Local News

CDM စစ္သား သစၥာေဖာက္လို႔ ရမည္းသင္း Y-PDF စခန္း စီးနင္းခံရ

CDM စစ္သား သစၥာေဖာက္လို႔ ရမည္းသင္း Y-PDF စခန္း စီးနင္းခံရ၊ လက္နက္ႏွင့္ရိကၡာ က်ပ္သိန္း(၂၀၀)ဖိုး ဆုံးရႈံး ဟုဆို၊

MFP ၊ ၾသဂုတ္ – ၄

CDM စစ္သား ေကာင္းဆက္လြင္ ဆိုသူက သစၥာေဖာက္ကာ စခန္းက ထြက္ေျပးသြားၿပီး စစ္အုပ္စုကို လမ္းျပ ေခၚလာတဲ့အတြက္ ရမည္းသင္း Y-PDF – People Defence Force Yamethin စခန္း စီးနင္းခံရၿပီး လက္နက္ႏွင့္ ရိကၡာ စုစုေပါင္း က်ပ္သိန္း(၂၀၀)ဖိုး ဆုံးရႈံးခဲ့ရတယ္လို႔ ရမည္းသင္း Y-PDF က သတင္း ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္(၃၀)ရက္ ေန႔လည္(၂)နာရီက မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕နယ္ အင္တိုင္းေက်း႐ြာအနီးမွာ ရွိတဲ့ ရမည္းသင္း Y-PDF ရဲ႕ ယာယီစခန္း စီးနင္းခံရၿပီး လက္နက္ခဲယမ္း ၊ ရိကၡာႏွင့္ ဆိုင္ကယ္ သုံးစီး အပါအဝင္ က်ပ္သိန္း(၂၀၀)ဝန္းက်င္ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ ဆိုပါတယ္။

“Y-PDF Yamethin ယာယီစခန္းအား ဇူလိုင္(၃၀)ရက္ ေနပလည္(၂)နာရီတြင္ စစ္ေခြးမ်ား ဝင္ေရာက္စီးနင္းျခင္း ခံခဲ့ရပါသည္။ ျဖစ္စဥ္မွာ ၎ရက္ေန႔ ညေနတြင္ Mission ျပဳလုပ္ရန္ အသီးသီး တာဝန္ခြဲေဝ ျပင္ဆင္ေနခ်ိန္ စြန္ရဲ(ခ)Kaung sat အေကာင့္ပိုင္ရွင္ ေကာင္းဆက္လြင္ (CDM စစ္သား)သည္ သစၥာေဖာက္၍ ထြက္ေျပးၿပီး စစ္ေခြးမ်ားအား လမ္းျပေခၚယူခဲ့ရာ အဖြဲ႕မွာ လူစုခြဲ အလုပ္လုပ္ေနခ်ိန္ ျဖစ္ေသာေၾကာင့္ လူအင္အား လက္နက္အင္အား မမွ်တသျဖင့္ စခန္းစြန႔္ခြာ တိမ္းေရွာင္ခဲ့ရပါသည္” လို႔ ရမည္းသင္း Y-PDF က ေဖာ္ျပပါတယ္။

တပ္ဖြဲအေပၚ သစၥာေဖာက္သြားတဲ့ ေကာင္းဆက္လြင္(ခ) စြန္ရဲဟာ မိတၳီလာအေျခစိုက္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား တပ္တက္ေပးရေသာ ပင္မလွ်ပ္စစ္တပ္(BEME)က တပ္သားတစ္ဦးျဖစ္ၿပီး ၂၀၂၂ ဧၿပီမွာ ရမည္းသင္း Y – PDF ထံ CDM အျဖစ္ ခိုလႈံလာသူ ျဖစ္တယ္လို႔ ရမည္သင္း Y – PDF က ေျပာပါတယ္။

“ဟင္းခ်က္စရာ ဆင္းယူရင္းနဲ႔ ႐ြာသား ဆိုင္ကယ္ယူၿပီး ေခြးနဲ႔သြားေပါင္း၊ စခန္းလာဝိုင္းတာပဲ” လို႔ CDM စစ္ သား ေကာင္းဆက္လြင္(စြန္ရဲ)ရဲ႕ သစၥာေဖာက္ၿပီး စစ္အုပ္စုႏွင့္ ေပါင္းကာ စခန္းကို လာစီးနင္းတဲံ အေျခအေနႏွင့္ ပတ္သက္ၿပီး ရမည္းသင္း Y – PDF ဦးေဆာင္သူ လင္းယုန္နက္က MFP ကို ေျပာပါတယ္။

စခန္း စီးနင္းဖ်က္ဆီးခံရေပမယ့္ လက္ရွိမွာ ရမည္းသင္း Y-PDF ရဲေဘာ္ေတြ အႏၲရာယ္ကင္းတယ္လို႔ ဆိုပါတယ္။

ရမည္းသင္း Y-PDF ရဲ႕ ေနာက္ဆုံးႏွစ္ႀကိမ္ စစ္ဆင္ေရးအျဖစ္ ၿပီးခဲ့တဲ့ ဇူလိုင္(၃)ရက္က ရမည္းသင္းၿမိဳ႕နယ္ သဲကြၽန္းအုပ္စု (႐ြာတန္း) အုတ္တ္ဖို (အေနာက္)ေက်း႐ြာ စကစခန႔္ အုပ္ခ်ဳပ္ေရးမႉး ဝင္းျမင့္(ခ)ငါးျဖဴစလင္ ရဲ႕ ေနအိမ္ကို ဗုံးထုတိုက္ခိုက္ခဲ့သလို ဇူလိုင္(၁)ရက္ကလည္း ရမည္းသင္းၿမိဳ႕၊ အုန္းပင္ရပ္ကြက္ေန၊ မႏၲေလးတိုင္းဝန္ႀကီးေဟာင္း ၊ ႀကံ့ဖြံ႕အမတ္ ဦးေက်ာ္ျမင့္ရဲ႕ ေနအိမ္ကို ဗုံးထုတိုက္ခိုက္ခဲ့တယ္လို႔ ရမည္းသင္း Y-PDF က ထုတ္ျပန္ထားပါတယ္။

