ဧည့္စာရင္းတိုင္မည္ဆိုကာ စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဝင္ပစ္၊ ရာအိမ္မႉးတစ္ဦးေသ
ေက်ာ္ေဇာ၊ရဲေခါင္ /People’s Spring
ရန္ကုန္ တာေမြၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတစ္႐ုံးအား ဧည့္စာရင္းတိုင္မည္ဟုအေၾကာင္းျပၿပီး ဝင္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း ဝိမုတၱိ – လြတ္ေျမာက္ျခင္းသူပုန္အဖြဲ႕က ယေန႔ (ၾသဂုတ္ ၈)တြင္ထုတ္ျပန္သည္။
ယေန႔ေန႔လယ္ ၃ နာရီ ၁၀ မိနစ္ခန္႔တြင္ တာေမြၿမိဳ႕နယ္၊ မလႊကုန္းလမ္းရွိ ေက်ာက္ေျမာင္းႀကီးရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ဝိမုတၱိ – လြတ္ေျမာက္ျခင္းသူပုန္အဖြဲ႕ႏွင့္ City – Dawna PDF မွရဲေဘာ္မ်ားပူးေပါင္းကာ ဧည့္စာရင္းတိုင္ၾကားမည္ဟုအေၾကာင္းျပၿပီး ႐ုံးတြင္းဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။
အဆိုပါပစ္ခတ္မႈတြင္မလႊကုန္းလမ္းရွိ စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ရွိေနေသာရာအိမ္မႉး ဦးေက်ာ္မင္းဟန္ဆိုသူကိုေသနတ္ျဖင့္ ခုနစ္ခ်က္ပစ္ခတ္ခဲ့ရာ ေနရာတင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရသည္။
စစ္ေကာင္စီခန္႔ရာအိမ္မႉး ဦးေက်ာ္မင္ူဟန္သည္အသက္ ၆၀ ေက်ာ္အ႐ြယ္ရွိေၾကာင္းသိရသည္။”ရခ ကားေတြေရာက္ေတာ့မွ သိတာ။အုပ္ခ်ဳပ္ေရးမႉး႐ုံးထဲမွာပဲ ပစ္ခံရၿပီး ေသသြားတယ္”ဟု မလႊကုန္းလမ္းတြင္ ေနထိုင္သူတစ္ဦးက ေျပာ သည္။
ထိုသို႔ ဧည့္စာရင္းတိုင္ၾကားခ်ိန္တြင္ ေတြ႕ရွိရေသာ မင္းေအာင္လႈိင္၏ သစၥာေတာ္ခံမ်ားကို (၈၈)အေရးေတာ္ပုံတြင္ ျပည္သူမ်ား မည္သို႔ခံစားခဲ့ရေၾကာင္း အနည္းငယ္မွ်နားလည္ေအာင္သြန္သင္ဆုံးမေပးခဲ့ရသည္ဟု ထုတ္ျပန္ခ်က္က ဆိုသည္။
“က်ေနာ္တို႔ တိုက္ပြဲက အဆုံးမေရာက္ေသးဘူး။ တက္မေထာင္ၾကပါနဲ႔အုံး။ ဇြဲမေလွ်ာ့လိုက္ၾကပါနဲ႔လို႔ ျပည္သူေတြကို ေတာင္းဆိုခ်င္တာပါခင္ဗ်ာ။ အတူတူ အဆုံးထိ သြားၾကရေအာင္ပါ”ဟု ဝိမုတၱိ – လြတ္ေျမာက္ျခင္းသူပုန္အဖြဲ႕မွ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက သတင္းစကားပါးသည္။
လက္ရွိအေျခအေနတြင္ စစ္ေရးတိုက္ခိုက္မႈလုပ္ေဆာင္ခဲ့ေသာ ေတာ္လွန္ေရးရဲေဘာ္အားလုံး ေဘးကင္းလုံၿခဳံရာသို႔ ေရာက္ရွိၿပီျဖစ္ေၾကာင္း ဂိမုတၱိ – လြတ္ေျမာက္ျခင္းသူပုန္အဖြဲ႕က အသိေပးထားသည္။
ယေန႔ နံနက္ပိုင္းကလည္း အၾကမ္းဖက္စစ္ ကာင္စီယာဥ္တန္းကို ပစ္မွတ္ထားသည့္ ေဖာက္ခြဲမႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။စစ္ေကာင္စီယႏၲရားမ်ားအားခ်ဳပ္ ကိုင္ႏိုင္သည္အထိလႈိင္းသုံးလႈိင္းျဖင့္တိုက္ခိုက္သြားမည္ဟု ရန္ကုန္အေျခစိုက္ ေျပာက်ားေတာ္လွန္ ေရးအင္အားစုမ်ား စုစည္းထားသည့္ ရန္ကုန္တိုင္းတပ္မ ဟာက အသိေပးထားသည္။
လက္ရွိစစ္ဆင္ေရးမ်ားမွာပထမလႈိင္းျဖစ္ၿပီးမၾကာခင္ဒုတိယလႈိင္း(Eagle Wave)သို႔ကူးေျပာင္းရန္အခ်ိန္ေရာက္လာေတာ့မည္ဟုတာ ဝန္ရွိသူေျပာသည္။ပထမလႈိင္း Rosey Waveတြင္ တိုက္ခိုက္မႈအစိတ္အပိုင္းအေနျဖင့္ Justice Lady Mission ေခါင္းစဥ္ျဖင့္ စစ္ေကာင္စီ၏ တရား႐ုံးမ်ား၊ ေထာက္တိုင္းမ်ား ပါဝင္သည္။
