Local News

ကုမၸဏီမ်ား ဖ်က္သိမ္းျခင္းႏွင့္ ​ေဒဝါလီခံျခင္း ပိုမ်ားလာ

ကုမၸဏီမ်ား ဖ်က္သိမ္းျခင္းႏွင့္ ​ေဒဝါလီခံျခင္း ပိုမ်ားလာ

ေစာေႏြဦး/People’s Spring

စစ္တပ္အာဏာသိမ္းၿပီး တစ္ႏွစ္ခြဲအၾကာတြင္ ႏိုင္ငံတြင္း ကုမၸဏီမ်ားဖ်က္သိမ္းျခင္း ၊​လူမြဲစာရင္းခံယူကာေဒဝါလီခံလာ​ေသာကုမၸဏီႏွင့္လုပ္ငန္းမ်ား ပိုမိုမ်ားျပားလာ​ေၾကာင္း ဥပေဒအက်ိဳးေဆာင္မ်ားကေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ ႏိုင္ငံျခားေငြကန႔္သတ္မႈ၊လွ်ပ္စစ္မီးမမွန္မႈ ၊စက္သုံးဆီ​ေဈးႀကီးျမင့္မႈ၊စီးပြား​ေရးလုပ္ငန္းမ်ား​ေလးလံထိုင္းမႈိင္းၿပီး ​ေငြ​ေၾကး​ေဖာင္းပြမႈ၊လက္ပန္းဆက္သြယ္​ေရးခက္ခဲမႈ စသည္တို႔ေၾကာင့္ေန႔စဥ္ ဖ်က္သိမ္းေပးရသည့္ ကုမၸဏီအေရအတြက္ ပိုမိုမ်ားျပားလာ​ေၾကာင္း ကုမၸဏီေရးရာ ဥပေဒအက်ိဳးေတာင္ တစ္ဦးကေျပာသည္။

“တစ္ေန႔ကို အနည္းဆုံးကုမၸဏီေလးခုေလာက္ စာရင္းရွင္းဖ်က္သိမ္းတာလုပ္ေပးေနရတယ္။ ဒီရက္ပိုင္းကို ေတာ္ေတာ္မ်ားလာတယ္”ဟု ဥပေဒအက်ိဳးေဆာင္တစ္ဦးကေျပာသည္။

ယခုလပိုင္းအတြင္းစာရင္းရွင္းလင္းၿပီးဖ်က္သိမ္းသည့္ ကုမၸဏီအေရအတြက္က သိသိသာသာပိုမိုမ်ားလာသည္ဟု လည္း၎ကဆက္​ေျပာသည္။ အလားတူေဒဝါလီခံသည့္ ကုမၸဏီမ်ားလည္းတျဖည္းျဖည္းပိုမ်ားျပားလာသည္ဟု ၎က​ေျပာသည္။

ယခုႏွစ္ဆန္းပိုင္းမွစ၍ စာရင္းဖ်က္သိမ္းသည့္ ကုမၸဏီမ်ားမွာတစ္လလွ်င္ ရာဂဏန္းမွ ေထာင္ဂဏန္းအထိပင္ရွိလာသည္ဟု ကုမၸဏီမွတ္ပုံတင္ေရးဝန္ေဆာင္မႈေပးေနသည့္လုပ္ငန္းမ်ားထံမွ စုံစမ္းသိရွိရသည္။

ကုမၸဏီမ်ားဥပေဒအရကုမၸဏီတစ္ခုဖ်က္သိမ္းလွ်င္ေႂကြးၿမီမ်ားကို အျပည့္အဝျပန္ေပးေခ်မည္ဟု က်မ္းက်ိန္လႊာျဖင့္ ေၾကညာခ်က္ထုတ္ျပန္ၿပီး ကုမၸဏီဒါ႐ိုက္တာမ်ား၏ ဆႏၵအရဖ်က္သိမ္းႏိုင္သည္ဟုသတ္မွတ္ထားသည္။ေႂကြးၿမီျပန္ မဆပ္ႏိုင္​ေတာ့ဘဲ လူမြဲစာရင္းခံယူၿပီး ကုမၸဏီဖ်က္သိမ္းပါက ၂၀၂၀တြင္ျပဌာန္းသည္ လူမြဲခံယူျခင္းဆိုင္ရာဥပေဒအတိုင္း ေဆာင္႐ြက္ရျခင္းျဖစ္သည္။

အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားက လုပ္ငန္းမ်ား ရပ္ဆိုင္းၿပီး၊လုပ္ငန္းႀကီးအမ်ားစုက ေဒဝါလီခံ(လူမြဲစာရင္း)ခံယူလာျခင္းျဖစ္သည္ဟု ရန္ကုန္အေျခစိုက္စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

“ဒီႏွစ္ဆန္းေလာက္ထိေတာ့အားလုံးထိန္းၿပီးလုပ္ငန္းလည္ပတ္ပါေသးတယ္။ အခုက ဘယ္လိုမွ မျဖစ္လို႔ လုပ္ငန္းရပ္တန႔္လိုက္ၾကတာ”ဟုအထက္ပါလုပ္ငန္းရွင္က​ေျပာသည္။

ႏိုင္ငံအတြင္းေငြေၾကးေဖာင္းပြျခင္း၊ ႏိုင္ငံျခားေငြေၾကး ထိန္းခ်ဳပ္ျခင္း၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲျခင္း၊လွ်ပ္စစ္မီးမမွန္ျခင္း၊ဖုန္းႏွင့္အင္တာနက္အသုံးစာရိတ္မ်ားျမင့္တာလာျခင္းႏွင့္ စက္သုံးဆီေဈးျမင့္တက္လာျခင္းစသည္တို႔ေၾကာင့္ လုပ္ငန္းအမ်ားစုမွ ရပ္တည္ရန္ ခက္ခဲလာသည္ဟု စီးပြားေရးလုပ္ငန္းရွင္မ်ားကေျပာသည္။

သို႔​ေသာ္စစ္ေကာင္စီထိန္းခ်ဳပ္ထားသည့္ ကုမၸဏီမ်ားၫြန႔္ၾကားမႈဦးစီးဌာနက ဇူလိုင္လတြင္းကုမၸဏီအသစ္ ၉၀၀ေက်ာ္မွတ္ပုံတင္ခဲ့သည္ဟု ထုတ္ျပန္ထားသည္။စစ္တပ္အာဏာမသိမ္းခင္ ကိုဗစ္ကာလႏွင့္ ႏႈိင္းယွဥ္ပါက ႏွစ္ဆခန႔္ေလ်ာ့နည္းေနဆဲျဖစ္သည္။ ထိုအျပင္ ျမန္မာႏိုင္ငံတြင္ ျပည္တြင္းႏွင့္ ႏိုင္ငံျခားကုမၸဏီေပါင္း ​ေျခာက္ေသာင္းဝန္းက်င္ရွိၿပီးႏိုင္ငံျခားကုမၸဏီအမ်ားစုမွာ ျမန္မာႏိုင္ငံမွျပန္လည္ထြက္သြားၿပီး ထြက္ခြာ​ေနၾကဆဲျဖစ္​ေၾကာင္းစီးပြားေရးလုပ္ငန္းရွင္ အသိုင္းအဝိုင္းကသိရသည္။

အာဏာသိမ္း​ေခါင္း​ေဆာင္က လာမည္​ေျခာက္လအတြင္းစီးပြား​ေရးတိုးတက္​ေအာင္လုပ္မည္ဟု ယခင္အပါတ္က​ေျပာၾကားခဲ့​ေသးသည္။ သို႔​ေသာ္ျပည္တြင္းတြင္​ေငြ​ေၾကး​ေဖာင္ပြမႈ ၊ အလုပ္အကိုင္ရွားပါမႈ ၊စီးပြား​ေရးလုပ္ငန္းအမ်ားစု​အလုပ္မ​ေကာင္းဘဲစီးပြား​ေရး​ေႏွး​ေကြး​ေလးလံ​ေနမႈ ၊

