ေျပာက္က်ားတပ္ဖြဲ႕ လူငယ္ ၂၁ ဦး ဖမ္းဆီးခံလိုက္ရၿပီး ၉ ဦးက်ဆုံး
မႏၲေလးတြင္ ေျပာက္က်ားတပ္ဖြဲ႕ လူငယ္ ၂၁ ဦး ဖမ္းဆီးခံလိုက္ရၿပီး ၉ ဦးက်ဆုံး
မႏၲေလး၊ ဩဂုတ္ ၆
လူငယ့္ေခတ္
မႏၲေလးတိုင္းအတြင္း ေျပာက္က်ားတပ္ဖြဲ႕ ၃ ဖြဲ႕ မွ UG လူငယ္ ၂၁ ဦးကို အၾကမ္းဖက္စစ္ေကာင္စီ မွ ဩဂုတ္ ၁ ရက္ေန႔က ဖမ္းဆီးလိုက္ၿပီးေနာက္ ၉ ဦးကို သတ္ျဖတ္လိုက္သျဖင့္ က်ဆုံးခဲ့ရေၾကာင္း King Cobra Guerrilla Force မွ သိရသည္။
” အဖမ္းခံရတာ ေယာက်ၤားေလး ၁၇ ဦး၊ မိန္းကေလး ၄ ဦး၊ က်ဆုံးအတည္ျပဳက ၉ ဦးပါ။ ေလာေလာဆယ္ အဖြဲ႕ ၃ ဖြဲ႕က ဖမ္းခံရတာပါ ” ဟု King Cobra Guerrilla Force MDY အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ေႁမြေပြး က ေျပာသည္။
ဖမ္းဆီးခံရသည့္ ရဲေဘာ္မ်ားမွာ King Cobra Guerrilla Force MDY ၊ MRRF ( Myanmar Revolution Rangers Force ) ႏွင့္ MSMF (Mother Son Mandalay Force ) တို႔မွ ျဖစ္သည္။
ဩဂုတ္ ၁ ရက္ေန႔က မႏၲေလး ၿမိဳ႕ ၈၆ လမ္းေနအိမ္တြင္ ရွိေနသည့္ MRRF ေခါင္းေဆာင္ ဗိုလ္ေအာင္ေျမ၊ ေအးခ်မ္းသာ ဘုရားဝန္းတြင္ ၁၀ ဦး၊ ျပင္ဉီးလြင္ရွိ Hotel One တြင္ ရဲေဘာ္ ၈ ဉီးဖမ္းဆီးခံခဲ့ရၿပီး က်န္ ၂ ဦးမွာ မည္သည့္ေနရာတြင္ ဖမ္းဆီးခံ ခဲ့ရျခင္းကို စုံစမ္းေနဆဲျဖစ္ေၾကာင္း ၎က ရွင္းျပသည္။
ဗိုလ္ေအာင္ေျမ၏ ဇနီးႏွင့္သားျဖစ္သူႏွင့္ MRRF မွ အဖြဲ႕သားမ်ားမွာ လြတ္ေျမာက္နယ္ေျမသို႔ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ေတာ္လွန္ေရးအဖြဲ႕တခ်ိဳ႕ကေရးသားထားသည္။
အျခား ဖမ္းဆီးခံရသည့္ အေျခအေန အေသးစိတ္ႏွင့္ အခ်က္အလက္မ်ားကို လူငယ့္ေခတ္အေနျဖင့္စုစမ္းေနဆဲျဖစ္သည္။
Lungekhit
ပြောက်ကျားတပ်ဖွဲ့ လူငယ် ၂၁ ဦး ဖမ်းဆီးခံလိုက်ရပြီး ၉ ဦးကျဆုံး
မန္တလေးတွင် ပြောက်ကျားတပ်ဖွဲ့ လူငယ် ၂၁ ဦး ဖမ်းဆီးခံလိုက်ရပြီး ၉ ဦးကျဆုံး
မန္တလေး၊ ဩဂုတ် ၆
လူငယ့်ခေတ်
မန္တလေးတိုင်းအတွင်း ပြောက်ကျားတပ်ဖွဲ့ ၃ ဖွဲ့ မှ UG လူငယ် ၂၁ ဦးကို အကြမ်းဖက်စစ်ကောင်စီ မှ ဩဂုတ် ၁ ရက်နေ့က ဖမ်းဆီးလိုက်ပြီးနောက် ၉ ဦးကို သတ်ဖြတ်လိုက်သဖြင့် ကျဆုံးခဲ့ရကြောင်း King Cobra Guerrilla Force မှ သိရသည်။
” အဖမ်းခံရတာ ယောင်္ကျားလေး ၁၇ ဦး၊ မိန်းကလေး ၄ ဦး၊ ကျဆုံးအတည်ပြုက ၉ ဦးပါ။ လောလောဆယ် အဖွဲ့ ၃ ဖွဲ့က ဖမ်းခံရတာပါ ” ဟု King Cobra Guerrilla Force MDY အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေး က ပြောသည်။
ဖမ်းဆီးခံရသည့် ရဲဘော်များမှာ King Cobra Guerrilla Force MDY ၊ MRRF ( Myanmar Revolution Rangers Force ) နှင့် MSMF (Mother Son Mandalay Force ) တို့မှ ဖြစ်သည်။
ဩဂုတ် ၁ ရက်နေ့က မန္တလေး မြို့ ၈၆ လမ်းနေအိမ်တွင် ရှိနေသည့် MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ၊ အေးချမ်းသာ ဘုရားဝန်းတွင် ၁၀ ဦး၊ ပြင်ဉီးလွင်ရှိ Hotel One တွင် ရဲဘော် ၈ ဉီးဖမ်းဆီးခံခဲ့ရပြီး ကျန် ၂ ဦးမှာ မည်သည့်နေရာတွင် ဖမ်းဆီးခံ ခဲ့ရခြင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဗိုလ်အောင်မြေ၏ ဇနီးနှင့်သားဖြစ်သူနှင့် MRRF မှ အဖွဲ့သားများမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တချို့ကရေးသားထားသည်။
အခြား ဖမ်းဆီးခံရသည့် အခြေအနေ အသေးစိတ်နှင့် အချက်အလက်များကို လူငယ့်ခေတ်အနေဖြင့်စုစမ်းနေဆဲဖြစ်သည်။
Lungekhit