Local News

အညာ စစ္ေဘးသင့္ ျပည္သူတခ်ိဳ႕ ေတာင္းရမ္း စားေသာက္ေနရ၊

အညာ စစ္ေဘးသင့္ ျပည္သူတခ်ိဳ႕ ေတာင္းရမ္း စားေသာက္ေနရ၊

MFP ၊ ၾသဂုတ္ – ၅

စစ္အုပ္စုက အရင္လို တစ္႐ြာတည္းကြက္ၿပီး မီးရႈိ႕တာမဟုတ္ဘဲ တနယ္လုံးကို လုယက္ ဓားျပတိုက္ မီးရႈိ႕ ဖ်က္ဆီးခ်ိန္မွာေတာ့ မစာဥတို႔လို ေဒသခံ ျပည္သူတခ်ိဳ႕ အတြက္ အရပ္တကာလွည့္ ေတာင္းရမ္း စားေသာက္႐ုံက လြဲၿပီး တျခားေ႐ြးခ်ယ္စရာ နည္းလမ္း မရွိေတာ့ပါဘူး။

ယခင္က ႐ြာတစ္႐ြာ မီးရႈိ႕ခံရလွ်င္ နီးစပ္ရာ ဘုန္းႀကီးေက်ာင္းေတြ၊ တျခား႐ြာက ေဆြမ်ိဳးမိတ္ေဆြ ေတြဆီ သြားေရာက္ခိုလႈံၿပီး ယာယီအားျဖင့္ စားေသာက္ေနထိုင္ေရး အဆင္ေျပခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ တနယ္လုံး မီးရႈိ႕ခံရၿပီး “ေတာင္မင္းကို ေျမာက္မင္း မကယ္ႏိုင္” အေျခအေနေတြ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ကူညီေထာက္ပံ့မႈ မရွိ၊ အလုပ္လုပ္ႏိုင္ေပမယ့္ အလုပ္ေပးမယ့္သူ မရွိတဲ့ အေျခအေနမွာ ေတာင္းမစားရင္ ထမင္းငတ္မွာမို႔ အရွက္သိကၡာကို ရင္းၿပီး အလႉခံ စားေသာက္ ေနရတာလို႔ မစာဥတို႔က ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီး တစ္ႏွစ္ခြဲအတြင္း စစ္အုပ္စုရဲ႕ ႐ြာစဥ္ပတ္ေမႊ လုယက္ဓားျပတိုက္ ေသာင္းက်န္းမႈ၊ မီးရႈိ႕ဖ်က္ဆီးမႈေတြ အပါအဝင္ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ႏိုင္ငံတဝန္း စစ္ေျပးျပည္သူ (၁၂)သိန္းေက်ာ္ ရွိေနပါတယ္။ အဲ့ဒီအထဲက စစ္ေျပးျပည္သူ ရွစ္သိန္းေက်ာ္ဟာ စစ္အာဏာသိမ္းၿပီးေနာက္မွ ထပ္တိုးလာတာလို႔ ကုလသမဂၢ လူသားခ်င္း စာနာမႈဆိုင္ရာ ေပါင္းစပ္ ညႇိႏိူင္းေရး႐ုံး (UNOCHA) က ထုတ္ျပန္ပါတယ္။

စစ္ကိုင္းတိုင္းမွာ လူဦးေရ ႏွစ္သိန္းေျခာက္ေသာင္းေက်ာ္ စစ္ေျပးေနရၿပီး အဲ့ဒီအထဲက မစာဥတို႔ အပါအဝင္ ေသာင္းခ်ီတဲ့ ျပည္သူေတြရဲ႕ ေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံထားရပါတယ္။ မစာဥတို႔လို စစ္ကိုင္းတိုင္းထဲက စစ္ေျပးျပည္သူေတြအတြက္ ျပည္တြင္းျပည္ပ မည္သည့္ ပုဂၢိဳလ္၊ အဖြဲ႕အစည္းကမွ ထိေရာက္တဲ့ ပံ့ပိုးကူညီမႈ မရွိပါဘူး။

