Local News
ကိုကိုနေတိုး
စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး
ပဲခူးတွင် KTVမှ ပြန်လာသည့် ရဲကားမိုင်းခွဲခံရ
ကိုကိုနေတိုး
မဲဆောက်(မဇ္ဈိမ)။ ။ ပဲခူးမြို့ရှိ လူကြီးမင်း KTV မှ ပြန်လာသော ရဲအရာရှိပါဝင်သည့်ကား ဩဂုတ်လ ၆ ရက် ည ၉ နာရီမိနစ် ၂၀ တွင် မိုင်းခွဲခံခဲ့ရကြောင်း‌ ဒေသခံများက ပြောသည်။
ယာဉ်ဝင်းဟောင်းလမ်းရှိ လူကြီးမင်း KTV နှင့် အမှတ် (၃ ) ရဲစခန်းကြားတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်းသိရသည်။
“ ညက ဗုံးပေါက်တာ။ ဟုတ်တယ် ရဲကားတစ်စီးကိုခွဲတာလို့ ကြားတယ်။ ကားကျော်မှ ဗုံးပေါက်တယ်လို့တော့ကြားတယ်။ မြေလည်းတုန်တယ်။ အသံကအကျယ်ကြီးပဲ။
တစ်မြို့လုံးကြားရတာ အဲ့ဒါကို ကားဘီးပေါက်တာလို့သတင်းလွှင့်နေကျတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်၍ မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပဲခူးမြို့တွင်နေရာမျိုးစုံ၌ စစ်ဆေးမှု တင်းကျပ်လျက်ရှိပြီး နေ့စဉ်နီးပါးဆိုသကဲ့သို့ ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်းသိရ‌သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး