စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာၾကားခဲ့သည့္ လြဲမွားေနေသာ သမိုင္းဆိုင္ရာအခ်က္အလက္မ်ား
ေက်ာ္ႀကီး
အာဏာသိမ္းစစ္ေကာင္စီ၏ (၁၈)ႀကိမ္ေျမာက္သတင္းစာရွင္းလင္းပြဲတြင္ စစ္ေကာင္စီေျပာခြင့္ရ ပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ သမိုင္းဆိုင္ရာ အခ်က္အလက္မ်ားကို လြဲမွားစြာေျပာၾကားခဲ့သည္။မဇၩိမ၏ အခ်က္အလက္စစ္ေဆးသူမ်ားမွ ထိုအခ်က္အလက္အလြဲမ်ားကို ေဖာ္ထုတ္စိစစ္ခဲ့သည္။
ဂဠဳန္ဆရာစံ၏ အမႈကိုလိုက္ေပးသူက ဂဠဳန္ဦးေစာ တစ္ေယာက္တည္းဆိုေသာကိစၥ
သတင္းစာရွင္းလင္းပြဲတြင္ သူရိယေနဝန္းသတင္းဌာန အယ္ဒီတာခ်ဳပ္ဦးမိုးဟိန္းမွ “ဂဠဳန္ဦးေစာသည္ ေသဒဏ္ခ်မွတ္ခံၿပီးခ်ိန္တြင္ သူ၏ေရွ႕ေနမွ ဦးေစာသည္ ႏိုင္ငံ၏ေကာင္းက်ိဳးမ်ားေဆာင္႐ြက္ခဲ့ေသာ ေၾကာင့္ ေသဒဏ္မွကင္းလြတ္ခြင့္ရရန္ ႀကိဳးစားေၾကာင္းႏွင့္ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာ္ေသာ္အပါအဝင္ ေလးဦး ေသဒဏ္ခ်မွတ္သည့္အေပၚ ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕၊
ျပည္ပတြင္ရွိေနသည့္ မီဒီယာမ်ား ျမန္မာႏိုင္ငံတြင္ရွိသည့္ ႏိုင္ငံျခားသံ႐ုံးမ်ားမွ ထုတ္ျပန္ခ်က္မ်ိဳးစုံျဖင့္ ရႈတ္ခ်ဆန႔္က်င္ေနမႈမ်ား ရွိေၾကာင္း၊ ယင္းကိစၥမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္တစ္ဦးအေနျဖင့္ လက္ရွိအစိုးရ၏ သေဘာထားကို က်ယ္က်ယ္ျပန႔္ျပန႔္ တုံ႔ျပန္ေျဖၾကားေပး ေစလိုေၾကာင္း” ေမးျမန္းခဲ့သည္။
ထိုအေမးကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ျပန္လည္ေျဖဆိုရာတြင္ “ဆရာစံရဲ႕အမႈမွာ ဘယ္သူမွ ေရွ႕ေနမလိုက္ ရဲဘူး။ ဘယ္သူပဲေရွ႕ေနလိုက္လဲဆိုေတာ့ ဦးေစာပဲ ေရွ႕ေနလိုက္တယ္။ ဒါေၾကာင့္မို႔ သူက ဂဠဳန္ဦးေစာလို႔ နာမည္တြင္တာျဖစ္တယ္” ဟုထည့္သြင္းေျဖၾကားခဲ့သည္။
၁၃၀၀ ျပည့္ႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ေတာင္သူလယ္သမားအေရးေတာ္ပုံႀကီး၏ ေတာင္သူလယ္သမား ေခါင္းေဆာင္ျဖစ္သည့္ ဆရာစံ၏အမႈတြင္ ဂဠဳန္ဦးေစာတစ္ဦးသာ ေရွ႕ေနလိုက္ေပးခဲ့သည္ဆိုျခင္းျဖစ္သည္။သို႔ေသာ္စာေရးဆရာျမင့္ေဆြ၏ “ဂဠဳန္ဆရာစံရန္ပုံေငြ” စာအုပ္တြင္ ၁၉၃၁ ခု၊ ေအာက္တိုဘာလ ၂၃ ရက္ေန႔ထုတ္ ျမန္မာ့အလင္းသတင္းစာမွေဖာ္ျပခ်က္အရ “ ဆရာစံဘက္မွလိုက္ပါေဆာင္႐ြက္ၾကကုန္ေသာ ဝတ္လုံ ေတာ္ရ ဦးဘေမာ္၊ ဦးဘဟန္၊
