Local News

ပ်ဴေစာထီးသင္တန္းတက္ဖို႔စာရင္းေပးထားသူေတြေရွာင္တိမ္းေနလို႔ စစ္ေကာင္စီတပ္က လိုက္ရွာေန

ပ်ဴေစာထီးသင္တန္းတက္ဖို႔စာရင္းေပးထားသူေတြေရွာင္တိမ္းေနလို႔ စစ္ေကာင္စီတပ္က လိုက္ရွာေန

ညိမ္းေသာ္ / ဧရာဝတီတိုင္းမ္

(က်ဳံေပ်ာ္)၊ ၾသဂုတ္လ ၇ ရက္

ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာ အုပ္စုေတြမွာ စစ္ေကာင္စီျပည္သူ႔စစ္(ပ်ဴေစာထီး) သင္တန္းတက္ဖို႔ စာရင္းေပးထားတဲ့သူေတြ ေရွာင္ တိမ္းေနလို႔ စစ္ေကာင္စီတပ္ကလိုက္ေခၚေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အင္းရဲတိုက္နယ္၊အင္းရဲေက်း႐ြာမွာ အဲ့ဒီ ပ်ဴေစာထီးသင္တန္းကို စစ္ေကာင္စီက အခုလထဲမွာဖြင့္လွစ္မွာျဖစ္ၿပီး စစ္ေကာင္စီတပ္ကစာရင္းေကာက္ထားတဲ့ လူငယ္ ၃၀ ဝန္းက်င္က သင္တန္းမတက္ခ်င္လို႔ ေရွာင္တိမ္းေနတာေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးေတြကိုဖိအားေပးၿပီးျပန္ေခၚခိုင္းေနတယ္လို႔ ေဒသ ခံေတြကေျပာပါတယ္။

” ဒီက်ဳံေပ်ာ္ ခလရ ၃၆ တပ္က အုပ္ႀကီးကိုလာၿပီး ျပည္သူစစ္သင္တန္းေပးဖို႔ စာရင္းေပးထားတဲ့လူငယ္ေတြကို ျပန္ေခၚေပးဖို႔လာေျပာတယ္၊ အုပ္ႀကီးေတြကလည္း​လူငယ္ေတြကိုျပန္ေခၚေပးဖို႔အဆင္မေျပဘူးလို႔ အုပ္ႀကီးကျပန္ေျပာတယ္” လို႔ ေဒသခံအမ်ိဳးသားတဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

အဲ့ဒီလို ပ်ဴေစာထီးသင္တန္းတက္မယ့္သူမရွိလို႔ ညမထြက္ရအခ်ိန္ေနာက္ပိုင္း အျပင္ထြက္တဲ့လူငယ္ေတြကို ဖမ္းဆီးၿပီး သင္တန္းတက္ခိုင္းဖို႔ အုပ္ခ်ဳပ္ေရးမႉးကေျပာဆိုတယ္လို႔ ေျပာပါတယ္။

” ျပည္သူ႔စစ္ဖြဲ႕ဖို႔ အဆင္မေျပရင္ ညဘက္မာရွယ္ေလာခ်ိန္ေနာက္ပိုင္း ထြက္သူေတြကို ေပၚတာဆြဲဖမ္းဆီးၿပီး သင္တန္းေပးသင့္တယ္လို႔ ဟု အင္းရဲေက်း႐ြာ အုပ္ႀကီးက သူတို႔ကိုျပန္ေျပာေနတာ” လို႔ သူကဆက္လက္ေျပာပါတယ္။

စစ္ေကာင္စီအေနနဲ႔ ဧရာဝတီတိုင္းမွာ ျပည္သူ႔စစ္ (ပ်ဴေစာထီး)ဖြဲ႕ဖို႔ကို ရပ္ကြက္တခုကို လူ ၆၀ ဝန္းက်င္နဲ႔ဖြဲ႕စည္းဖို႔ၫႊန္ၾကားထားၿပီး စစ္သင္တန္းေပးတာေတြလုပ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

Ayeyarwaddy_Times

ပျူစောထီးသင်တန်းတက်ဖို့စာရင်းပေးထားသူတွေရှောင်တိမ်းနေလို့ စစ်ကောင်စီတပ်က လိုက်ရှာနေ

ညိမ်းသော် / ဧရာဝတီတိုင်းမ်

(ကျုံပျော်)၊ သြဂုတ်လ ၇ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းက ကျေးရွာ အုပ်စုတွေမှာ စစ်ကောင်စီပြည်သူ့စစ်(ပျူစောထီး) သင်တန်းတက်ဖို့ စာရင်းပေးထားတဲ့သူတွေ ရှောင် တိမ်းနေလို့ စစ်ကောင်စီတပ်ကလိုက်ခေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်းရဲတိုက်နယ်၊အင်းရဲကျေးရွာမှာ အဲ့ဒီ ပျူစောထီးသင်တန်းကို စစ်ကောင်စီက အခုလထဲမှာဖွင့်လှစ်မှာဖြစ်ပြီး စစ်ကောင်စီတပ်ကစာရင်းကောက်ထားတဲ့ လူငယ် ၃၀ ဝန်းကျင်က သင်တန်းမတက်ချင်လို့ ရှောင်တိမ်းနေတာကြောင့် အုပ်ချုပ်ရေးမှူးတွေကိုဖိအားပေးပြီးပြန်ခေါ်ခိုင်းနေတယ်လို့ ဒေသ ခံတွေကပြောပါတယ်။

” ဒီကျုံပျော် ခလရ ၃၆ တပ်က အုပ်ကြီးကိုလာပြီး ပြည်သူစစ်သင်တန်းပေးဖို့ စာရင်းပေးထားတဲ့လူငယ်တွေကို ပြန်ခေါ်ပေးဖို့လာပြောတယ်၊ အုပ်ကြီးတွေကလည်းလူငယ်တွေကိုပြန်ခေါ်ပေးဖို့အဆင်မပြေဘူးလို့ အုပ်ကြီးကပြန်ပြောတယ်” လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီလို ပျူစောထီးသင်တန်းတက်မယ့်သူမရှိလို့ ညမထွက်ရအချိန်နောက်ပိုင်း အပြင်ထွက်တဲ့လူငယ်တွေကို ဖမ်းဆီးပြီး သင်တန်းတက်ခိုင်းဖို့ အုပ်ချုပ်ရေးမှူးကပြောဆိုတယ်လို့ ပြောပါတယ်။

” ပြည်သူ့စစ်ဖွဲ့ဖို့ အဆင်မပြေရင် ညဘက်မာရှယ်လောချိန်နောက်ပိုင်း ထွက်သူတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး သင်တန်းပေးသင့်တယ်လို့ ဟု အင်းရဲကျေးရွာ အုပ်ကြီးက သူတို့ကိုပြန်ပြောနေတာ” လို့ သူကဆက်လက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဧရာဝတီတိုင်းမှာ ပြည်သူ့စစ် (ပျူစောထီး)ဖွဲ့ဖို့ကို ရပ်ကွက်တခုကို လူ ၆၀ ဝန်းကျင်နဲ့ဖွဲ့စည်းဖို့ညွှန်ကြားထားပြီး စစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Ayeyarwaddy_Times