Local News

NUG၊ PDF တို႔ႏွင့္ ထိေတြ႕ဆက္ဆံျခင္းမျပဳရန္ အာဆီယံကို စစ္ေကာင္စီေတာင္းဆို

NUG၊ PDF တို႔ႏွင့္ ထိေတြ႕ဆက္ဆံျခင္းမျပဳရန္ အာဆီယံကို စစ္ေကာင္စီေတာင္းဆို

(မဇၩိမ)။ ။ အာဆီယံအေနျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ၊ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ (PDF) တို႔ႏွင့္ ထိေတြ႕ဆက္ဆံျခင္းမျပဳရန္ စစ္ေကာင္စီက အာဆီယံကို ေတာင္းဆိုလိုက္သည္။

ထို႔ျပင္ စစ္ေကာင္စီသည္ ျမန္မာ့အေရးႏွင့္ပတ္သက္၍ အာဆီယံက ထုတ္ျပန္ခဲ့သည့္ ေၾကညာခ်က္ကိုလည္း ကန႔္ကြက္ခဲ့သည္။
စစ္ေကာင္စီ၏ ကန႔္ကြက္အေၾကာင္းၾကားစာတြင္ အာဆီယံအေနျဖင့္ NUG၊ PDF တို႔ႏွင့္ ထိေတြ႕ဆက္ဆံျခင္းမျပဳရန္ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

NUG ႏွင့္ PDF တို႔သည္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္ေနသည္ဟု စစ္ေကာင္စီက တစ္ဖက္သက္ စြပ္စြဲထားၿပီး ျမန္မာႏိုင္ငံကို ပုံမွန္အေနအထားသို႔ ျပန္လည္ ေရာက္ရွိေရး ကူညီရန္အမွန္တကယ္ ဆႏၵရွိသည္ဆိုပါက NUG ႏွင့္ PDF တို႔ႏွင့္ ထိေတြ႕ဆက္ဆံရန္ ေျပာဆိုမႈမ်ားႏွင့္ အားေပးသည့္လုပ္ရပ္မ်ားကို ေရွာင္ရွားရမည္ဟု စစ္ေကာင္စီကဆိုသည္။

(၅၅)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးသို႔ အာဆီယံႏိုင္ငံမ်ားမွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား တက္ေရာက္ခဲ့ၿပီး မေလးရွား၊ စင္ကာပူ အစရွိသည့္ ႏိုင္ငံမ်ားက စစ္ေကာင္စီကို ျပင္းျပင္း ထန္ထန္ေဝဖန္ခဲ့သည္။

အာဆီယံက ခ်မွတ္ထားသည့္ ဘုံသေဘာတူညီခ်က္ ငါးရပ္ကို စစ္ေကာင္စီက အေကာင္အထည္ ေဖာ္မႈမရွိေၾကာင္း အာဆီယံကဆိုသည္။

အာဆီယံ၏ အဆိုပါ ထုတ္ျပန္မႈႏွင့္ ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္အပါအဝင္ ေလးဦးကို ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူမ်ားဟု အာဆီယံက ေရးသားထားမႈအေပၚ စစ္ေကာင္စီက ကန႔္ကြက္ခဲ့သည္။

(၅၅)ႀကိမ္ေျမာက္အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္း အေဝးႏွင့္ ဆက္စပ္ အစည္းအေဝးမ်ားကို ကေမာၻဒီးယားႏိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕တြင္ ဇူလိုင္ ၃၁ ရက္မွ ဩဂုတ္ ၆ ရက္အထိျပဳလုပ္ခဲ့ၿပီး စစ္ေကာင္စီ၏ႏိုင္ငံျခားေရးဝန္ႀကီး ေနရာအား ခုံအလြတ္သာ ထားရွိ၍ တက္ေရာက္ခြင့္မျပဳခဲ့ေပ။

စာတည္း။ ။ၿငိမ္းခ်မ္းေခတ္

စာမူတည္းျဖတ္ ။ ။ ေအာင္ေက်ာ္ၿဖိဳး

NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် အာဆီယံကို စစ်ကောင်စီတောင်းဆို

(မဇ္ဈိမ)။ ။ အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် စစ်ကောင်စီက အာဆီယံကို တောင်းဆိုလိုက်သည်။

ထို့ပြင် စစ်ကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံက ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကိုလည်း ကန့်ကွက်ခဲ့သည်။
စစ်ကောင်စီ၏ ကန့်ကွက်အကြောင်းကြားစာတွင် အာဆီယံအနေဖြင့် NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

NUG နှင့် PDF တို့သည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု စစ်ကောင်စီက တစ်ဖက်သက် စွပ်စွဲထားပြီး မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိရေး ကူညီရန်အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့်လုပ်ရပ်များကို ရှောင်ရှားရမည်ဟု စစ်ကောင်စီကဆိုသည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ခဲ့ပြီး မလေးရှား၊ စင်ကာပူ အစရှိသည့် နိုင်ငံများက စစ်ကောင်စီကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။

အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက အကောင်အထည် ဖော်မှုမရှိကြောင်း အာဆီယံကဆိုသည်။

အာဆီယံ၏ အဆိုပါ ထုတ်ပြန်မှုနှင့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဟု အာဆီယံက ရေးသားထားမှုအပေါ် စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။

(၅၅)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး နေရာအား ခုံအလွတ်သာ ထားရှိ၍ တက်ရောက်ခွင့်မပြုခဲ့ပေ။

စာတည်း။ ။ငြိမ်းချမ်းခေတ်

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး