ေတာ္လွန္ေရးအင္အားစုေတြရဲ႕ေနအိမ္ေတြကိုခ်ိတ္ပိတ္ခိုင္းတဲ့ စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမႉး ပ်ဴေစာထီးေခါင္းေဆာင္ ပ-စ္သ–တ္ခံရ
ဧရာဝတီတိုင္းမ္
ၾသဂုတ္လ ၈ ရက္
ပဲခူးတိုင္း(အေနာက္ျခမ္း)၊ လက္ပံတန္းၿမိဳ႕နယ္ က စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး ၁ ဦး ဒီကေန႔ ၾသဂုတ္လ ၈ ရက္ မနက္ ၇ နာရီဝန္းက်င္က ပစ္သတ္ခံခဲ့ရတယ္လို႔ေဒသခံေတြဆီကသိရပါတယ္။
ပစ္သတ္ခံရတဲ့သူဟာ လက္ပံတန္း၊ၿမိဳ႕မရပ္ကြက္ စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး ပ်ဴေစာထီးေခါင္းေဆာင္ ဦးစိုးမင္းဆိုသူျဖစ္ၿပီး ၃ လမ္းထိပ္မွာ ေသနတ္နဲ႔ ၂ ခ်က္ပစ္ခံရလို႔ ေသဆုံးသြားတယ္လို႔ေဒသခံတဦးကေျပာပါတယ္။
” မနက္အေစာ ေသနတ္နဲ႔ ၂ ခ်က္ပစ္ခံရလို႔ေသသြားတယ္လို႔သိရတယ္။ လက္ပံတန္းမွာ ဒီလူက စစ္ေကာင္စီကိုအေတာ္ၾသဇာေညာင္းတယ္။ ဒီလက္ပံတန္းေက်ာင္း သားသမၼဂေခါင္းေဆာင္ ကိုေအာင္ကုေဋစိုးနဲ႔ ျဖဴစင္လူ ငယ္ပရဟိတေခါင္းေဆာင္ ကိုဝင္းမင္းစိုးတို႔ကိုဖမ္းခိုင္းတာလည္းသူဘဲ။
ၿပီးေတာ့ ဒီေတာ္လွန္ေရးအဖြဲ႕ေတြရဲ႕ေနအိမ္ေတြကိုခ်ိတ္ပိတ္ဖို႔ ေျပာတာလဲသူဘဲ။ ခ်ိတ္ပိတ္ခံရတဲ့အိမ္ ၁၀ လုံးထက္မနည္းဘူး။ သပိတ္စစ္ေၾကာင္းေတြလိုက္ဖမ္းတုန္းကလည္း စစ္ကားေပၚမွာအၿမဲတမ္းပါတယ္” လို႔ လက္ပံတန္းၿမိဳ႕ခံအမ်ိဳးသားတဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလထဲမွာလည္း သူ႔ရဲ႕ၿမိဳ႕မရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဗုံးေဖာက္ခြဲၿပီး ႏႈတ္ထြက္ဖို႔သတိ ေပးခဲ့ေသးတယ္လို႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြဆီက သိရပါတယ္။
အဲ့ဒီပစ္ခတ္ရွင္းလင္းမႈကို သာယာဝတီခ႐ိုင္ PDF ေ႐ႊတန္းေျမ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ ေဒါင္းမေလးအဖြဲ႕က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေဇယ်ာေသာ္စစ္ဆင္ေရးအျဖစ္ ရွင္းလင္းခဲ့တာလို႔ ထုတ္ျပန္ထားပါတယ္။
ၾသဂုတ္လပထမအပတ္ထဲမွာဘဲ သာယာဝတီနဲ႔ နတ္တလင္းက စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမႉးေတြပစ္ခတ္ခံခဲ့ရၿပီး ႀကိဳ႕ပင္ေကာက္စစ္ေဆးေရးဂိတ္မွာလည္း ဗုံးေပါက္ကြဲလို႔ ရဲ ၁ ဦးဒဏ္ရာရခဲ့ပါေသးတယ္။
ဓာတ္ပုံ – စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး စိုးမင္း(ေပးပို႔)
AyeyarwaddyTimes
တော်လှန်ရေးအင်အားစုတွေရဲ့နေအိမ်တွေကိုချိတ်ပိတ်ခိုင်းတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ပ-စ်သ–တ်ခံရ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ လက်ပံတန်းမြို့နယ် က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ဒီကနေ့ သြဂုတ်လ ၈ ရက် မနက် ၇ နာရီဝန်းကျင်က ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရတဲ့သူဟာ လက်ပံတန်း၊မြို့မရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးစိုးမင်းဆိုသူဖြစ်ပြီး ၃ လမ်းထိပ်မှာ သေနတ်နဲ့ ၂ ချက်ပစ်ခံရလို့ သေဆုံးသွားတယ်လို့ဒေသခံတဦးကပြောပါတယ်။
” မနက်အစော သေနတ်နဲ့ ၂ ချက်ပစ်ခံရလို့သေသွားတယ်လို့သိရတယ်။ လက်ပံတန်းမှာ ဒီလူက စစ်ကောင်စီကိုအတော်သြဇာညောင်းတယ်။ ဒီလက်ပံတန်းကျောင်း သားသမ္မဂခေါင်းဆောင် ကိုအောင်ကုဋေစိုးနဲ့ ဖြူစင်လူ ငယ်ပရဟိတခေါင်းဆောင် ကိုဝင်းမင်းစိုးတို့ကိုဖမ်းခိုင်းတာလည်းသူဘဲ။
ပြီးတော့ ဒီတော်လှန်ရေးအဖွဲ့တွေရဲ့နေအိမ်တွေကိုချိတ်ပိတ်ဖို့ ပြောတာလဲသူဘဲ။ ချိတ်ပိတ်ခံရတဲ့အိမ် ၁၀ လုံးထက်မနည်းဘူး။ သပိတ်စစ်ကြောင်းတွေလိုက်ဖမ်းတုန်းကလည်း စစ်ကားပေါ်မှာအမြဲတမ်းပါတယ်” လို့ လက်ပံတန်းမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာလည်း သူ့ရဲ့မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲပြီး နှုတ်ထွက်ဖို့သတိ ပေးခဲ့သေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် PDF ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမလေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇေယျာသော်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
သြဂုတ်လပထမအပတ်ထဲမှာဘဲ သာယာဝတီနဲ့ နတ်တလင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေပစ်ခတ်ခံခဲ့ရပြီး ကြို့ပင်ကောက်စစ်ဆေးရေးဂိတ်မှာလည်း ဗုံးပေါက်ကွဲလို့ ရဲ ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
ဓာတ်ပုံ – စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်း(ပေးပို့)
AyeyarwaddyTimes