ဦးထြန္းေအာင္ေက်ာ္၊ သာယာဝတီဦးျမ၊ ဥပေဒျပဳအမတ္ဦးေမာင္ႀကီး အစရွိေသာ ဝတ္လုံေတာ္ရမ်ားႏွင့္ တိုင္းျပည္လူႀကီးမ်ားက ဘိလပ္ပရီဗီေကာင္စီ ေနာက္ဆုံးအယူခံ လႊတ္ေတာ္ႀကီး၌ အယူခံဝင္ရန္ စီမံေနၾကၿပီဟုသိရွိရေၾကာင္း၊
ယခုအခါ ျမန္မာျပည္မွ ကိုယ္စားလွယ္ႀကီး မ်ားသည္ ဘိလပ္သို႔သြားေရာက္ေနခိုက္ျဖစ္၍ ဆရာစံ၏အယူခံအမႈတြင္ ဝတ္လုံေတာ္ရ ဦးေမာင္ႀကီး၊ ဦးခ်စ္လႈိင္၊ ဦးဘစီ၊ သာယာဝတီဦးပု အစရွိေသာပုဂၢိဳလ္ႀကီးတို႔က မုခ်ပါဝင္ကူညီေဆာင္႐ြက္ၾကမည္ျဖစ္ ေၾကာင္း” ဆရာစံဘက္မွ ေရွ႕ေနလိုက္ပါေဆာင္႐ြက္သည့္ ဝတ္လုံေတာ္ရမ်ား၏အမည္ကို ေဖာ္ျပထားသည္။
တဖန္ စာေရးဆရာရဲေသြးထက္၏ “ပါရဂူဘြဲ႕ရႏိုင္ငံေရးသမားတစ္ဦး သို႔မဟုတ္ အဓိပတိေဒါက္တာ ဘေမာ္” စာအုပ္တြင္ “၁၃၀၀ျပည့္ႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ေတာင္သူလယ္သမားအေရးေတာ္ပုံႀကီးႏွင့္ ႀကဳံ ႀကိဳက္ခဲ့ရာ အေရးေတာ္ပုံအတြင္း ေတာင္သူလယ္သမားေခါင္းေဆာင္ႀကီး ဆရာစံဖမ္းခံရေသာေၾကာင့္ ဆရာစံဘက္တြင္ ဝတ္လုံအျဖစ္ေဆာင္႐ြက္ရာမွ ေဒါက္တာဘေမာ္သည္ ႏိုင္ငံေရးေလာက၌ ထင္ရွားလာ သည္” ဟု ေဖာ္ျပသည္။
ထို႔အျပင္ “ေဒါက္တာဘေမာ္သည္ ၁၉၃၁ ခု ႏိုဝင္ဘာလ ၁၆ ရက္တြင္ ႀကိဳးမိန႔္ေပးခံရေသာ ေတာင္သူ လယ္သမားပုန္ကန္မႈေခါင္းေဆာင္ ဂဠဳန္ဆရာစံအမႈတြင္ ဆရာစံဘက္မွဦးေဆာင္ေခ်ပရာမွ ထင္ရွားလာ သည္” ဟု စာေရးဆရာေမာင္ေဇယ်ာေရးသားသည့္ “ျမန္မာလူေက်ာ္ ၁၀၀” စာအုပ္မွ အဓိပတိေဒါက္တာ ဘေမာ္အပိုင္းတြင္ ေဖာ္ျပထားသည္။
ဤအခ်က္မ်ားကိုၾကည့္လွ်င္ ဆရာစံဘက္မွအမႈလိုက္ပါေဆာင္႐ြက္သူမ်ားမရွိဘဲ ဦးေစာတစ္ဦးသာရွိ သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း၏ေျပာဆိုခ်က္သည္ မွားယြင္းေနၿပီး ဆရာစံဘက္တြင္ ဝတ္လုံေတာ္ရ မ်ားစြာလိုက္ပါေဆာင္႐ြက္ေၾကာင္း သိႏိုင္သည္။
