Local News


ဩဂုတ် ၈






MyanmaPlatform

မြန်မာပြည်သူတွေအားလုံး အာဆီယံအသင်းကြီးနဲ့ ပူးပေါင်းပါလို့ စစ်ကောင်စီဥက္ကဌ ပြော

ဩဂုတ် ၈

မြန်မာပြည်သူတွေအားလုံး ဒေသတွင်းနှင့် ဒေသပြင်ပ တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံအသင်းကြီးနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ယနေ့ ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ အာဆီယံအသင်းကြီး၏ (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြည်သူကိုပေးပို့တဲ့ သဝဏ်လွှာမှာ အာဆီယံအသင်းကြီး၏ (၅၅)နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာပြည်သူ ပြည်သားများအားလုံးကို ဒေသတွင်းနှင့် ဒေသပြင်ပ တည်ငြိမ်အေးချမ်းရေး၊ ကြွယ်ဝ ချ မ်း သာရေးတို့အတွက် အာဆီယံအသင်းကြီး၏ မျှော်မှန်းချက်များနှင့် အာဆီယံ အသိုက် အဝန်း ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက် တွန်း ပါ တယ်ဆိုပြီး ထည့်သွင်းပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏သဘောထားအမြင်တို့တွင် ပါရှိသည့် အခြေခံမူများနှင့် စံတန်ဖိုးများအပေါ် ခိုင်မာစွာ ဆက်လက် ရပ်တည်သွားမယ်လို့ လည်း ပြောပါတယ်။

ယင်းအပြင် ဒေသတွင်းရှိ ပြည်သူများအားလုံး အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရေး ဘုံရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာ့အကျပ်အတည်းအတွက် အာဆီယံကသဘောတူညီထားတဲ့ ဘုံ ၅ ချက်ကို အကောင်အထည်ဖော်တာ တိုးတက်မှုမရှိလို့ မြန်မာစစ်ကောင်စီကိုတော့ အာဆီယံကလုပ်တဲ့အစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြား ခြင်းမရှိ ပါဘူး။