မီးပ်က္ၿပီး မီးမမွန္ဘဲ ​ေဒၚလာ​ေဈးတက္​ေသာ​ေၾကာင့္သြင္းကုန္မ်ား​ေဈးႀကီးကာကုန္ထုတ္လုပ္မႈႀကီးျမင့္ကာကုန္​ေဈးႏႈန္းတက္မႈ ၊ အညာတြင္စစ္တပ္က႐ြာမ်ားကိုလိုက္လံမီးရႈိ႕ၿပီး အၾကမ္းဖက္​ေနသျဖင့္ ​ေတာင္သူမ်ားစိုက္ပ်ိဳး​ေရးမလုပ္ႏိုင္မႈ၊လာဘ္​ေပးလာဘ္ယူျပသာနာပိုမိုႀကီးမားလာမႈ စ​ေသာ ျပသာနာ​ေပါင္းမ်ားစြာႀကဳံ​ေနသည္။

(စစ္​ေကာင္စီက ​ေအာင္ဆန္းကြင္းတြင္ဖယ္ရွား​​ေစခဲ့​ေသာ အ​​ေဝး​ေျပးခရီးသည္တင္ကားျဖင့္ပါဆယ္ပို႔​ေသာဝန္​ေဆာင္မႈမ်ားႏွင့္ ယခုရက္ပိုင္းအတြင္ စစ္ေကာင္စီသတင္းစာတြင္ ကုမၸဏီစာရင္းရွင္းဖ်က္သိမ္းရန္ႏွင့္ ​ေဒဝါလီခံယူရန္ ​ေၾကညာ​ေသာကုမၸဏီလုပ္ငန္းအခ်ိဳ႕)

ကုမ္ပဏီများ ဖျက်သိမ်းခြင်းနှင့် ဒေဝါလီခံခြင်း ပိုများလာ

စောနွေဦး/People’s Spring

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် နိုင်ငံတွင်း ကုမ္ပဏီများဖျက်သိမ်းခြင်း ၊လူမွဲစာရင်းခံယူကာဒေဝါလီခံလာသောကုမ္ပဏီနှင့်လုပ်ငန်းများ ပိုမိုများပြားလာကြောင်း ဥပဒေအကျိုးဆောင်များကပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားငွေကန့်သတ်မှု၊လျှပ်စစ်မီးမမှန်မှု ၊စက်သုံးဆီဈေးကြီးမြင့်မှု၊စီးပွားရေးလုပ်ငန်းများလေးလံထိုင်းမှိုင်းပြီး ငွေကြေးဖောင်းပွမှု၊လက်ပန်းဆက်သွယ်ရေးခက်ခဲမှု စသည်တို့ကြောင့်နေ့စဉ် ဖျက်သိမ်းပေးရသည့် ကုမ္ပဏီအရေအတွက် ပိုမိုများပြားလာကြောင်း ကုမ္ပဏီရေးရာ ဥပဒေအကျိုးတောင် တစ်ဦးကပြောသည်။

“တစ်နေ့ကို အနည်းဆုံးကုမ္ပဏီလေးခုလောက် စာရင်းရှင်းဖျက်သိမ်းတာလုပ်ပေးနေရတယ်။ ဒီရက်ပိုင်းကို တော်တော်များလာတယ်”ဟု ဥပဒေအကျိုးဆောင်တစ်ဦးကပြောသည်။

ယခုလပိုင်းအတွင်းစာရင်းရှင်းလင်းပြီးဖျက်သိမ်းသည့် ကုမ္ပဏီအရေအတွက်က သိသိသာသာပိုမိုများလာသည်ဟု လည်း၎င်းကဆက်ပြောသည်။ အလားတူဒေဝါလီခံသည့် ကုမ္ပဏီများလည်းတဖြည်းဖြည်းပိုများပြားလာသည်ဟု ၎င်းကပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ စာရင်းဖျက်သိမ်းသည့် ကုမ္ပဏီများမှာတစ်လလျှင် ရာဂဏန်းမှ ထောင်ဂဏန်းအထိပင်ရှိလာသည်ဟု ကုမ္ပဏီမှတ်ပုံတင်ရေးဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

