Local News

ပ်ာက္က်ားတပ္ဖြဲ႕မွ ေခါင္းေဆာင္ႏွင့္ အဖြဲ႕ဝင္ ၂၁ ဦးအဖမ္းခံရၿပီး

ပ်ာက္က်ားတပ္ဖြဲ႕မွ ေခါင္းေဆာင္ႏွင့္ အဖြဲ႕ဝင္ ၂၁ ဦးအဖမ္းခံရၿပီး

ရန္ကုန္မွ From Zero To Hero ၊ မႏၲေလးမွ Mother Son Mandalay Force (MSMF)ႏွင့္ Myanmar Revolution Rangers Force (MRRF) ေပ်ာက္က်ားတပ္ဖြဲ႕မွ ေခါင္းေဆာင္ႏွင့္ အဖြဲ႕ဝင္ ၂၁ ဦးအဖမ္းခံရၿပီး တခ်ိဳ႕ သတ္ျဖတ္ အေလာင္းစြန႔္ပစ္ခံထားရ
ရန္ကုန္၊ ၾသဂုတ္ ၆

မႏၲေလး ေပ်က္က်ား UG တပ္ဖြဲ႕မ်ားျဖစ္ေသာ Mother Son Mandalay Force (MSMF) ႏွင့္ Myanmar Revolution Rangers Force (MRRF) အဖြဲ႕မွ ေခါင္းေဆာင္ႏွင့္ အဖြဲ႕ဝင္ အားလုံးစုစုေပါင္း ၂၁ ဦးကို စစ္တပ္က ဖမ္း ဆီးၿပီး ၉ ဦးကို သတ္ျဖတ္ခဲ့ေၾကာင္း မႏၲေလး UG ေခါင္းေဆာင္ ကိုေႁမြေပြး က ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

Myanmar Revolution Rangers Force (MRRF) အဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ေအာင္ေျမႏွင့္ အဖြဲ႕ဝင္ ၁၀ ဦးကို ၾသဂုတ္လ ၁ ရက္ေန႔ နံနက္ ၆နာရီ ၃၀ မိနစ္တြင္ ဗိုလ္ေအာင္ေျမ ေနအိမ္၌ အၾကမ္းဖက္ စစ္တပ္က အင္အား ၅၀ ခန္႔ျဖင့္ ဝင္ေရာက္ ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အၾကမ္းဖက္ စစ္တပ္က MRRF အဖြဲ႕ကို ဖမ္းဆီးၿပီးေနာက္ ျပင္ဦးလြင္ရွိ NO.1 Hotel တြင္ တည္းခိုေနသည့္ Mother Son Mandalay Force (MSMF) အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ႏိုင္(ခ)ကိုရႈိင္းႏွင့္ အဖြဲ႕ဝင္ အမ်ိဳးသား ၄ ဦး၊ အမ်ိဳးသမီး ၄ ဦးတို႔ကို အၾကမ္းဖက္ စစ္တပ္က ထပ္မံ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီး ခံရသူမ်ားထဲမွ ဗိုလ္ေအာင္ေျမ၊ ကိုႂကြက္(ခ)တက္သစ္၊ ကိုေဝၿဖိဳးေအာင္(ခ)ေဝႀကီး၊ ကိုဝင္းမင္းေအာင္(ခ)ေဇာ္ပိုင္၊ ကိုေနလင္းခန္႔ (ခ)ကိုစေန၊ ကိုမင္းသူေအာင္၊ ကိုေအာင္ၿဖိဳးခန္႔(ခ)စပ္ၾကား၊ ကိုမိုးဇင္(ခ) ငဒူႏွင့္ ကိုေနလင္းလင္း(ခ) ကိုရႈိင္းတို႔ ၉ ဦးကို စစ္တပ္က သတ္ျဖတ္ၿပီး ႐ုပ္ အေလာင္းမ်ားကို ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ စြန္႔ပစ္ခဲ့ေၾကာင္း မႏၲေလး UG ေခါင္းေဆာင္ ကိုေႁမြေပြးက အတည္ျပဳ ေျပာဆိုသည္။

