Local News

ႀကံ့ဖြတ္ပါတီ အတြင္းေရးမႉးကို ခ႐ိုင္ရဲမႉးက ဓာတ္ပုံ ခိုး႐ိုက္မႈျဖင့္ ဖမ္းဆီး

ႀကံ့ဖြတ္ပါတီ အတြင္းေရးမႉးကို ခ႐ိုင္ရဲမႉးက ဓာတ္ပုံ ခိုး႐ိုက္မႈျဖင့္ ဖမ္းဆီး

ႀကံ့ဖြတ္ပါတီ အတြင္းေရးမႉးကို ခ႐ိုင္ရဲမႉးက ဓာတ္ပုံ ခိုး႐ိုက္မႈျဖင့္ ဖမ္းဆီး၊ ဧရာဝတီတိုင္းႀကံ့ဖြတ္ဥကၠ႒ က ၾကားဝင္ ျပန္ထုတ္ရ

ရန္ကုန္၊ ဩဂုတ္ ၉

ဧရာ၀တီတိုင္း၊ ေျမာင္းျမၿမိဳ႕နယ္မွ ႀကံ့ဖြတ္ပါတီအတြင္းေရးမႉး ေဇာ္လတ္ကို ေျမာင္းျမခ႐ိုင္ ခ႐ိုင္ရဲမႉး ေမာင္ေမာင္ေ႐ႊႏွင့္အဖြဲ႕က ဓာတ္ပုံ႐ိုက္မႈျဖင့္ ဖမ္းဆီး ခဲ့ၿပီး ဧရာဝတီတိုင္း ႀကံ့ဖြတ္ပါတီ ဥကၠ႒က ျပန္လည္ ထုတ္ယူရေၾကာင္း ေဒသခံ မ်ားထံမွ သိရွိရသည္။

ဩဂုတ္လ ၇ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ ေျမာင္းျမၿမိဳ႕ နယ္ ျမင္းကဆိပ္ (ဇက္ဆိပ္)မွ ပုသိမ္ၿမိဳ႕သို႔ ခရီးသြားမည့္ ခ႐ိုင္ရဲမႉး ေမာင္ေမာင္ေ႐ႊႏွင့္ ရဲဒန ျမတ္မင္းစိုးတို႔ကို ႀကံ့ဖြတ္ပါတီအတြင္းေရးမႉး ေဇာ္လတ္က ဓာတ္ပုံခိုး႐ိုက္ေၾကာင္း၊ ခ႐ိုင္ရဲမႉး ေမာင္ေမာင္ေ႐ႊ ႏွင့္ ရဲဒနမွ ျမတ္မင္းစိုးတို႔က ႀကံ့ဖြတ္ပါတီအတြင္းေရးမႉး‌ ေဇာ္လတ္ကို ဇက္ဆိပ္တြင္ပင္ လက္ေနာက္ျပန္ လက္ထိပ္ ခတ္၍ ဖမ္းဆီးခဲ့ေၾကာင္း သိရွိရသည္။

“ခ႐ိုင္ရဲမႉး ေမာင္ေမာင္ေ႐ႊ နဲ႔ တပည့္ ဒန ျမတ္မင္းစိုးက ေဇာ္လတ္ကို ဖမ္း တယ္။ ဒန ျမတ္မင္းစိုးက ပစၥတိုတစ္လက္ကို သူ႔ဟာသူ ဝယ္ၿပီး ကိုင္ေန တယ္။ ရဲခ႐ိုင္မႉးနဲ႔ ျမတ္မင္းစိုးတို႔က ပုသိမ္ၿမိဳ႕သြားဖို႔ ဇက္ဆိပ္ဆင္းေနတုန္းမွာ ေဇာ္လတ္က ျမတ္မင္းစိုးရဲ႕ (တရားမဝင္) ပစၥတို ခါးခ်ိတ္ထားတာကို ဓာတ္ပုံ ႐ိုက္တယ္။ အဲဒါ ဓာတ္ပုံ ခိုး႐ိုက္တယ္ဆိုၿပီး လက္ေနာက္ျပန္ လက္ထိပ္ခတ္ၿပီး ဖမ္းသြားတာ” ဟု ေျမာင္းျမၿမိဳ႕နယ္ သတင္းရင္းျမစ္က ေျပာသည္။