ဦးေစာသည္ ေတာင္သူလယ္သမား ေတာ္လွန္ေရးေခါင္းေဆာင္ႀကီး ဂဠဳန္ဆရာစံ၏ေနာက္လိုက္ ဂဠဳန္ တပ္ဖြဲ႕ဝင္မ်ားကိုသာေရွ႕ေနလိုက္ေပးခဲ့ျခင္းျဖစ္ၿပီး ဥပေဒျပဳလႊတ္ေတာ္အစည္းအေဝးတြင္ ဆရာစံ ေတာင္သူလယ္သမားအေရးေတာ္ပုံႏွင့္ပတ္သက္၍ အဂၤလိပ္အစိုးရ၏ အေရးယူေဆာင္႐ြက္မႈမ်ားကို ျပင္း ျပင္းထန္ထန္ေဝဖန္ေျပာၾကားရာ ထိုစဥ္ကျပည္ထဲေရးအတြင္းဝန္ မစၥတာဘုသ္ဂေရဗလီ (Mr. Booth Gravely)က ဦးေစာအား “ေမာင္မင္း ဂဠဳန္ျဖစ္လာၿပီ”ဟု ေျပာၾကားရာမွ ဂဠဳန္ဦးေစာဟုအမည္တြင္ခဲ့ျခင္း ျဖစ္ေၾကာင္း သန္းဝင္းလႈိင္၏ “အထင္ကရျမန္မာ့ႏိုင္ငံေရးေခါင္းေဆာင္မ်ား” စာအုပ္တြင္ ေဖာ္ျပထား သည္။
ဝိုင္အမ္ဘီေအ အသင္းႀကီး စတင္ေပၚေပါက္သည့္ ခုႏွစ္
ဦးမိုးဟိန္း၏အေမးကိုေျဖၾကားရာတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ ၁၉၂၀ ေလာက္မွာမွစၿပီး YMBA တို႔လို အသင္းမ်ိဳးေတြေပၚလာတယ္” ဟု ထည့္သြင္းေျပာၾကားခဲ့သည္။
ဗုဒၶဘာသာကလ်ာဏယု၀အသင္း(ဝိုင္အမ္ဘီေအ) အသင္းႀကီးအေၾကာင္းကို “အဂၤလိပ္နယ္ခ်ဲ႕ အရင္းရွင္ စနစ္ေအာက္သို႔ က်ေရာက္ခဲ့ရေသာ ျမန္မာတိုင္းရင္းသားတို႔သည္ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရးတို႔တြင္ ဖိႏွိပ္ခ်ဳပ္ျခယ္မႈမ်ားကို ေတြ႕ႀကဳံခံစားခဲ့ရသည့္အတြက္ ၁၉၀၆ ခုႏွစ္တြင္ ဝိုင္အမ္ဘီေအအသင္းႀကီး ေပၚ ေပါက္လာခဲ့သည္။ ၁၉၂၀ ခုႏွစ္ ျပည္ၿမိဳ႕တြင္က်င္းပေသာ အဌမအႀကိမ္ ဝိုင္အမ္ဘီေအ ျပည္လုံးကြၽတ္ အစည္းအေဝးႀကီးက ဝိုင္အမ္ဘီေအကို ျမန္မာႏိုင္ငံလုံးဆိုင္ရာျမန္မာအသင္းခ်ဳပ္ႀကီး(ဂ်ီစီဘီေအ)ဟု ေျပာင္းလဲဖြဲ႕စည္းခဲ့သည္” ဟု အဌမတန္း သင္႐ိုးေဟာင္း၏ သမိုင္းဘာသာရပ္ အခန္း (၁) ကိုလိုနီေခတ္ အေၾကာင္းတြင္ ေဖာ္ျပထားသည္။
ဂ်ဴးဒစ္ဘေရာင္းႏွင့္ ဒဘယ္လ်ဴအမ္ရာဂ်ာလူးဝစ္တို႔ႏွစ္ဦးေရးသားထားသည့္ ၿဗိတိသွ်အင္ပါယာ၏ ေအာက္စဖို႔ဒ္သမိုင္း – အတြဲ (၄) ၂၀ ရာစု အပိုင္းတြင္ “ ၁၉၀၆ ခုႏွစ္တြင္ အေနာက္တိုင္းပညာတတ္ အထက္တန္းစားတစ္ဦးက ျမန္မာ့ယဥ္ေက်းမႈႏွင့္ဘာသာတရားကို ျပန္လည္ရွင္သန္ေစရန္ရည္႐ြယ္၍ YMBA ကို တည္ေထာင္ခဲ့သည္” ဟု ေရးသားသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာၾကားသကဲ့သို႔ ဝိုင္အမ္ဘီေအကို (၁၉၂၀)တြင္ စတင္ဖြဲ႕စည္းျခင္းမဟုတ္ဘဲ ၁၉၀၆ ခုႏွစ္ကတည္းကဖြဲ႕စည္းခဲ့ၿပီး ၁၉၂၀ တြင္ ဂ်ီစီဘီေအဟု အမည္ေျပာင္းလည္းျခင္းသာ ျဖစ္သည္။ သက္တမ္းအားျဖင့္ ၁၁၆ ႏွစ္ရွိေနၿပီ ျဖစ္သည္။
စာတည္း ။ ။ ေစာေဖ
