ၿမိဳင္တိုက္ပြဲ၌ စစ္ေကာင္စီလက္ပါးေစ (၃၈) ဦးေသၿပီး (၂၇) ဦးေဆး႐ုံတင္ထားရ၊ ေလေၾကာင္းစစ္ကူလာျခင္းေၾကာင့္ စခန္းမသိမ္းႏိုင္ခဲ့ ဟုဆို
ၿမိဳင္၊ ဩဂုတ္ (၇)
လူငယ့္ေခတ္
မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ တြင္းမေက်း႐ြာ၌ တပ္စြဲထားသည့္ အၾကမ္းဖက္စစ္တပ္ႏွင့္ပ်ဳေစာထီးစခန္းကို ေဒသေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ယမန္ေန႔ ဩဂုတ္လ (၆) ရက္ေန႔တြင္ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီလက္ပါးေစ (၃၄) ဦးပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္-ၿမိဳင္ၿမိဳ႕နယ္မွ သိရသည္။
“စစ္ေခြး(စစ္ေကာင္စီလက္ပါးေစ)အင္အား (၁၀၀) ေက်ာ္ေလာက္ရွိတယ္ မ်ားတယ္၊ ကြၽန္ေတာ္တို႔က အလစ္အငိုက္ဝင္တိုက္ခိုက္ခဲ့တာပါ စစ္ေခြး (၃၄) ဦးေနရာမွာတင္ေသတယ္” ဟု ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္-ၿမိဳင္ၿမိဳ႕နယ္ မွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
အတြင္းသတင္းေပးပို႔မႈမ်ားအရ စစ္ေကာင္စီႏွင့္ပ်ဳေစာထီး စုစုေပါင္း (၃၈) ဦးေသဆုံးၿပီး ပ်ဳေခါင္းေဆာင္ႏွင့္ ပခုကၠဴခလရ-၂၅၉ မွ စစ္ေကာင္စီလက္ပါးေစ (၅)ဦးအပါအဝင္ (၂၇)ဦးမွာ ပခုကၠဴၿမိဳ႕နယ္ေဆး႐ုံတြင္ ကုသေနရေၾကာင္း ၿမိဳင္အဖြဲ႕က ေျပာသည္။
တိုက္ပြဲတြင္ ေတာ္လွန္ေရးရဲေဘာ္ (၃) ဦးက်ဆုံးခဲ့ၿပီး (၅)ဦး မစိုးရိမ္ရာဒဏ္ရာရရွိခဲ့သည္ဟုဆိုၿပီး တိုက္ပြဲအတြင္းႏွစ္ဘက္ ေသဆုံးထိခိုက္မႈမ်ားႏွင့္ပတ္သက္၍ လူငယ့္ေခတ္အေနျဖင့္ သီးျခားအတည္မျပဳႏိုင္ေသးေပ။
“ရင္ဘတ္ေသနတ္မွန္တဲ့ကေလးက ေနာက္တစ္ေယာက္ကို ေသနတ္ေပးတယ္ ၊ အဲမွာ ေသနတ္ (၂)လက္ကိုင္ၿပီး ထမ္းေျပးတဲ့ကေလးပါ ထပ္ထိေတာ့ လူသာအေသခံမယ္ေသနတ္မပါရဘူးဆိုၿပီး အျခားရဲေဘာ္ဆီေျပးေပးရင္ က်ဆုံးသြားတာပါ။ ေသနတ္ကို အသက္ထက္တန္ဖိုးထားတာ ဝမ္းနည္းမိတယ္”ဟု ၿမိဳင္ျပည္သူကာကြယ္ေရးအဖြဲ႕ တပ္ရင္း(၁)၏ တပ္ရင္းမႉး ဗိုလ္လက္ယာက လူငယ့္ေခတ္သို႔ ေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္သည္ တြင္းမ႐ြာ၌ တပ္စြဲထားၿပီး စစ္သင္တန္းေပးေနျခင္းေၾကာင့္ အလစ္အငိုက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ဆိုင္ကယ္ (၇) စီးျဖင့္ စစ္ကူလာသည့္ စစ္ေကာင္စီတပ္ကိုလည္း မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး ဆိုင္ကယ္ (၃)စီးပ်က္စီးသြားကာ က်န္ဆိုင္ကယ္မ်ားမွာ တြင္းမ႐ြာ စာသင္ေက်ာင္းသို႔ ထြက္ေျပးသြားေၾကာင္း သိရသည္။
အဆိုပါ တိုက္ပြဲမွာ (၂)နာရီနီးပါးၾကာ ျဖစ္ပြားခဲ့ၿပီး စခန္းသိမ္းႏိုင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း အၾကမ္းဖက္စစ္ေကာင္စီ က ေလေၾကာင္းျဖင့္ စစ္ကူေရာက္လာျခင္းေၾကာင့္ ျပန္လည္ဆုတ္ခြာခဲ့ရသည္ဟု ဆိုသည္။