ဩဂုတ္လ ၈ ရက္ေန႔တြင္ ဧရာ၀တီတိုင္း ႀကံ့ဖြတ္ဥကၠ႒ ကိုယ္တိုင္ ေျမာင္းျမသို႔ ဆင္းလာၿပီး ခ႐ိုင္ရဲမႉးႏွင့္ ညႇိႏႈိင္းကာ လြတ္ေျမာက္ေရး လုပ္ေဆာင္သျဖင့္ ယမန္ေန႔ နံနက္ ၁၀ နာရီတြင္ ျပန္လည္လြတ္ေျမာက္သြားေၾကာင္း သိရွိရ သည္။

ေျမာင္းျမခ႐ိုင္ရဲမႉး ေမာင္ေမာင္ေ႐ႊႏွင့္ ရဲဒနျမတ္မင္းစိုးတို႔သည္ ျပည္သူမ်ားကို ဖမ္းဆီး ၿခိမ္းေျခာက္ ေငြညႇစ္ျခင္း၊ ေလာင္းကစားဝိုင္းမ်ားႏွင့္ လုပ္ငန္းရွင္မ်ား ထံမွ ဆက္ေၾကးေကာက္ခံျခင္း စိတ္ႂကြေဆးမ်ား ျဖန္႔ျဖဴး ေရာင္းခ်ျခင္းမ်ား ျဖင့္ စီးပြားရွာလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“ေျမာင္းျမခ႐ိုင္ရဲမႉး ေမာင္ေမာင္ေ႐ႊက ရဲစစ္စစ္မဟုတ္ဘူး။ စစ္တပ္က ေျပာင္းလာတာပါ။ အရင္က သစ္ေတာရဲမွာ လာဘ္စားလြန္းလို႔ ရာထူးက်ၿပီး ဒီဘက္ ေရာက္လာတာ။ အခုက ေျမာင္းျမမွာ ဒနအဖြဲ႕က လိုင္စင္ရ ဓားျမအဖြဲ႕ ျဖစ္ေနတယ္။” ဟု ေျမာင္းျမသတင္းရင္းျမစ္က ဆိုသည္။

လက္ရွိ စစ္တပ္ႏွင့္ရဲ၏ အႏိုင္က်င့္မႈမ်ားကို ျပည္သူမ်ားသာမက ႀကံ့ဖြတ္ပါတီ ဝင္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ားပါ ခံေနရသျဖင့္ ႀကံ့ဖြတ္၊ စစ္မႈထမ္းေဟာင္း မ်ားက လက္ရွိ အာဏာရွိေနေသာ စစ္တပ္ႏွင့္ရဲမ်ားအေပၚ အျမင္ မၾကည္လင္ မႈႏွင့္ မေက်နပ္မႈမ်ား တိုးပြားလာေနေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

ကြံ့ဖွတ်ပါတီ အတွင်းရေးမှူးကို ခရိုင်ရဲမှူးက ဓာတ်ပုံ ခိုးရိုက်မှုဖြင့် ဖမ်းဆီး

ကြံ့ဖွတ်ပါတီ အတွင်းရေးမှူးကို ခရိုင်ရဲမှူးက ဓာတ်ပုံ ခိုးရိုက်မှုဖြင့် ဖမ်းဆီး၊ ဧရာဝတီတိုင်းကြံ့ဖွတ်ဥက္ကဋ္ဌ က ကြားဝင် ပြန်ထုတ်ရ