Mizzima
စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့သည့် လွဲမှားနေသော သမိုင်းဆိုင်ရာအချက်အလက်များ
ကျော်ကြီး
အာဏာသိမ်းစစ်ကောင်စီ၏ (၁၈)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ သမိုင်းဆိုင်ရာ အချက်အလက်များကို လွဲမှားစွာပြောကြားခဲ့သည်။မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအချက်အလက်အလွဲများကို ဖော်ထုတ်စိစစ်ခဲ့သည်။
ဂဠုန်ဆရာစံ၏ အမှုကိုလိုက်ပေးသူက ဂဠုန်ဦးစော တစ်ယောက်တည်းဆိုသောကိစ္စ
သတင်းစာရှင်းလင်းပွဲတွင် သူရိယနေဝန်းသတင်းဌာန အယ်ဒီတာချုပ်ဦးမိုးဟိန်းမှ “ဂဠုန်ဦးစောသည် သေဒဏ်ချမှတ်ခံပြီးချိန်တွင် သူ၏ရှေ့နေမှ ဦးစောသည် နိုင်ငံ၏ကောင်းကျိုးများဆောင်ရွက်ခဲ့သော ကြောင့် သေဒဏ်မှကင်းလွတ်ခွင့်ရရန် ကြိုးစားကြောင်းနှင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော်အပါအဝင် လေးဦး သေဒဏ်ချမှတ်သည့်အပေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊
ပြည်ပတွင်ရှိနေသည့် မီဒီယာများ မြန်မာနိုင်ငံတွင်ရှိသည့် နိုင်ငံခြားသံရုံးများမှ ထုတ်ပြန်ချက်မျိုးစုံဖြင့် ရှုတ်ချဆန့်ကျင်နေမှုများ ရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်ရှိအစိုးရ၏ သဘောထားကို ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဖြေကြားပေး စေလိုကြောင်း” မေးမြန်းခဲ့သည်။
ထိုအမေးကို ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြန်လည်ဖြေဆိုရာတွင် “ဆရာစံရဲ့အမှုမှာ ဘယ်သူမှ ရှေ့နေမလိုက် ရဲဘူး။ ဘယ်သူပဲရှေ့နေလိုက်လဲဆိုတော့ ဦးစောပဲ ရှေ့နေလိုက်တယ်။ ဒါကြောင့်မို့ သူက ဂဠုန်ဦးစောလို့ နာမည်တွင်တာဖြစ်တယ်” ဟုထည့်သွင်းဖြေကြားခဲ့သည်။
၁၃၀၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် တောင်သူလယ်သမားအရေးတော်ပုံကြီး၏ တောင်သူလယ်သမား ခေါင်းဆောင်ဖြစ်သည့် ဆရာစံ၏အမှုတွင် ဂဠုန်ဦးစောတစ်ဦးသာ ရှေ့နေလိုက်ပေးခဲ့သည်ဆိုခြင်းဖြစ်သည်။သို့သော်စာရေးဆရာမြင့်ဆွေ၏ “ဂဠုန်ဆရာစံရန်ပုံငွေ” စာအုပ်တွင် ၁၉၃၁ ခု၊ အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှဖော်ပြချက်အရ “ ဆရာစံဘက်မှလိုက်ပါဆောင်ရွက်ကြကုန်သော ဝတ်လုံ တော်ရ ဦးဘမော်၊ ဦးဘဟန်၊