” ဗိုလ္ေအာင္ေျမနဲ႔ ကိုတက္သစ္စ ႐ုပ္အေလာင္းေတြကို ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ စစ္ေကာင္စီက ပစ္သတ္ၿပီး အေလာင္းလာပစ္သြားတယ္။ ၃ ေလာင္းေပါ့ ။ ၂ ေယာက္ရဲ႕ Bodyနဲ႔ ဓာတ္ပုံပဲရ လိုက္တယ္။ က်န္ ၁ ေယာက္ က ဘယ္သူ ျဖစ္မယ္ဆိုတာ အတည္မျပဳႏိုင္ေသးဘူး။ MRRF အဖြဲ႕ကို ၾသဂုတ္ လ ၁ ရက္ေန႔ နံနက္ ၆နာရီခြဲမွာ စစ္တပ္က အင္ အား ၅၀ ေလာက္နဲ႔ ဗိုလ္ ေအာင္ေျမ ေနအိမ္ကို ဝင္စီးၿပီး ဖမ္းသြားတယ္။

ဗိုလ္ေအာင္ေျမအပါဝင္ ကနဦး ၁၀ ဦးေလာက္ အဖမ္းခံရတယ္။ အဖြဲ႕ရဲ႕ သတင္းေပး ဒလန္ေၾကာင့္လို႔ ေျပာ လို႔ရတယ္။ သစၥာ ေဖာက္တာ ခံရတာပါ။ အဲတာ ေနာက္ဆက္တြဲ အေနနဲ႔ ျပင္ဦးလြင္မွာ ဆက္မိတယ္။ ဗိုလ္ႏိုင္(ခ)ကိုရႈိင္းႏွင့္ အဖြဲ႕ဝင္ အမ်ိဳးသား ၄ ဦး၊ အမ်ိဳးသမီး ၄ ဦးတို႔ ထပ္ ဖမ္းခံရတယ္။

ကိုရႈိင္း အေကာင့္ကို စစ္ေခြးေတြက ဟန္မပ်က္သုံးေနၿပီး မီဒီယာမွာ လိုက္ေျဖေနတာပါ။ ျပည္သူရယ္ ေထာက္ ပို႔ရယ္ ေတာ္လွန္ေရး အသိုင္းအဝိုင္းရယ္ကို သိေစလိုတာက Mother son Mandalay force နဲ႔ MRRF တပ္ဖြဲ႕တို႔ရဲ႕ေခါင္းေဆာင္ပိုင္းေတြ အပါဝင္ ေအာက္ေျခ ရဲေဘာ္ေတြ အထိ အဖမ္းဆီးခံခဲ့ရၿပီဆိုတာပါပဲ အဲ့ဒီေကာင့္ေတြကို အဆက္အသြယ္ မလုပ္ဖို႔နဲ႔ အဲ့အေကာင့္ေတြကေန ခ်ိန္းဆိုတာေတြ လုပ္ရင္ ေရွာင္ၾကဖို႔ ေျပာခ်င္ပါတယ္” ဟု မႏၲေလး UG ေခါင္းေဆာင္ ကိုေႁမြေပြးက ေျပာဆိုသည္။

အလားတူ ရန္ကုန္ၿမိဳ႕မွ From Zero To Hero အဖြဲ႕ေခါင္းေဆာင္ ရဲေဘာ္ ကိုကုလား ႏွင့္ မန္းသားေလးတို႔ ကို စစ္တပ္က ေမလ ၂၄ ရက္ေန႔ကတည္းက ဖမ္းဆီးထားၿပီး အင္းစိန္ေထာင္တြင္ တိုက္ပိတ္ထားေၾကာင္း၊ ေသဒဏ္ ခ်မွတ္ထားသည္ဆိုေသာ သတင္းမ်ားရရွိထားေၾကာင္း UG သတင္းရင္းျမစ္က ေျပာသည္။

