C8 News
ရန်ကုန်၊သြဂုတ်(၈)
ဝိုင်းခြင်းခတ်နေတဲ့ စစ်အုပ်စု အနီးကပ်ပစ်ခတ်ခံရ ၊ စစ်ဗိုလ်အပါအဝင် လေးယောက် ေ-သဆုံး
C8 News
ရန်ကုန်၊သြဂုတ်(၈)
ညနေပိုင်းဝိုင်းခြင်းခတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်အုပ်စုကို လက်နက်ကြီးနဲ့အနီးကပ် ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဗိုလ်အပါအဝင်(၄)ဦးသေဆုံးခဲ့တယ်လို့ Natogyi People Defence Force – နွားထိုးကြီး NPDF က သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ ဆောက်လုပ်ရေးဝင်းထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကို မနေ့ကညနေပိုင်းမှာ NPDF လက်နက်ကြီးနဲ့အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“မြို့လယ်ကောင် ဆောက်လုပ်ရေးရုံးဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ပစ်တာဖြစ်ပြီး ဗိုလ်အပါအဝင် လေးယောက် သေတဲ့အပြင် ဒဏ်ရာရခဲ့တဲ့ နောက်ထပ် ငါးယောက်ကလည်း ဆန့်ငင်ဆန့်ငင် ဖြစ်နေတယ် “လိုNPDF ကထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နွားထိုးကြီးမြို့ဟာ နေပြည်တော်အပါအဝင် အခြားမြို့ရွာတွေ ဖြတ်သန်းသွားလာရာမှာ အရေးပါတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး PDF အဖွဲ့တွေက စစ်ကောင်စီကို မကြာခဏခုခံတိုက်ခိုက်နေတဲ့အပြင် ကားလမ်းမပေါ် ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးနိုင်တဲ့ထိ နယ်မြေစိုးမိုးထားပါတယ်။