ဦးထွန်းအောင်ကျော်၊ သာယာဝတီဦးမြ၊ ဥပဒေပြုအမတ်ဦးမောင်ကြီး အစရှိသော ဝတ်လုံတော်ရများနှင့် တိုင်းပြည်လူကြီးများက ဘိလပ်ပရီဗီကောင်စီ နောက်ဆုံးအယူခံ လွှတ်တော်ကြီး၌ အယူခံဝင်ရန် စီမံနေကြပြီဟုသိရှိရကြောင်း၊
ယခုအခါ မြန်မာပြည်မှ ကိုယ်စားလှယ်ကြီး များသည် ဘိလပ်သို့သွားရောက်နေခိုက်ဖြစ်၍ ဆရာစံ၏အယူခံအမှုတွင် ဝတ်လုံတော်ရ ဦးမောင်ကြီး၊ ဦးချစ်လှိုင်၊ ဦးဘစီ၊ သာယာဝတီဦးပု အစရှိသောပုဂ္ဂိုလ်ကြီးတို့က မုချပါဝင်ကူညီဆောင်ရွက်ကြမည်ဖြစ် ကြောင်း” ဆရာစံဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်သည့် ဝတ်လုံတော်ရများ၏အမည်ကို ဖော်ပြထားသည်။
တဖန် စာရေးဆရာရဲသွေးထက်၏ “ပါရဂူဘွဲ့ရနိုင်ငံရေးသမားတစ်ဦး သို့မဟုတ် အဓိပတိဒေါက်တာ ဘမော်” စာအုပ်တွင် “၁၃၀၀ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သည့် တောင်သူလယ်သမားအရေးတော်ပုံကြီးနှင့် ကြုံ ကြိုက်ခဲ့ရာ အရေးတော်ပုံအတွင်း တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံဖမ်းခံရသောကြောင့် ဆရာစံဘက်တွင် ဝတ်လုံအဖြစ်ဆောင်ရွက်ရာမှ ဒေါက်တာဘမော်သည် နိုင်ငံရေးလောက၌ ထင်ရှားလာ သည်” ဟု ဖော်ပြသည်။
ထို့အပြင် “ဒေါက်တာဘမော်သည် ၁၉၃၁ ခု နိုဝင်ဘာလ ၁၆ ရက်တွင် ကြိုးမိန့်ပေးခံရသော တောင်သူ လယ်သမားပုန်ကန်မှုခေါင်းဆောင် ဂဠုန်ဆရာစံအမှုတွင် ဆရာစံဘက်မှဦးဆောင်ချေပရာမှ ထင်ရှားလာ သည်” ဟု စာရေးဆရာမောင်ဇေယျာရေးသားသည့် “မြန်မာလူကျော် ၁၀၀” စာအုပ်မှ အဓိပတိဒေါက်တာ ဘမော်အပိုင်းတွင် ဖော်ပြထားသည်။
ဤအချက်များကိုကြည့်လျှင် ဆရာစံဘက်မှအမှုလိုက်ပါဆောင်ရွက်သူများမရှိဘဲ ဦးစောတစ်ဦးသာရှိ သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောဆိုချက်သည် မှားယွင်းနေပြီး ဆရာစံဘက်တွင် ဝတ်လုံတော်ရ များစွာလိုက်ပါဆောင်ရွက်ကြောင်း သိနိုင်သည်။
