Local News

မိုင္း မေတာ္တဆေပါက္ကြဲၿပီး PDF တပ္ဖြဲ႕ဝင္ ငါးဦး က်ဆုံး

မိုင္း မေတာ္တဆေပါက္ကြဲၿပီး PDF တပ္ဖြဲ႕ဝင္ ငါးဦး က်ဆုံး

ဩဂုတ္လ ၄ ရက္ မေန႔က စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ မႏၲေလး – ေ႐ႊဘိုကားလမ္းေဘး တစ္ေနရာမွာ လက္လုပ္မိုင္း တပ္ဆင္ရာကေန မိုင္း မေတာ္တဆေပါက္ကြဲၿပီး ဝက္လက္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ငါးဦး ေသဆုံးခဲ့တယ္လို႔ အဲဒီအဖြဲ႕ တပ္ဖြဲ႕ဝင္ေတြက ေျပာပါတယ္။

မႏၲေလး – ေ႐ႊဘိုကားလမ္းမေပၚ ျဖတ္သန္းသြားလာေနတဲ့ စစ္ေကာင္စီတပ္ကို မိုင္းဆြဲတိုက္ခိုက္ဖို႔ ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက မိုင္းဆင္ေနစဥ္ ႐ုတ္တရက္ ေပါက္ကြဲမႈျဖစ္ၿပီး တပ္ဖြဲ႕ဝင္ ငါးဦး ေသဆုံးခဲ့တာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ဝက္လက္ၿမိဳ႕နယ္ PDF တပ္ဖြဲ႕ဝင္တစ္ဦးက RFA ကို အတည္ျပဳေျပာဆိုပါတယ္။

“စစ္ေကာင္စီတပ္လာတယ္ဆိုၿပီး မိုင္းဆင္တာ ေျခာက္ေယာက္၊ အဲဒီထဲက ငါးေယာက္ ဆုံးတယ္။ တစ္ေယာက္ကေတာ့ ထိခိုက္ဒဏ္ရာရတယ္၊ မေန႔ကပဲ က်ေနာ္တို႔ သၿဂႋဳဟ္ၿပီးစီးတယ္။ ဒဏ္ရာရတဲ့တစ္ေယာက္ကိုေတာ့ ေဆးကုသမႈေတြ လုပ္ေပးေနပါတယ္”

အင္အားႀကီး စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ဝက္လက္ၿမိဳ႕နယ္ PDF အဖြဲ႕ဟာ လက္နက္မလုံေလာက္တာေၾကာင့္ လက္လုပ္မိုင္းေတြကို အားကိုးတိုက္ခိုက္ေနရၿပီး နည္းပညာ အားနည္းခ်က္ေၾကာင့္ အခုလို တပ္ဖြဲ႕ဝင္ ငါးဦး ေသဆုံးရတာလို႔လည္း သူက ဆက္ေျပာပါတယ္။

ေသဆုံးခဲ့သူေတြဟာ ဝက္လက္ၿမိဳ႕နယ္ထဲမွာ လႈပ္ရွားေနတဲ့ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ အမ်ိဳးသား ငါးဦးျဖစ္ၿပီး နာမည္နဲ႔အသက္ေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။

အခုျဖစ္ရပ္နဲ႔ ပတ္သက္လို႔ RFA က သီးျခားအတည္မျပဳႏိုင္ေသးသလို စစ္ေကာင္စီဘက္ကလည္း တစ္စုံတစ္ရာ ထုတ္ျပန္လာတာမ်ိဳး မရွိေသးပါဘူး။