ကုမ္ပဏီများဥပဒေအရကုမ္ပဏီတစ်ခုဖျက်သိမ်းလျှင်ကြွေးမြီများကို အပြည့်အဝပြန်ပေးချေမည်ဟု ကျမ်းကျိန်လွှာဖြင့် ကြေညာချက်ထုတ်ပြန်ပြီး ကုမ္ပဏီဒါရိုက်တာများ၏ ဆန္ဒအရဖျက်သိမ်းနိုင်သည်ဟုသတ်မှတ်ထားသည်။ကြွေးမြီပြန် မဆပ်နိုင်တော့ဘဲ လူမွဲစာရင်းခံယူပြီး ကုမ္ပဏီဖျက်သိမ်းပါက ၂၀၂၀တွင်ပြဌာန်းသည် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအတိုင်း ဆောင်ရွက်ရခြင်းဖြစ်သည်။

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများက လုပ်ငန်းများ ရပ်ဆိုင်းပြီး၊လုပ်ငန်းကြီးအများစုက ဒေဝါလီခံ(လူမွဲစာရင်း)ခံယူလာခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဒီနှစ်ဆန်းလောက်ထိတော့အားလုံးထိန်းပြီးလုပ်ငန်းလည်ပတ်ပါသေးတယ်။ အခုက ဘယ်လိုမှ မဖြစ်လို့ လုပ်ငန်းရပ်တန့်လိုက်ကြတာ”ဟုအထက်ပါလုပ်ငန်းရှင်ကပြောသည်။

နိုင်ငံအတွင်းငွေကြေးဖောင်းပွခြင်း၊ နိုင်ငံခြားငွေကြေး ထိန်းချုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊လျှပ်စစ်မီးမမှန်ခြင်း၊ဖုန်းနှင့်အင်တာနက်အသုံးစာရိတ်များမြင့်တာလာခြင်းနှင့် စက်သုံးဆီဈေးမြင့်တက်လာခြင်းစသည်တို့ကြောင့် လုပ်ငန်းအများစုမှ ရပ်တည်ရန် ခက်ခဲလာသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

သို့သော်စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ဇူလိုင်လတွင်းကုမ္ပဏီအသစ် ၉၀၀ကျော်မှတ်ပုံတင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်ကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်လျော့နည်းနေဆဲဖြစ်သည်။ ထိုအပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီပေါင်း ခြောက်သောင်းဝန်းကျင်ရှိပြီးနိုင်ငံခြားကုမ္ပဏီအများစုမှာ မြန်မာနိုင်ငံမှပြန်လည်ထွက်သွားပြီး ထွက်ခွာနေကြဆဲဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကသိရသည်။

အာဏာသိမ်းခေါင်းဆောင်က လာမည်ခြောက်လအတွင်းစီးပွားရေးတိုးတက်အောင်လုပ်မည်ဟု ယခင်အပါတ်ကပြောကြားခဲ့သေးသည်။ သို့သော်ပြည်တွင်းတွင်ငွေကြေးဖောင်ပွမှု ၊ အလုပ်အကိုင်ရှားပါမှု ၊စီးပွားရေးလုပ်ငန်းအများစုအလုပ်မကောင်းဘဲစီးပွားရေးနှေးကွေးလေးလံနေမှု ၊

မီးပျက်ပြီး မီးမမှန်ဘဲ ဒေါ်လာဈေးတက်သောကြောင့်သွင်းကုန်များဈေးကြီးကာကုန်ထုတ်လုပ်မှုကြီးမြင့်ကာကုန်ဈေးနှုန်းတက်မှု ၊ အညာတွင်စစ်တပ်ကရွာများကိုလိုက်လံမီးရှို့ပြီး အကြမ်းဖက်နေသဖြင့် တောင်သူများစိုက်ပျိုးရေးမလုပ်နိုင်မှု၊လာဘ်ပေးလာဘ်ယူပြသာနာပိုမိုကြီးမားလာမှု စသော ပြသာနာပေါင်းများစွာကြုံနေသည်။

(စစ်ကောင်စီက အောင်ဆန်းကွင်းတွင်ဖယ်ရှားစေခဲ့သော အဝေးပြေးခရီးသည်တင်ကားဖြင့်ပါဆယ်ပို့သောဝန်ဆောင်မှုများနှင့် ယခုရက်ပိုင်းအတွင် စစ်ကောင်စီသတင်းစာတွင် ကုမ္ပဏီစာရင်းရှင်းဖျက်သိမ်းရန်နှင့် ဒေဝါလီခံယူရန် ကြေညာသောကုမ္ပဏီလုပ်ငန်းအချို့)