အလားတူ က်န္လႈိင္းႏွစ္ခုမွာ Eagle Wave ႏွင့္ Dragon Wave တို႔ျဖစ္ၿပီး People Wave ေခၚ လူထုလႈိင္းတြင္ စစ္ဆင္ေရးမ်ား ယခုထက္ပိုမိုၾကမ္းလာမည္ျဖစ္ၿပီး ေဖာက္ခြဲမႈမ်ားအျပင္ပစ္ခတ္တိုက္ခိုက္မႈမ်ားပါဝင္လာမည္ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းတပ္မဟာက ေၾကညာ သည္။
တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်၊ ရာအိမ်မှူးတစ်ဦးသေ
ကျော်ဇော၊ရဲခေါင် /People’s Spring
ရန်ကုန် တာမွေမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား ဧည့်စာရင်းတိုင်မည်ဟုအကြောင်းပြပြီး ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့က ယနေ့ (သြဂုတ် ၈)တွင်ထုတ်ပြန်သည်။
ယနေ့နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ မလွှကုန်းလမ်းရှိ ကျောက်မြောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့နှင့် City – Dawna PDF မှရဲဘော်များပူးပေါင်းကာ ဧည့်စာရင်းတိုင်ကြားမည်ဟုအကြောင်းပြပြီး ရုံးတွင်းဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါပစ်ခတ်မှုတွင်မလွှကုန်းလမ်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသောရာအိမ်မှူး ဦးကျော်မင်းဟန်ဆိုသူကိုသေနတ်ဖြင့် ခုနစ်ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီခန့်ရာအိမ်မှူး ဦးကျော်မင်ူဟန်သည်အသက် ၆၀ ကျော်အရွယ်ရှိကြောင်းသိရသည်။”ရခ ကားတွေရောက်တော့မှ သိတာ။အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ ပစ်ခံရပြီး သေသွားတယ်”ဟု မလွှကုန်းလမ်းတွင် နေထိုင်သူတစ်ဦးက ပြော သည်။
ထိုသို့ ဧည့်စာရင်းတိုင်ကြားချိန်တွင် တွေ့ရှိရသော မင်းအောင်လှိုင်၏ သစ္စာတော်ခံများကို (၈၈)အရေးတော်ပုံတွင် ပြည်သူများ မည်သို့ခံစားခဲ့ရကြောင်း အနည်းငယ်မျှနားလည်အောင်သွန်သင်ဆုံးမပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
“ကျနော်တို့ တိုက်ပွဲက အဆုံးမရောက်သေးဘူး။ တက်မထောင်ကြပါနဲ့အုံး။ ဇွဲမလျှော့လိုက်ကြပါနဲ့လို့ ပြည်သူတွေကို တောင်းဆိုချင်တာပါခင်ဗျာ။ အတူတူ အဆုံးထိ သွားကြရအောင်ပါ”ဟု ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။
လက်ရှိအခြေအနေတွင် စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်အားလုံး ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ဂိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့က အသိပေးထားသည်။ယနေ့ နံနက်ပိုင်းကလည်း အကြမ်းဖက်စစ် ကာင်စီယာဉ်တန်းကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။
လက်ရှိစစ်ဆင်ရေးများမှာပထမလှိုင်းဖြစ်ပြီးမကြာခင်ဒုတိယလှိုင်း(Eagle Wave)သို့ကူးပြောင်းရန်အချိန်ရောက်လာတော့မည်ဟုတာ ဝန်ရှိသူပြောသည်။ပထမလှိုင်း Rosey Waveတွင် တိုက်ခိုက်မှုအစိတ်အပိုင်းအနေဖြင့် Justice Lady Mission ခေါင်းစဉ်ဖြင့် စစ်ကောင်စီ၏ တရားရုံးများ၊ ထောက်တိုင်းများ ပါဝင်သည်။
အလားတူ ကျန်လှိုင်းနှစ်ခုမှာ Eagle Wave နှင့် Dragon Wave တို့ဖြစ်ပြီး People Wave ခေါ် လူထုလှိုင်းတွင် စစ်ဆင်ရေးများ ယခုထက်ပိုမိုကြမ်းလာမည်ဖြစ်ပြီး ဖောက်ခွဲမှုများအပြင်ပစ်ခတ်တိုက်ခိုက်မှုများပါဝင်လာမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းတပ်မဟာက ကြေညာ သည်။