စစ္ကိုင္းတိုင္းထဲက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ စစ္ေကာင္စီတပ္ကို တိုက္ခိုက္တဲ့အခါ လက္နက္အင္အား မမွ်တာေၾကာင့္ ထိုးစစ္ေတြ ေဖာ္ေဆာင္တာမ်ိဳး မလုပ္ႏိုင္ဘဲ ေျပာက္က်ားနည္းစနစ္ျဖစ္တဲ့ မိုင္းဆြဲတိုက္ခိုက္တာ၊ ၾကားျဖတ္တိုက္ခိုက္တာေတြကို အဓိကျပဳလုပ္ေနတာလို႔လည္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ေျပာပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေတာ့ အာဏာသိမ္း ၁၈ လအတြင္း PDF ေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ ရဟန္းသံဃာ၊ အစိုးရအဖြဲ႕ဝန္ထမ္း၊ အုပ္ခ်ဳပ္ေရးဆိုင္ရာတာဝန္ရွိသူေတြအပါအဝင္ အရပ္သား ၃၄၈၃ ဦး ေသဆုံးခဲ့ေၾကာင္း ဩဂုတ္ ၁ ရက္ မိန႔္ခြန္းမွာ ထည့္သြင္းေျပာဆိုပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ဩဂုတ္လ ၄ ရက္ေန႔ထိ စာရင္းေတြအရ ရဲနဲ႔ စစ္တပ္ရဲ႕ ဖိႏွိပ္သတ္ျဖတ္မႈေတြေၾကာင့္ အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဒီမိုကေရစီေရးလႈပ္ရွားသူေတြနဲ႔ အရပ္သားျပည္သူ ၂၁၅၇ ဦး ေသဆုံးၿပီး ၁၁,၈၉၄ ဦး ဖမ္းဆီးခံထားရပါတယ္။source-RFA

မိုင်း မတော်တဆပေါက်ကွဲပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ကျဆုံး

ဩဂုတ်လ ၄ ရက် မနေ့က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မန္တလေး – ရွှေဘိုကားလမ်းဘေး တစ်နေရာမှာ လက်လုပ်မိုင်း တပ်ဆင်ရာကနေ မိုင်း မတော်တဆပေါက်ကွဲပြီး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မန္တလေး – ရွှေဘိုကားလမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆင်နေစဉ် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပြီး တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်လက်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

“စစ်ကောင်စီတပ်လာတယ်ဆိုပြီး မိုင်းဆင်တာ ခြောက်ယောက်၊ အဲဒီထဲက ငါးယောက် ဆုံးတယ်။ တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်၊ မနေ့ကပဲ ကျနော်တို့ သင်္ဂြိုဟ်ပြီးစီးတယ်။ ဒဏ်ရာရတဲ့တစ်ယောက်ကိုတော့ ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်”

အင်အားကြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ် PDF အဖွဲ့ဟာ လက်နက်မလုံလောက်တာကြောင့် လက်လုပ်မိုင်းတွေကို အားကိုးတိုက်ခိုက်နေရပြီး နည်းပညာ အားနည်းချက်ကြောင့် အခုလို တပ်ဖွဲ့ဝင် ငါးဦး သေဆုံးရတာလို့လည်း သူက ဆက်ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ ဝက်လက်မြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား ငါးဦးဖြစ်ပြီး နာမည်နဲ့အသက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့အခါ လက်နက်အင်အား မမျှတာကြောင့် ထိုးစစ်တွေ ဖော်ဆောင်တာမျိုး မလုပ်နိုင်ဘဲ ပြောက်ကျားနည်းစနစ်ဖြစ်တဲ့ မိုင်းဆွဲတိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေကို အဓိကပြုလုပ်နေတာလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အာဏာသိမ်း ၁၈ လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ၊ အစိုးရအဖွဲ့ဝန်ထမ်း၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် အရပ်သား ၃၄၈၃ ဦး သေဆုံးခဲ့ကြောင်း ဩဂုတ် ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၄ ရက်နေ့ထိ စာရင်းတွေအရ ရဲနဲ့ စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၂၁၅၇ ဦး သေဆုံးပြီး ၁၁,၈၉၄ ဦး ဖမ်းဆီးခံထားရပါတယ်။source-RFA