“၅လပိုင္း၂၄ရက္ေန႔မွာ From Zero To Hero အဖြဲ႕ေခါင္းေဆာင္ မန္းေလး သားနဲ႔ ရဲေဘာ္ကုလားေလးတို႔ႏွစ္ေယာက္ဝယ္ယူထားတဲ့ လက္နက္ေတြ သြားယူရာမွာ မဂၤလာဒုံမွာ စစ္ေခြးေတြက အရပ္ဝတ္နဲ႔ ဝင္ဖမ္းတယ္။ အင္းစိန္ မွာ လက္နက္ေတြ အသိမ္းခံရတယ္။ ႏွစ္ဦးစလုံး စစ္ေၾကာေရးမွာ လူ႐ုပ္ေတာင္ မေပၚတဲ့အထိ ညႇဥ္းပန္းႏွိပ္စက္ခံရတယ္။ အခု အင္းစိန္ေထာင္မွာ ေသဒဏ္ခ် မွတ္ထားတယ္ဆိုတဲ့သတင္းေတြရထားပါတယ္” ဟု UG သတင္းရင္းျမစ္က ေျပာဆိုသည္။

ပျာက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂၁ ဦးအဖမ်းခံရပြီး

ရန်ကုန်မှ From Zero To Hero ၊ မန္တလေးမှ Mother Son Mandalay Force (MSMF)နှင့် Myanmar Revolution Rangers Force (MRRF) ပျောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂၁ ဦးအဖမ်းခံရပြီး တချို့ သတ်ဖြတ် အလောင်းစွန့်ပစ်ခံထားရ
ရန်ကုန်၊ သြဂုတ် ၆

မန္တလေး ပျေက်ကျား UG တပ်ဖွဲ့များဖြစ်သော Mother Son Mandalay Force (MSMF) နှင့် Myanmar Revolution Rangers Force (MRRF) အဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင် အားလုံးစုစုပေါင်း ၂၁ ဦးကို စစ်တပ်က ဖမ်း ဆီးပြီး ၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မန္တလေး UG ခေါင်းဆောင် ကိုမြွေပွေး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

Myanmar Revolution Rangers Force (MRRF) အဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေနှင့် အဖွဲ့ဝင် ၁၀ ဦးကို သြဂုတ်လ ၁ ရက်နေ့ နံနက် ၆နာရီ ၃၀ မိနစ်တွင် ဗိုလ်အောင်မြေ နေအိမ်၌ အကြမ်းဖက် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က MRRF အဖွဲ့ကို ဖမ်းဆီးပြီးနောက် ပြင်ဦးလွင်ရှိ NO.1 Hotel တွင် တည်းခိုနေသည့် Mother Son Mandalay Force (MSMF) အဖွဲ့ခေါင်းဆောင် ဗိုလ်နိုင်(ခ)ကိုရှိုင်းနှင့် အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီး ခံရသူများထဲမှ ဗိုလ်အောင်မြေ၊ ကိုကြွက်(ခ)တက်သစ်၊ ကိုဝေဖြိုးအောင်(ခ)ဝေကြီး၊ ကိုဝင်းမင်းအောင်(ခ)ဇော်ပိုင်၊ ကိုနေလင်းခန့် (ခ)ကိုစနေ၊ ကိုမင်းသူအောင်၊ ကိုအောင်ဖြိုးခန့်(ခ)စပ်ကြား၊ ကိုမိုးဇင်(ခ) ငဒူနှင့် ကိုနေလင်းလင်း(ခ) ကိုရှိုင်းတို့ ၉ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ် အလောင်းများကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စွန့်ပစ်ခဲ့ကြောင်း မန္တလေး UG ခေါင်းဆောင် ကိုမြွေပွေးက အတည်ပြု ပြောဆိုသည်။

