နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ချ ကွပ်မျက်တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသတ်ခံရသူ ၃၂ ယောက်ရှိပါပြီ အိုးဘိုထောင်မှာ သေဒဏ်ကျခံထားရသူ ၂၀ ပါတ်ခြာလည်ရှိပါတယ် သေဒဏ်ကျခံထားရသူများကို ၂ရက်နေ့က အရပ်အမောင်း ကိုယ်အလေးချိန်တိုင်း လည်ပင်းဆိုဒ်တိုင်း ဆီးချိုသွေးချို လာတိုင်းပါတယ် အဓိပ္ပါယ်ကတော့ လည်ပင်းတိုင်း ကြိုးကျစ် သေဒဏ်စီရင် ပြီး ကွပ်မျက်တော့မှာပါ

အဲ့ဒီနေ့က”ကျနော်တို့ကို လည်ပင်းတွေလာတိုင်းနေပြီ အရပ်အမောင်းတွေလာတိုင်းနေပြီ အလေးချိန်တွေ လာတိုင်းနေပြီ PDF တွေ ကယ်ကြပါ ပြည်သူတွေ ကယ်ကြပါ လာကယ်ထုတ်ပေးကြပါ” လို့ အပြင်ကပြည်သူတွေ ကြားလိုကြားငြား ရင်ကွဲမတတ်အော်ဟစ်ငိုယို နေကြပါတယ်

ထောင်တွင်းက ငိုသံတွေကို ထောင်ပြင်က မိဘပြည်သူများ သိရှိစေရန် ယခုလို အန္တရယ်များကြားမှ နောက်ဆုံးအနေဖြင့် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်

မှ/ထောင်ဝန်ထမ်းတစ်ဦး

Vomdy