Local News

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ မွ နာမည္ႀကီး ဒလန္ ေနနီေအာင္ ကို

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ မွ နာမည္ႀကီး ဒလန္ ေနနီေအာင္ ကို နန္းတြင္း စကစ မွ ႏုတ္ပိတ္ အဆုံးစီရင္

မႏၲေလးတြင္ ယမန္ႏွစ္ PDF မ်ား စီးနင္းဖမ္းဆီးသတ္ျဖတ္ခံရမႈတြင္ စစ္တပ္ကို သတင္းေပးခဲ့သူ ေနနီေအာင္ အသတ္ခံရၿပီး အေလာင္းစြန႔္ပစ္ခံခဲ့ရ ၊ စစ္တပ္က နန္းတြင္းစစ္ေၾကာေရးသို႔ ေနနီေအာင္ကို ေခၚယူ ႏႈတ္ပိတ္လိုက္ဟုဆို

ရန္ကုန္၊ ဩဂုတ္ ၅

မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွ စစ္တပ္ သတင္း ေပးခဲ့သူဟု သတ္မွတ္ခံရသူ ေနနီေအာင္ သည္ ဩဂုတ္လ ၂ ရက္ေန႔တြင္ အသတ္ခံရၿပီး အေလာင္းကို အျမန္လမ္းေဘးတြင္ စြန႔္ပစ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

မႏၲေလး ၊ ခ်မ္ျမသာစည္ၿမိဳ႕နယ္၊ ထြန္းတုံးၿမိဳ႕သစ္ရွိ Apex ေဘာ္ဒါကို ယမန္ ႏွစ္ ဇြန္လ ၂၂ ရက္ေန႔ စစ္တပ္က ဝင္ေရာက္စီးနင္းခဲ့မႈတြင္ PDF ၄ ဦးႏွင့္ ျပည္သူ ၄ ဦး ေသဆုံးကာ PDF ၆ ဦး အဖမ္းခံခဲ့ရေၾကာင္း၊ ယင္းျဖစ္စဥ္တြင္ စစ္တပ္သတင္းေပး အျဖစ္ ေနနီေအာင္က ပါဝင္ေဆာင္႐ြက္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ေနနီေအာင္သည္ ၂၀၂၁ ခုႏွစ္ ဇြန္လ ၂၂ ရက္ေန႔ ထြန္တုံးၿမိဳ႕သစ္၊ Apex ေဘာ္ဒါေဆာင္ စီးနင္းရခံမႈ၏ ေနာက္ ဆက္တြဲ မႏၲေလး PDF ေခါင္းေဆာင္ ဗိုလ္ထြန္းေတာက္ႏိုင္ အပါအဝင္ PDF မ်ား ဖမ္းဆီးခံရျခင္း၊ PDF ၄ ဦးႏွင့္ ျပည္သူ ၄ ဦး ေသဆုံးေစခဲ့မႈတြင္ အဓိက သတင္းေပးခဲ့သူျဖစ္ေၾကာင္း၊ သတင္းေပးခဲ့မႈ ကိုလည္း ၎၏ အသိုင္းအ၀ိုင္းတြင္ ၎ကိုယ္တိုင္ထုတ္ေဖာ္ ဝန္ခံခဲ့ေၾကာင္း၊

ယင္းေနာက္ပိုင္း ေအာင္ပင္လယ္ရဲစခန္းႏွင့္ပူးေပါင္းကာ ျပည္သူမ်ားကို ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္၊ ၿခိမ္းေျခာက္၊ ေငြေၾကးေတာင္းခံ ျပန္လႊတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ဘုန္းႀကီးဝတ္၍ တိမ္းေရွာင္ ေနထိုင္ခဲ့ေၾကာင္း သိရွိရသည္။

ဩဂုတ္လ ၁ ရက္ေန႔တြင္ စစ္တပ္က ေနနီေအာင္ကို နန္းတြင္ စစ္ေၾကာေရးသို႔ ေခၚယူသြားခဲ့ၿပီး ဩ ဂုတ္လ ၂ ရက္ေန႔တြင္ မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္၊ အျမန္လမ္း မိုင္တိုင္ ၃၆၄ ႏွင့္ ၄ ဖာလုံတြင္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ ေနနီေအာင္ႏွင့္အတူ အမ်ိဳးသားတစ္ဦး၏ အေလာင္းကို‌ ေတြ႕ရွိရေၾကာင္း သိရွိရသည္။