ဦးစောသည် တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏နောက်လိုက် ဂဠုန် တပ်ဖွဲ့ဝင်များကိုသာရှေ့နေလိုက်ပေးခဲ့ခြင်းဖြစ်ပြီး ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို ပြင်း ပြင်းထန်ထန်ဝေဖန်ပြောကြားရာ ထိုစဉ်ကပြည်ထဲရေးအတွင်းဝန် မစ္စတာဘုသ်ဂရေဗလီ (Mr. Booth Gravely)က ဦးစောအား “မောင်မင်း ဂဠုန်ဖြစ်လာပြီ”ဟု ပြောကြားရာမှ ဂဠုန်ဦးစောဟုအမည်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သန်းဝင်းလှိုင်၏ “အထင်ကရမြန်မာ့နိုင်ငံရေးခေါင်းဆောင်များ” စာအုပ်တွင် ဖော်ပြထား သည်။
ဝိုင်အမ်ဘီအေ အသင်းကြီး စတင်ပေါ်ပေါက်သည့် ခုနှစ်
ဦးမိုးဟိန်း၏အမေးကိုဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ၁၉၂၀ လောက်မှာမှစပြီး YMBA တို့လို အသင်းမျိုးတွေပေါ်လာတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ) အသင်းကြီးအကြောင်းကို “အင်္ဂလိပ်နယ်ချဲ့ အရင်းရှင် စနစ်အောက်သို့ ကျရောက်ခဲ့ရသော မြန်မာတိုင်းရင်းသားတို့သည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့တွင် ဖိနှိပ်ချုပ်ခြယ်မှုများကို တွေ့ကြုံခံစားခဲ့ရသည့်အတွက် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီး ပေါ် ပေါက်လာခဲ့သည်။ ၁၉၂၀ ခုနှစ် ပြည်မြို့တွင်ကျင်းပသော အဌမအကြိမ် ဝိုင်အမ်ဘီအေ ပြည်လုံးကျွတ် အစည်းအဝေးကြီးက ဝိုင်အမ်ဘီအေကို မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ)ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်” ဟု အဌမတန်း သင်ရိုးဟောင်း၏ သမိုင်းဘာသာရပ် အခန်း (၁) ကိုလိုနီခေတ် အကြောင်းတွင် ဖော်ပြထားသည်။
ဂျူးဒစ်ဘရောင်းနှင့် ဒဘယ်လျူအမ်ရာဂျာလူးဝစ်တို့နှစ်ဦးရေးသားထားသည့် ဗြိတိသျှအင်ပါယာ၏ အောက်စဖို့ဒ်သမိုင်း – အတွဲ (၄) ၂၀ ရာစု အပိုင်းတွင် “ ၁၉၀၆ ခုနှစ်တွင် အနောက်တိုင်းပညာတတ် အထက်တန်းစားတစ်ဦးက မြန်မာ့ယဉ်ကျေးမှုနှင့်ဘာသာတရားကို ပြန်လည်ရှင်သန်စေရန်ရည်ရွယ်၍ YMBA ကို တည်ထောင်ခဲ့သည်” ဟု ရေးသားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားသကဲ့သို့ ဝိုင်အမ်ဘီအေကို (၁၉၂၀)တွင် စတင်ဖွဲ့စည်းခြင်းမဟုတ်ဘဲ ၁၉၀၆ ခုနှစ်ကတည်းကဖွဲ့စည်းခဲ့ပြီး ၁၉၂၀ တွင် ဂျီစီဘီအေဟု အမည်ပြောင်းလည်းခြင်းသာ ဖြစ်သည်။ သက်တမ်းအားဖြင့် ၁၁၆ နှစ်ရှိနေပြီ ဖြစ်သည်။
စာတည်း ။ ။ စောဖေ
Mizzima