Local News

ဂန႔္ပုံဂန႔္နည္းေတြက မ်ိဳးစုံတယ္ေနာ္

တာချီလိတ်မှ ရဲတစ်ဦး ကားရောလူပါ ရေထဲမျောပါ သေဆုံး

မဲခေါင်၊ သြဂုတ် ၈

တာချီလိတ်မြို့တွင်ရေကြီးနေစဉ် ရဲတစ်ဦး ကား‌ရော လူပါ ရေထဲမျောပါ၍ သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

သေဆုံးသူသည် ဟောင်လိတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆေခမ်းရပ်ကွက်၊ ဦးထွန်းအောင်တံတားအနီးတွင် ရေစီးများသည့်အချိန် ကားဖြင့်သွားနေစဉ် ရေထဲမျောပါသွားပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရဲမှန်းတော့ သိတယ်။ ရာထူးဘာညာတော့မသိဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူသည် ဟောင်လိတ်နယ်မြေရဲစခန်းမှ နယ်ထိန်းတစ်ဦးဖြစ်ကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲ ဖြစ်သည်။

သေဆုံးသွားသူသည် အသက် (၄၄)နှစ်ရှိသူ ဦးမောင်အေးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား တာချီလိတ်လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာချီလိတ်လူမှုကူညီရေးအသင်းက ဖော်ပြထားသည်။

တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းပြီး ဆေးခမ်းရပ်ကွက်၊ ဦးထွန်းအောင် တံတားအနီးတွင် ယနေ့ သြဂုတ် ၈ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင် မော်တော်ကားတစ်စီး ရေထဲမျောပါသွားခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ယနေ့ သြဂုတ် ၈ ရက်၊ နံနက်ပိုင်းက စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

ယနေ့ နံနက်ပိုင်းက စတင်ပြီး မိုးရွာသွန်းခြင်းကြောင့် တာချီလိတ်နှင့် ထိုင်းနိုင်ငံဘက် မယ်ဆိုင်မြို့ အကြားရှိ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ ပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မိုးရွာသွန်းမှုကြောင့် မြို့တွင်း လမ်းများပေါ် ရေလျှံလျှက်ရှိရာ မြို့ပေါ်လမ်းနေရာအချို့တွင် သွားလာရ ခက်ခဲမှုများလည်းရှိနေသည်။

တာခ်ီလိတ္မွ ရဲတစ္ဦး ကားေရာလူပါ ေရထဲေမ်ာပါ ေသဆုံး

မဲေခါင္၊ ၾသဂုတ္ ၈

တာခ်ီလိတ္ၿမိဳ႕တြင္ေရႀကီးေနစဥ္ ရဲတစ္ဦး ကား‌ေရာ လူပါ ေရထဲေမ်ာပါ၍ ေသဆုံးခဲ့ေၾကာင္း သတင္းရင္းျမစ္ထံမွ သိရသည္။

ေသဆုံးသူသည္ ေဟာင္လိတ္ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ေဆခမ္းရပ္ကြက္၊ ဦးထြန္းေအာင္တံတားအနီးတြင္ ေရစီးမ်ားသည့္အခ်ိန္ ကားျဖင့္သြားေနစဥ္ ေရထဲေမ်ာပါသြားၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“ရဲမွန္းေတာ့ သိတယ္။ ရာထူးဘာညာေတာ့မသိဘူး” ဟု ၎က ေျပာသည္။

ေသဆုံးသြားသူသည္ ေဟာင္လိတ္နယ္ေျမရဲစခန္းမွ နယ္ထိန္းတစ္ဦးျဖစ္ေၾကာင္း သိရေသာ္လည္း အတည္မျပဳနိုင္ေသးဘဲ စုံစမ္းေနဆဲ ျဖစ္သည္။

ေသဆုံးသြားသူသည္ အသက္ (၄၄)ႏွစ္ရွိသူ ဦးေမာင္ေအးျဖစ္ၿပီး ၎၏ ႐ုပ္အေလာင္းအား တာခ်ီလိတ္လူမႈကူညီေရးအသင္းမွ တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း တာခ်ီလိတ္လူမႈကူညီေရးအသင္းက ေဖာ္ျပထားသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မိုးမ်ားအဆက္မျပတ္ ရြာသြန္းၿပီး ေဆးခမ္းရပ္ကြက္၊ ဦးထြန္းေအာင္ တံတားအနီးတြင္ ယေန႔ ၾသဂုတ္ ၈ ရက္၊ ညေန ၄ နာရီဝန္းက်င္တြင္ ေမာ္ေတာ္ကားတစ္စီး ေရထဲေမ်ာပါသြားခဲ့ျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယေန႔ ၾသဂုတ္ ၈ ရက္၊ နံနက္ပိုင္းက စတင္ၿပီး မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေရႀကီးေရလၽွံမႈ ျဖစ္ေပၚခဲ့သည္။

ယေန႔ နံနက္ပိုင္းက စတင္ၿပီး မိုးရြာသြန္းျခင္းေၾကာင့္ တာခ်ီလိတ္ႏွင့္ ထိုင္းနိုင္ငံဘက္ မယ္ဆိုင္ၿမိဳ႕ အၾကားရွိ မယ္ဆိုင္ေခ်ာင္းေရ ျမင့္တက္လာ ၿပီးေနာက္ ေရႀကီးေရလၽွံမႈ ျဖစ္ေပၚခဲ့ျခင္း ျဖစ္သည္။

မိုးရြာသြန္းမႈေၾကာင့္ ၿမိဳ႕တြင္း လမ္းမ်ားေပၚ ေရလၽွံလၽွက္ရွိရာ ၿမိဳ႕ေပၚလမ္းေနရာအခ်ိဳ႕တြင္ သြားလာရ ခက္ခဲမႈမ်ားလည္းရွိေနသည္။