ရန်ကုန်၊ ဩဂုတ် ၇
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၈ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဩဂုတ်လ ၆ ရက်တွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စစ်သား အင်အား ၄၀ ခန့်နှင့် သံချပ်ကာကား ၁ စီးပါဝင်ကြောင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာကြားတွင် လျှပ်တပြတ်စွန်ညိုအဖွဲ့နှင့် မဟာမိတ်များက ကြိုတင်စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း လျှပ်တပြတ်စွန်ညို အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင် လမ်းဘေးဝဲယာသို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
လျှပ်တပြတ်စွန်ညိုအဖွဲ့က Drone ဖြင့် ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် ကားလမ်းပေါ်၌ စစ်သားများ တုံးလုံးပက်လက်သေဆုံးနေသည်ကို မြင်တွေ့ရသည်။