“သူ႔ကို နန္းတြင္းထဲေခၚၿပီး စစ္တပ္က ႏႈတ္ပိတ္လိုက္တယ္လို႔ သိရတယ္။ သူနဲ႔ စစ္တပ္နဲ႔ ရဲအၾကားမွာ ညႇိမရတဲ့ကိစၥ ေတြျဖစ္လာတယ္။ သူက တပ္ကို သတင္းေပးသလိုလိုနဲ႔ ဩဇာေပးမႈ ေတြျဖစ္လာတယ္။ အဲဒီမွာလည္း သူနဲ႔ အေတာ္ အဆင္မေျပျဖစ္တယ္။

သူ႔ ဖမ္းခိုင္းလိုက္ ေအာင္ပင္လယ္စခန္းမွာ ဒုကၡေရာက္တဲ့သူေတြလည္းအမ်ားႀကီးပဲ။ ထြန္တုံး ပစ္ခတ္မႈျဖစ္ၿပီးေတာ့ သူက ဘုန္းႀကီးဝတ္နဲ႔ ေရွာင္ေနတာ။ ေနာက္ဆုံးသိရတာက နန္းတြင္းကို သူ႔ေခၚၿပီး ႏႈတ္ပိတ္လိုက္တယ္လို႔သိရပါတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

မႏၲေလးသတင္းရင္းျမစ္ VOMDY ကလည္း ေနနီေအာင္ကို ႏႈတ္ပိတ္ခံခဲ့ရသည့္ သတင္းကို ၾကားသိရၿပီး အျမန္လမ္း တြင္ စြန႔္ပစ္ထားေသာ အေလာင္းမွာလည္း ေနနီေအာင္ျဖစ္ေနသည္ကို အတည္ျပဳႏိုင္ခဲ့ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုသည္။

“အေလာင္းမွာ ေတြ႕ရတဲ့ လက္ေမာင္းတက္တူးနဲ႔ သူ႔လက္ေမာင္းတက္တူးအရ သူျဖစ္ေၾကာင္း အတည္ျပဳႏိုင္တာပါ” ဟု မႏၲေလးသတင္းရင္းျမစ္က ေျပာ သည္။

၂၀၂၁ ခုႏွစ္ဇြန္လ ၂၂ ရက္ေန႔ မႏၲေလး၊ ထြန္တုံးၿမိဳ႕သစ္ရွိ Apex ေဘာ္ဒါ ေဆာင္ကို စစ္တပ္က ဝင္ေရာက္စီးနင္းခဲ့ၿပီး တိုက္ပြဲျဖစ္ပြားခဲ့ကာ စစ္တပ္ဘက္မွ ဒုတိယဗိုလ္မႉးႀကီး ေအာင္မ်ိဳးေက်ာ္အပါအဝင္ အရာရွိမ်ား၊ စစ္သည္မ်ား ေသဆုံးခဲ့သည္။ PDF မ်ားဘက္မွလည္း ၄ ဦးေသဆုံးကာ အမ်ားအျပား အဖမ္းခံခဲ့ရၿပီး PDF ႏွင့္သက္ဆိုင္ျခင္း မရွိသည့္ ျပည္သူ ၄ ဦးမွာလည္း ကားေပၚတြင္ ပစ္သတ္ခံခဲ့ရသည္။source-khit thit

မန္တလေး ချမ်းမြသာစည်မြို့နယ် မှ နာမည်ကြီး ဒလန် နေနီအောင် ကို နန်းတွင်း စကစ မှ နုတ်ပိတ် အဆုံးစီရင်

မန္တလေးတွင် ယမန်နှစ် PDF များ စီးနင်းဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် စစ်တပ်ကို သတင်းပေးခဲ့သူ နေနီအောင် အသတ်ခံရပြီး အလောင်းစွန့်ပစ်ခံခဲ့ရ ၊ စစ်တပ်က နန်းတွင်းစစ်ကြောရေးသို့ နေနီအောင်ကို ခေါ်ယူ နှုတ်ပိတ်လိုက်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၅

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ စစ်တပ် သတင်း ပေးခဲ့သူဟု သတ်မှတ်ခံရသူ နေနီအောင် သည် ဩဂုတ်လ ၂ ရက်နေ့တွင် အသတ်ခံရပြီး အလောင်းကို အမြန်လမ်းဘေးတွင် စွန့်ပစ်ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