အဆိုပါ တိုက္ပြဲတြင္ ၿမိဳင္ၿမိဳ႕နယ္ျပည္သူကာကြယ္ေရးတပ္ဖြဲ႕၊ တပ္ရင္း(၁)ဦးေဆာင္ၿပီး ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PPDF)၊ 3in1 တပ္ဖြဲ႕၊ မိုးပ်ံရပ္ေက်း – ပခုကၠဴ၊ ပုံေတာင္ညီေနာင္တပ္ဖြဲ႕၊ MUGDF တပ္ဖြဲ႕၊ WEST AYEYAR GUERRILLA FORCE ႏွင့္ ဇာမဏီေျပာက္က်ားတပ္ဖြဲ႕တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မြိုင်တိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေ (၃၈) ဦးသေပြီး (၂၇) ဦးဆေးရုံတင်ထားရ၊ လေကြောင်းစစ်ကူလာခြင်းကြောင့် စခန်းမသိမ်းနိုင်ခဲ့ ဟုဆို
မြိုင်၊ ဩဂုတ် (၇)
လူငယ့်ခေတ်
မကွေးတိုင်း၊ မြိုင်မြို့နယ် တွင်းမကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့်ပျုစောထီးစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ (၃၄) ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်မှ သိရသည်။
“စစ်ခွေး(စစ်ကောင်စီလက်ပါးစေ)အင်အား (၁၀၀) ကျော်လောက်ရှိတယ် များတယ်၊ ကျွန်တော်တို့က အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့တာပါ စစ်ခွေး (၃၄) ဦးနေရာမှာတင်သေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
အတွင်းသတင်းပေးပို့မှုများအရ စစ်ကောင်စီနှင့်ပျုစောထီး စုစုပေါင်း (၃၈) ဦးသေဆုံးပြီး ပျုခေါင်းဆောင်နှင့် ပခုက္ကူခလရ-၂၅၉ မှ စစ်ကောင်စီလက်ပါးစေ (၅)ဦးအပါအဝင် (၂၇)ဦးမှာ ပခုက္ကူမြို့နယ်ဆေးရုံတွင် ကုသနေရကြောင်း မြိုင်အဖွဲ့က ပြောသည်။
တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ပြီး (၅)ဦး မစိုးရိမ်ရာဒဏ်ရာရရှိခဲ့သည်ဟုဆိုပြီး တိုက်ပွဲအတွင်းနှစ်ဘက် သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
“ရင်ဘတ်သေနတ်မှန်တဲ့ကလေးက နောက်တစ်ယောက်ကို သေနတ်ပေးတယ် ၊ အဲမှာ သေနတ် (၂)လက်ကိုင်ပြီး ထမ်းပြေးတဲ့ကလေးပါ ထပ်ထိတော့ လူသာအသေခံမယ်သေနတ်မပါရဘူးဆိုပြီး အခြားရဲဘော်ဆီပြေးပေးရင် ကျဆုံးသွားတာပါ။ သေနတ်ကို အသက်ထက်တန်ဖိုးထားတာ ဝမ်းနည်းမိတယ်”ဟု မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁)၏ တပ်ရင်းမှူး ဗိုလ်လက်ယာက လူငယ့်ခေတ်သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် တွင်းမရွာ၌ တပ်စွဲထားပြီး စစ်သင်တန်းပေးနေခြင်းကြောင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိုင်ကယ် (၇) စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ် (၃)စီးပျက်စီးသွားကာ ကျန်ဆိုင်ကယ်များမှာ တွင်းမရွာ စာသင်ကျောင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲမှာ (၂)နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စခန်းသိမ်းနိုင်ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ က လေကြောင်းဖြင့် စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)ဦးဆောင်ပြီး ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ 3in1 တပ်ဖွဲ့၊ မိုးပျံရပ်ကျေး – ပခုက္ကူ၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ WEST AYEYAR GUERRILLA FORCE နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။