Local News

ျမင္းမူနယ္အတြင္း ေတာက်ီးကန္းစစ္ဆင္ေရးစစ္ေၾကာင္းက ၿခဳံခိုတိုက္ခိုက္လို႔

ျမင္းမူနယ္အတြင္း ေတာက်ီးကန္းစစ္ဆင္ေရးစစ္ေၾကာင္းက ၿခဳံခိုတိုက္ခိုက္လို႔ စစ္ေကာင္စီတပ္ဘက္က ၁၇ ဦးေသဆုံး

ျမင္းမူ၊ ဩဂုတ္ ၅၊ ၂၀၂၂။

ျမင္းမူနယ္အတြင္း ေက်း႐ြာေတြက ပစၥည္းေတြကို ျခင္းၾကားေတြနဲ႔ ခိုးသယ္သြားတဲ့ စစ္သား ၆၄ ေယာက္ကို ေတာက်ီးကန္းစစ္ဆင္ေရးတပ္ဖြဲ႕ဝင္ ၇ ဦးက ၾကားျဖတ္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္သား ၁၇ ဦး ေသဆုံးခဲ့တယ္လို႔ ZERO ေျပာက္က်ားတပ္ဖြဲ႕ထံမွ သိရပါတယ္။

စစ္ကိုင္းတိုင္း၊ ျမင္းမူအရာေတာ္နယ္စပ္၊ ႐ြာသာနဲ႔ မင္း႐ြာေက်း႐ြာၾကားရွိ ေက်း႐ြာေတြအတြင္းက ပစၥည္းေတြကို ျခင္းၾကားေတြနဲ႔ ထမ္းပိုးကာ ခိုးယူသြားတဲ့ စစ္သား ၆၄ ေယာက္ကို နယ္ေျမခံ PDF တပ္ဖြဲ႕ဝင္ေတြစုေပါင္းၿပီး ဩဂုတ္လ ၄ ရက္ေန႔က ေတာက်ီးကန္းစစ္ဆင္ေရးတပ္ဖြဲ႕ဝင္ ၇ ဦးက ေပ ၁၅၀ အကြာတြင္ ၾကားျဖတ္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ) ေခါင္းေဆာင္က ေျမလတ္အသံကို ေျပာပါတယ္။

“ျမင္းမူနဲ႔ အရာေတာ္နယ္စပ္ ႐ြာသာ႐ြာကေန ထြက္သြားတဲ့အခ်ိန္မွာ သူတို႔ကိုလိုက္ေထာက္တယ္။ သူတို႔သြားမဲ့လမ္းေၾကာင္းကို Drone ၁ စီးဝဲၿပီး၊ က်ေနာ္တို႔ မီတာ ၁၅၀ အကြာကေနျဖတ္ေစာင့္လိုက္တယ္၊ သူတို႔လယ္ကြင္းထဲေရာက္တာနဲ႔ ေတာက်ီးကန္း ၇ ေကာင္က မနက္ ၁၀ နာရီခြဲမွာ ၾကားျဖတ္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္။

ျပည္သူေတြရဲ႕ပစၥည္းေတြကိုသယ္လာၿပီးျခင္းၾကားႀကီးေတြလြယ္ထားတဲ့ ၁၇ ေကာင္ကေတာ့ တုံးလုံးပတ္လက္နဲ႔ဇီဝိန္ခ်ဳပ္သြားေအာင္ပစ္ခတ္ႏိုင္ခဲ့ပါတယ္” လို႔ ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ) ေခါင္းေဆာင္က ေျပာပါတယ္။

စစ္ေကာင္စီဘက္က ေသဆုံးသြားစစ္သားေတြရဲ႕ အေလာင္းေတြကို ဒီကေန႔မနက္ပိုင္းအထိ လာမေကာက္ေသးဘူးလို႔သိရၿပီး၊ တိုက္ပြဲျဖစ္ပြားေနခ်ိန္အတြင္း လက္နက္ႀကီး၊

လက္နက္ငယ္ေတြနဲ႔အျပင္ စစ္ရဟတ္ယာဥ္ပစ္ကူေပးခဲ့ရတဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့ၿပီး PDF ရဲေဘာ္ေတြရဲ႕ေတာက်ီးကန္းစစ္ဆင္ေရးတပ္ဖြဲ႕ဝင္ေတြ အႏၲရယ္ကင္းစြာနဲ႔ဆုတ္ခြာႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ပုံစာ ။ ။ ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)ရဲ႕ ေတာက်ီးကန္းစစ္ဆင္ေရးမွ ေတာက်ီးကန္း ၇ ေကာင္

ေျမလတ္အသံ

မြင်းမူနယ်အတွင်း တောကျီးကန်းစစ်ဆင်ရေးစစ်ကြောင်းက ခြုံခိုတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဘက်က ၁၇ ဦးသေဆုံး

မြင်းမူ၊ ဩဂုတ် ၅၊ ၂၀၂၂။

မြင်းမူနယ်အတွင်း ကျေးရွာတွေက ပစ္စည်းတွေကို ခြင်းကြားတွေနဲ့ ခိုးသယ်သွားတဲ့ စစ်သား ၆၄ ယောက်ကို တောကျီးကန်းစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၇ ဦးက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူအရာတော်နယ်စပ်၊ ရွာသာနဲ့ မင်းရွာကျေးရွာကြားရှိ ကျေးရွာတွေအတွင်းက ပစ္စည်းတွေကို ခြင်းကြားတွေနဲ့ ထမ်းပိုးကာ ခိုးယူသွားတဲ့ စစ်သား ၆၄ ယောက်ကို နယ်မြေခံ PDF တပ်ဖွဲ့ဝင်တွေစုပေါင်းပြီး ဩဂုတ်လ ၄ ရက်နေ့က တောကျီးကန်းစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၇ ဦးက ပေ ၁၅၀ အကွာတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင်က မြေလတ်အသံကို ပြောပါတယ်။

“မြင်းမူနဲ့ အရာတော်နယ်စပ် ရွာသာရွာကနေ ထွက်သွားတဲ့အချိန်မှာ သူတို့ကိုလိုက်ထောက်တယ်။ သူတို့သွားမဲ့လမ်းကြောင်းကို Drone ၁ စီးဝဲပြီး၊ ကျနော်တို့ မီတာ ၁၅၀ အကွာကနေဖြတ်စောင့်လိုက်တယ်၊ သူတို့လယ်ကွင်းထဲရောက်တာနဲ့ တောကျီးကန်း ၇ ကောင်က မနက် ၁၀ နာရီခွဲမှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။

ပြည်သူတွေရဲ့ပစ္စည်းတွေကိုသယ်လာပြီးခြင်းကြားကြီးတွေလွယ်ထားတဲ့ ၁၇ ကောင်ကတော့ တုံးလုံးပတ်လက်နဲ့ဇီဝိန်ချုပ်သွားအောင်ပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသွားစစ်သားတွေရဲ့ အလောင်းတွေကို ဒီကနေ့မနက်ပိုင်းအထိ လာမကောက်သေးဘူးလို့သိရပြီး၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လက်နက်ကြီး၊

လက်နက်ငယ်တွေနဲ့အပြင် စစ်ရဟတ်ယာဉ်ပစ်ကူပေးခဲ့ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF ရဲဘော်တွေရဲ့တောကျီးကန်းစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ အန္တရယ်ကင်းစွာနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ ။ ။ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ရဲ့ တောကျီးကန်းစစ်ဆင်ရေးမှ တောကျီးကန်း ၇ ကောင်

မြေလတ်အသံ