ရန်ကုန်၊ ဩဂုတ် ၉

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ ကြံ့ဖွတ်ပါတီအတွင်းရေးမှူး ဇော်လတ်ကို မြောင်းမြခရိုင် ခရိုင်ရဲမှူး မောင်မောင်ရွှေနှင့်အဖွဲ့က ဓာတ်ပုံရိုက်မှုဖြင့် ဖမ်းဆီး ခဲ့ပြီး ဧရာဝတီတိုင်း ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌက ပြန်လည် ထုတ်ယူရကြောင်း ဒေသခံ များထံမှ သိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီအချိန် မြောင်းမြမြို့ နယ် မြင်းကဆိပ် (ဇက်ဆိပ်)မှ ပုသိမ်မြို့သို့ ခရီးသွားမည့် ခရိုင်ရဲမှူး မောင်မောင်ရွှေနှင့် ရဲဒန မြတ်မင်းစိုးတို့ကို ကြံ့ဖွတ်ပါတီအတွင်းရေးမှူး ဇော်လတ်က ဓာတ်ပုံခိုးရိုက်ကြောင်း၊ ခရိုင်ရဲမှူး မောင်မောင်ရွှေ နှင့် ရဲဒနမှ မြတ်မင်းစိုးတို့က ကြံ့ဖွတ်ပါတီအတွင်းရေးမှူး‌ ဇော်လတ်ကို ဇက်ဆိပ်တွင်ပင် လက်နောက်ပြန် လက်ထိပ် ခတ်၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ခရိုင်ရဲမှူး မောင်မောင်ရွှေ နဲ့ တပည့် ဒန မြတ်မင်းစိုးက ဇော်လတ်ကို ဖမ်း တယ်။ ဒန မြတ်မင်းစိုးက ပစ္စတိုတစ်လက်ကို သူ့ဟာသူ ဝယ်ပြီး ကိုင်နေ တယ်။ ရဲခရိုင်မှူးနဲ့ မြတ်မင်းစိုးတို့က ပုသိမ်မြို့သွားဖို့ ဇက်ဆိပ်ဆင်းနေတုန်းမှာ ဇော်လတ်က မြတ်မင်းစိုးရဲ့ (တရားမဝင်) ပစ္စတို ခါးချိတ်ထားတာကို ဓာတ်ပုံ ရိုက်တယ်။ အဲဒါ ဓာတ်ပုံ ခိုးရိုက်တယ်ဆိုပြီး လက်နောက်ပြန် လက်ထိပ်ခတ်ပြီး ဖမ်းသွားတာ” ဟု မြောင်းမြမြို့နယ် သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း ကြံ့ဖွတ်ဥက္ကဋ္ဌ ကိုယ်တိုင် မြောင်းမြသို့ ဆင်းလာပြီး ခရိုင်ရဲမှူးနှင့် ညှိနှိုင်းကာ လွတ်မြောက်ရေး လုပ်ဆောင်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြန်လည်လွတ်မြောက်သွားကြောင်း သိရှိရ သည်။

မြောင်းမြခရိုင်ရဲမှူး မောင်မောင်ရွှေနှင့် ရဲဒနမြတ်မင်းစိုးတို့သည် ပြည်သူများကို ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လောင်းကစားဝိုင်းများနှင့် လုပ်ငန်းရှင်များ ထံမှ ဆက်ကြေးကောက်ခံခြင်း စိတ်ကြွဆေးများ ဖြန့်ဖြူး ရောင်းချခြင်းများ ဖြင့် စီးပွားရှာလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မြောင်းမြခရိုင်ရဲမှူး မောင်မောင်ရွှေက ရဲစစ်စစ်မဟုတ်ဘူး။ စစ်တပ်က ပြောင်းလာတာပါ။ အရင်က သစ်တောရဲမှာ လာဘ်စားလွန်းလို့ ရာထူးကျပြီး ဒီဘက် ရောက်လာတာ။ အခုက မြောင်းမြမှာ ဒနအဖွဲ့က လိုင်စင်ရ ဓားမြအဖွဲ့ ဖြစ်နေတယ်။” ဟု မြောင်းမြသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ စစ်တပ်နှင့်ရဲ၏ အနိုင်ကျင့်မှုများကို ပြည်သူများသာမက ကြံ့ဖွတ်ပါတီ ဝင်များ၊ စစ်မှုထမ်းဟောင်းများပါ ခံနေရသဖြင့် ကြံ့ဖွတ်၊ စစ်မှုထမ်းဟောင်း များက လက်ရှိ အာဏာရှိနေသော စစ်တပ်နှင့်ရဲများအပေါ် အမြင် မကြည်လင် မှုနှင့် မကျေနပ်မှုများ တိုးပွားလာနေကြောင်း ဒေသခံများက ဆိုကြသည်။