Local News

KBZ ဘဏ္ခြဲ ၂ ေရွ႕တြင္ ရဲမႉးကိုကိုလြင္ အပါ၀င္ ရဲအုပ္တစ္ဦးပါ

KBZ ဘဏ္ခြဲ ၂ ေရွ႕တြင္ ရဲမႉးကိုကိုလြင္ အပါ၀င္ ရဲအုပ္တစ္ဦးပါ ပ-စ္သ–တ္ခံရ

ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု ေမွာ္ရွန္ေက်း႐ြာရွိ KBZ ဘဏ္ခြဲ ၂ ေရွ႕တြင္ ဩဂုတ္လ ၃ရက္ေန႔ ရဲမႉးကိုကိုလြင္ ပစ္သတ္ခံရမႈ ျဖစ္စဥ္တြင္ ရဲအုပ္တစ္ဦးပါ က်ည္ထိမွန္ခဲ့ၿပီး ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဩဂုတ္လ ၃ ရက္ေန႔ နံနက္ ၇ နာရီခြဲအခ်ိန္ ေမွာ္ရွန္ရပ္ကြက္ရွိ KBZ ဘဏ္ခြဲ ၂ ေရွ႕တြင္ ရဲမႉးကိုကိုလြင္ ႏွင့္ အတူပါလာသည့္ ရဲအုပ္တို႔ကို အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ခုက ကားတစ္စီးျဖင့္ ေရာက္လာ၍ ေသနတ္ျဖင့္ ၁၁ ခ်က္ ထက္မနည္း လာေရာက္ပစ္ခတ္ခဲ့ေသာေၾကာင့္ ရဲအရာရွိ ၂ဦးေသဆုံးသြားခဲ့သည္ဟု ဖားကန႔္ေဒသခံ အမ်ိဳးသားတစ္ဦးက KNG ကိုေျပာဆိုသည္။

“အဲ့ေန႔တုန္းက ‌ႏွစ္ေယာက္‌ေသတာဟုတ္တယ္။ ဒါေပမယ့္ တစ္ေယာက္ထဲေသတယ္ဆိုၿပီး သိၾကတယ္။ အမွန္ေတာ့ သုံးပြင့္တစ္ေယာက္နဲ႔ ႏွစ္ပြင့္တစ္ေယာေပါ့။ ရဲမႉးကိုကိုလြင္ပဲမဟုတ္ဘူး ရဲအုပ္တစ္ေယာက္ပါတယ္။

ကားဒ႐ိုင္ဘာခန္းကို အဝင္မွာ ရဲမႉးကိုပစ္လိုက္တာ ၁၁ ခ်က္ပစ္လိုက္တာ။ အဲ့မွာ စပယ္ယာခုံမွာထိုင္ေနတဲ့ ရဲအုပ္ရဲ႕ ဗိုက္နဲ႔ေပါင္မွာ သြားမွန္တာ။ ေခ်ာင္းပစ္တဲ့လူက အဓိကရဲမႉးကိုပဲ ေသခ်ာပစ္တာ ရဲအုပ္ကိုက်ေတာ့မေသခ်ာဘူး။ ေနာက္အဲ့ရဲအုပ္ ေဆး႐ုံေရာက္တဲ့ခါက်ေတာ့ေသြးလြန္ၿပီး ေသသြားတယ္။ အေလာင္းကိုလည္းအဲ့ေန႔မွာပဲသူ႔တို႔ကားေတြနဲ႔လာသယ္သြားတာ”ဟုေျပာဆိုသည္။

ေသဆုံးသြားသည့္ ရဲအုပ္သည္ အသစ္ေရာက္လာသည့္ ရဲအုပ္ျဖစ္ႏိုင္ေသာေၾကာင့္ မည္သူမည္ဝါျဖစ္သည္ကို မသိရွိရဟု ေဒသခံမ်ားေျပာသည္။

ပစ္သတ္ခံလိုက္ရသည့္ ရဲမႉးကိုကိုလြင္သည္ ၿပီးခဲ့သည့္ ဇူလိုင္လ ဆိုင္းေတာင္သပိတ္စစ္ေၾကာင္းမွ ျပန္လာသည့္ ျပည္သူ ၈ ဦး ဖမ္းဆီးခံရသည့္ ျဖစ္စဥ္တြင္ ပါဝင္ပတ္သက္ခဲ့ေသာေၾကာင့္ ပစ္သတ္ခံရျခင္း ျဖစ္ႏိုင္သည္ဟု ေဒသခံမ်ားေျပာဆိုသည္။