မန္တလေး ၊ ချမ်မြသာစည်မြို့နယ်၊ ထွန်းတုံးမြို့သစ်ရှိ Apex ဘော်ဒါကို ယမန် နှစ် ဇွန်လ ၂၂ ရက်နေ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့မှုတွင် PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးကာ PDF ၆ ဦး အဖမ်းခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်တပ်သတင်းပေး အဖြစ် နေနီအောင်က ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နေနီအောင်သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ထွန်တုံးမြို့သစ်၊ Apex ဘော်ဒါဆောင် စီးနင်းရခံမှု၏ နောက် ဆက်တွဲ မန္တလေး PDF ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် အပါအဝင် PDF များ ဖမ်းဆီးခံရခြင်း၊ PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးစေခဲ့မှုတွင် အဓိက သတင်းပေးခဲ့သူဖြစ်ကြောင်း၊ သတင်းပေးခဲ့မှု ကိုလည်း ၎င်း၏ အသိုင်းအဝိုင်းတွင် ၎င်းကိုယ်တိုင်ထုတ်ဖော် ဝန်ခံခဲ့ကြောင်း၊

ယင်းနောက်ပိုင်း အောင်ပင်လယ်ရဲစခန်းနှင့်ပူးပေါင်းကာ ပြည်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၊ ခြိမ်းခြောက်၊ ငွေကြေးတောင်းခံ ပြန်လွှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်၍ တိမ်းရှောင် နေထိုင်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁ ရက်နေ့တွင် စစ်တပ်က နေနီအောင်ကို နန်းတွင် စစ်ကြောရေးသို့ ခေါ်ယူသွားခဲ့ပြီး ဩ ဂုတ်လ ၂ ရက်နေ့တွင် မန္တလေးတိုင်း အမရပူရမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၃၆၄ နှင့် ၄ ဖာလုံတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော နေနီအောင်နှင့်အတူ အမျိုးသားတစ်ဦး၏ အလောင်းကို‌ တွေ့ရှိရကြောင်း သိရှိရသည်။

“သူ့ကို နန်းတွင်းထဲခေါ်ပြီး စစ်တပ်က နှုတ်ပိတ်လိုက်တယ်လို့ သိရတယ်။ သူနဲ့ စစ်တပ်နဲ့ ရဲအကြားမှာ ညှိမရတဲ့ကိစ္စ တွေဖြစ်လာတယ်။ သူက တပ်ကို သတင်းပေးသလိုလိုနဲ့ ဩဇာပေးမှု တွေဖြစ်လာတယ်။ အဲဒီမှာလည်း သူနဲ့ အတော် အဆင်မပြေဖြစ်တယ်။

သူ့ ဖမ်းခိုင်းလိုက် အောင်ပင်လယ်စခန်းမှာ ဒုက္ခရောက်တဲ့သူတွေလည်းအများကြီးပဲ။ ထွန်တုံး ပစ်ခတ်မှုဖြစ်ပြီးတော့ သူက ဘုန်းကြီးဝတ်နဲ့ ရှောင်နေတာ။ နောက်ဆုံးသိရတာက နန်းတွင်းကို သူ့ခေါ်ပြီး နှုတ်ပိတ်လိုက်တယ်လို့သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးသတင်းရင်းမြစ် VOMDY ကလည်း နေနီအောင်ကို နှုတ်ပိတ်ခံခဲ့ရသည့် သတင်းကို ကြားသိရပြီး အမြန်လမ်း တွင် စွန့်ပစ်ထားသော အလောင်းမှာလည်း နေနီအောင်ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

“အလောင်းမှာ တွေ့ရတဲ့ လက်မောင်းတက်တူးနဲ့ သူ့လက်မောင်းတက်တူးအရ သူဖြစ်ကြောင်း အတည်ပြုနိုင်တာပါ” ဟု မန္တလေးသတင်းရင်းမြစ်က ပြော သည်။

၂၀၂၁ ခုနှစ်ဇွန်လ ၂၂ ရက်နေ့ မန္တလေး၊ ထွန်တုံးမြို့သစ်ရှိ Apex ဘော်ဒါ ဆောင်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်အပါအဝင် အရာရှိများ၊ စစ်သည်များ သေဆုံးခဲ့သည်။ PDF များဘက်မှလည်း ၄ ဦးသေဆုံးကာ အများအပြား အဖမ်းခံခဲ့ရပြီး PDF နှင့်သက်ဆိုင်ခြင်း မရှိသည့် ပြည်သူ ၄ ဦးမှာလည်း ကားပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။source-khit thit