စစ္အုပ္စုက ႐ြာလုံးကြၽတ္၊ နယ္လုံးကြၽတ္ ေနအိမ္ႏွင့္ ပိုင္ဆိုင္သမွ်ပစၥည္းေတြ လုယက္ မီးရႈိ႕ ဖ်က္ဆီးသြားခ်ိန္ စားဝတ္ေနေရးအတြက္ အလႉခံ ေတာင္းရမ္း စားေသာက္ေနရတဲ့ စစ္ေဘးသင့္ ျပည္သူတခ်ိဳ႕အေၾကာင္း MFP က တင္ဆက္ ထားပါတယ္။

အညာ စစ်ဘေးသင့် ပြည်သူတချို့ တောင်းရမ်း စားသောက်နေရ၊

MFP ၊ သြဂုတ် – ၅

စစ်အုပ်စုက အရင်လို တစ်ရွာတည်းကွက်ပြီး မီးရှို့တာမဟုတ်ဘဲ တနယ်လုံးကို လုယက် ဓားပြတိုက် မီးရှို့ ဖျက်ဆီးချိန်မှာတော့ မစာဥတို့လို ဒေသခံ ပြည်သူတချို့ အတွက် အရပ်တကာလှည့် တောင်းရမ်း စားသောက်ရုံက လွဲပြီး တခြားရွေးချယ်စရာ နည်းလမ်း မရှိတော့ပါဘူး။

ယခင်က ရွာတစ်ရွာ မီးရှို့ခံရလျှင် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ တခြားရွာက ဆွေမျိုးမိတ်ဆွေ တွေဆီ သွားရောက်ခိုလှုံပြီး ယာယီအားဖြင့် စားသောက်နေထိုင်ရေး အဆင်ပြေခဲ့ပေမယ့် အခုချိန်မှာတော့ တနယ်လုံး မီးရှို့ခံရပြီး “တောင်မင်းကို မြောက်မင်း မကယ်နိုင်” အခြေအနေတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကူညီထောက်ပံ့မှု မရှိ၊ အလုပ်လုပ်နိုင်ပေမယ့် အလုပ်ပေးမယ့်သူ မရှိတဲ့ အခြေအနေမှာ တောင်းမစားရင် ထမင်းငတ်မှာမို့ အရှက်သိက္ခာကို ရင်းပြီး အလှူခံ စားသောက် နေရတာလို့ မစာဥတို့က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း စစ်အုပ်စုရဲ့ ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် သောင်းကျန်းမှု၊ မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း စစ်ပြေးပြည်သူ (၁၂)သိန်းကျော် ရှိနေပါတယ်။ အဲ့ဒီအထဲက စစ်ပြေးပြည်သူ ရှစ်သိန်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက်မှ ထပ်တိုးလာတာလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနိူင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ လူဦးရေ နှစ်သိန်းခြောက်သောင်းကျော် စစ်ပြေးနေရပြီး အဲ့ဒီအထဲက မစာဥတို့ အပါအဝင် သောင်းချီတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရပါတယ်။ မစာဥတို့လို စစ်ကိုင်းတိုင်းထဲက စစ်ပြေးပြည်သူတွေအတွက် ပြည်တွင်းပြည်ပ မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမှ ထိရောက်တဲ့ ပံ့ပိုးကူညီမှု မရှိပါဘူး။

စစ်အုပ်စုက ရွာလုံးကျွတ်၊ နယ်လုံးကျွတ် နေအိမ်နှင့် ပိုင်ဆိုင်သမျှပစ္စည်းတွေ လုယက် မီးရှို့ ဖျက်ဆီးသွားချိန် စားဝတ်နေရေးအတွက် အလှူခံ တောင်းရမ်း စားသောက်နေရတဲ့ စစ်ဘေးသင့် ပြည်သူတချို့အကြောင်း MFP က တင်ဆက် ထားပါတယ်။