ဖားကန႔္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီႏွင့္ ပူးေပါင္းသည့္အုပ္ခ်ဳပ္ေရးမႉး ဒလန္ ၊ စစ္ေကာင္စီ သတင္းေပးမ်ား သတ္ခံရမႈမွာ လက္ရွိအခ်ိန္ထိ ၂၀ ဦး ေက်ာ္ေနၿပီ ျဖစ္သည္။

ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု ေမွာ္ရွန္ေက်း႐ြာရွိ KBZ ဘဏ္ခြဲ ၂ ေရွ႕တြင္ ၾသဂုတ္လ ၃ ရက္ေန႔က ရဲမႉးကိုကိုလြင္ ပစ္သတ္ခံရမႈ ျဖစ္စဥ္တြင္ ၎ႏွင့္အတူပါလာၿပီး ကားထဲတြင္ရွိေနသည့္ ရဲအုပ္တစ္ဦးပါ က်ည္ထိမွန္ခဲ့ၿပီး ဖားကန႔္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း ေသြးထြက္လြန္၍ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံ မွ သိရသည္။source-Kachin News Group

KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် အပါဝင် ရဲအုပ်တစ်ဦးပါ ပ-စ်သ–တ်ခံရ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ဩဂုတ်လ ၃ရက်နေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မှော်ရှန်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် နှင့် အတူပါလာသည့် ရဲအုပ်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ကားတစ်စီးဖြင့် ရောက်လာ၍ သေနတ်ဖြင့် ၁၁ ချက် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲအရာရှိ ၂ဦးသေဆုံးသွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောဆိုသည်။

“အဲ့နေ့တုန်းက ‌နှစ်ယောက်‌သေတာဟုတ်တယ်။ ဒါပေမယ့် တစ်ယောက်ထဲသေတယ်ဆိုပြီး သိကြတယ်။ အမှန်တော့ သုံးပွင့်တစ်ယောက်နဲ့ နှစ်ပွင့်တစ်ယောပေါ့။ ရဲမှူးကိုကိုလွင်ပဲမဟုတ်ဘူး ရဲအုပ်တစ်ယောက်ပါတယ်။

ကားဒရိုင်ဘာခန်းကို အဝင်မှာ ရဲမှူးကိုပစ်လိုက်တာ ၁၁ ချက်ပစ်လိုက်တာ။ အဲ့မှာ စပယ်ယာခုံမှာထိုင်နေတဲ့ ရဲအုပ်ရဲ့ ဗိုက်နဲ့ပေါင်မှာ သွားမှန်တာ။ ချောင်းပစ်တဲ့လူက အဓိကရဲမှူးကိုပဲ သေချာပစ်တာ ရဲအုပ်ကိုကျတော့မသေချာဘူး။ နောက်အဲ့ရဲအုပ် ဆေးရုံရောက်တဲ့ခါကျတော့သွေးလွန်ပြီး သေသွားတယ်။ အလောင်းကိုလည်းအဲ့နေ့မှာပဲသူ့တို့ကားတွေနဲ့လာသယ်သွားတာ”ဟုပြောဆိုသည်။

သေဆုံးသွားသည့် ရဲအုပ်သည် အသစ်ရောက်လာသည့် ရဲအုပ်ဖြစ်နိုင်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရဟု ဒေသခံများပြောသည်။

ပစ်သတ်ခံလိုက်ရသည့် ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ပြည်သူ ၈ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အုပ်ချုပ်ရေးမှူး ဒလန် ၊ စစ်ကောင်စီ သတင်းပေးများ သတ်ခံရမှုမှာ လက်ရှိအချိန်ထိ ၂၀ ဦး ကျော်နေပြီ ဖြစ်သည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် သြဂုတ်လ ၃ ရက်နေ့က ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် ၎င်းနှင့်အတူပါလာပြီး ကားထဲတွင်ရှိနေသည့် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သွေးထွက်လွန်၍ သေဆုံးသွားကြောင်း ဒေသခံများထံ မှ သိရသည်။source-Kachin News Group