” ဗိုလ်အောင်မြေနဲ့ ကိုတက်သစ်စ ရုပ်အလောင်းတွေကို ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီက ပစ်သတ်ပြီး အလောင်းလာပစ်သွားတယ်။ ၃ လောင်းပေါ့ ။ ၂ ယောက်ရဲ့ Bodyနဲ့ ဓာတ်ပုံပဲရ လိုက်တယ်။ ကျန် ၁ ယောက် က ဘယ်သူ ဖြစ်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ MRRF အဖွဲ့ကို သြဂုတ် လ ၁ ရက်နေ့ နံနက် ၆နာရီခွဲမှာ စစ်တပ်က အင် အား ၅၀ လောက်နဲ့ ဗိုလ် အောင်မြေ နေအိမ်ကို ဝင်စီးပြီး ဖမ်းသွားတယ်။

ဗိုလ်အောင်မြေအပါဝင် ကနဦး ၁၀ ဦးလောက် အဖမ်းခံရတယ်။ အဖွဲ့ရဲ့ သတင်းပေး ဒလန်ကြောင့်လို့ ပြော လို့ရတယ်။ သစ္စာ ဖောက်တာ ခံရတာပါ။ အဲတာ နောက်ဆက်တွဲ အနေနဲ့ ပြင်ဦးလွင်မှာ ဆက်မိတယ်။ ဗိုလ်နိုင်(ခ)ကိုရှိုင်းနှင့် အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦးတို့ ထပ် ဖမ်းခံရတယ်။

ကိုရှိုင်း အကောင့်ကို စစ်ခွေးတွေက ဟန်မပျက်သုံးနေပြီး မီဒီယာမှာ လိုက်ဖြေနေတာပါ။ ပြည်သူရယ် ထောက် ပို့ရယ် တော်လှန်ရေး အသိုင်းအဝိုင်းရယ်ကို သိစေလိုတာက Mother son Mandalay force နဲ့ MRRF တပ်ဖွဲ့တို့ရဲ့ခေါင်းဆောင်ပိုင်းတွေ အပါဝင် အောက်ခြေ ရဲဘော်တွေ အထိ အဖမ်းဆီးခံခဲ့ရပြီဆိုတာပါပဲ အဲ့ဒီကောင့်တွေကို အဆက်အသွယ် မလုပ်ဖို့နဲ့ အဲ့အကောင့်တွေကနေ ချိန်းဆိုတာတွေ လုပ်ရင် ရှောင်ကြဖို့ ပြောချင်ပါတယ်” ဟု မန္တလေး UG ခေါင်းဆောင် ကိုမြွေပွေးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့မှ From Zero To Hero အဖွဲ့ခေါင်းဆောင် ရဲဘော် ကိုကုလား နှင့် မန်းသားလေးတို့ ကို စစ်တပ်က မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးထားပြီး အင်းစိန်ထောင်တွင် တိုက်ပိတ်ထားကြောင်း၊ သေဒဏ် ချမှတ်ထားသည်ဆိုသော သတင်းများရရှိထားကြောင်း UG သတင်းရင်းမြစ်က ပြောသည်။

“၅လပိုင်း၂၄ရက်နေ့မှာ From Zero To Hero အဖွဲ့ခေါင်းဆောင် မန်းလေး သားနဲ့ ရဲဘော်ကုလားလေးတို့နှစ်ယောက်ဝယ်ယူထားတဲ့ လက်နက်တွေ သွားယူရာမှာ မင်္ဂလာဒုံမှာ စစ်ခွေးတွေက အရပ်ဝတ်နဲ့ ဝင်ဖမ်းတယ်။ အင်းစိန် မှာ လက်နက်တွေ အသိမ်းခံရတယ်။ နှစ်ဦးစလုံး စစ်ကြောရေးမှာ လူရုပ်တောင် မပေါ်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ အခု အင်းစိန်ထောင်မှာ သေဒဏ်ချ မှတ်ထားတယ်ဆိုတဲ့သတင်းတွေရထားပါတယ်” ဟု UG သတင်းရင်းမြစ်က ပြောဆိုသည်။