CDM စစ္သား သစၥာေဖာက္လို႔ ရမည္းသင္း Y-PDF စခန္း စီးနင္းဖ်က္ဆီးခံရစဥ္/Photo – ရမည္းသင္း Y-PDF

CDM စစ်သား သစ္စာဖောက်လို့ ရမည်းသင်း Y-PDF စခန်း စီးနင်းခံရ၊ လက်နက်နှင့်ရိက္ခာ ကျပ်သိန်း(၂၀၀)ဖိုး ဆုံးရှုံး ဟုဆို၊

MFP ၊ သြဂုတ် – ၄

CDM စစ်သား ကောင်းဆက်လွင် ဆိုသူက သစ္စာဖောက်ကာ စခန်းက ထွက်ပြေးသွားပြီး စစ်အုပ်စုကို လမ်းပြ ခေါ်လာတဲ့အတွက် ရမည်းသင်း Y-PDF – People Defence Force Yamethin စခန်း စီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာ စုစုပေါင်း ကျပ်သိန်း(၂၀၀)ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ ရမည်းသင်း Y-PDF က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၃၀)ရက် နေ့လည်(၂)နာရီက မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအနီးမှာ ရှိတဲ့ ရမည်းသင်း Y-PDF ရဲ့ ယာယီစခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်း ၊ ရိက္ခာနှင့် ဆိုင်ကယ် သုံးစီး အပါအဝင် ကျပ်သိန်း(၂၀၀)ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“Y-PDF Yamethin ယာယီစခန်းအား ဇူလိုင်(၃၀)ရက် နေပလည်(၂)နာရီတွင် စစ်ခွေးများ ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရပါသည်။ ဖြစ်စဉ်မှာ ၎င်းရက်နေ့ ညနေတွင် Mission ပြုလုပ်ရန် အသီးသီး တာဝန်ခွဲဝေ ပြင်ဆင်နေချိန် စွန်ရဲ(ခ)Kaung sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား)သည် သစ္စာဖောက်၍ ထွက်ပြေးပြီး စစ်ခွေးများအား လမ်းပြခေါ်ယူခဲ့ရာ အဖွဲ့မှာ လူစုခွဲ အလုပ်လုပ်နေချိန် ဖြစ်သောကြောင့် လူအင်အား လက်နက်အင်အား မမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်” လို့ ရမည်းသင်း Y-PDF က ဖော်ပြပါတယ်။

တပ်ဖွဲအပေါ် သစ္စာဖောက်သွားတဲ့ ကောင်းဆက်လွင်(ခ) စွန်ရဲဟာ မိတ္ထီလာအခြေစိုက် လက်နက်ကြီး၊ လက်နက်ငယ်များ တပ်တက်ပေးရသော ပင်မလျှပ်စစ်တပ်(BEME)က တပ်သားတစ်ဦးဖြစ်ပြီး ၂၀၂၂ ဧပြီမှာ ရမည်းသင်း Y – PDF ထံ CDM အဖြစ် ခိုလှုံလာသူ ဖြစ်တယ်လို့ ရမည်သင်း Y – PDF က ပြောပါတယ်။

“ဟင်းချက်စရာ ဆင်းယူရင်းနဲ့ ရွာသား ဆိုင်ကယ်ယူပြီး ခွေးနဲ့သွားပေါင်း၊ စခန်းလာဝိုင်းတာပဲ” လို့ CDM စစ် သား ကောင်းဆက်လွင်(စွန်ရဲ)ရဲ့ သစ္စာဖောက်ပြီး စစ်အုပ်စုနှင့် ပေါင်းကာ စခန်းကို လာစီးနင်းတဲံ အခြေအနေနှင့် ပတ်သက်ပြီး ရမည်းသင်း Y – PDF ဦးဆောင်သူ လင်းယုန်နက်က MFP ကို ပြောပါတယ်။

စခန်း စီးနင်းဖျက်ဆီးခံရပေမယ့် လက်ရှိမှာ ရမည်းသင်း Y-PDF ရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

ရမည်းသင်း Y-PDF ရဲ့ နောက်ဆုံးနှစ်ကြိမ် စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်(၃)ရက်က ရမည်းသင်းမြို့နယ် သဲကျွန်းအုပ်စု (ရွာတန်း) အုတ်တ်ဖို (အနောက်)ကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူး ဝင်းမြင့်(ခ)ငါးဖြူစလင် ရဲ့ နေအိမ်ကို ဗုံးထုတိုက်ခိုက်ခဲ့သလို ဇူလိုင်(၁)ရက်ကလည်း ရမည်းသင်းမြို့၊ အုန်းပင်ရပ်ကွက်နေ၊ မန္တလေးတိုင်းဝန်ကြီးဟောင်း ၊ ကြံ့ဖွံ့အမတ် ဦးကျော်မြင့်ရဲ့ နေအိမ်ကို ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ရမည်းသင်း Y-PDF က ထုတ်ပြန်ထားပါတယ်။

CDM စစ်သား သစ္စာဖောက်လို့ ရမည်းသင်း Y-PDF စခန်း စီးနင်းဖျက်ဆီးခံရစဉ်/Photo – ရမည်းသင်း Y-PDF