Local News

ေနျပည္ေတာ္ ရဲကားတိမ္းေမွာက္မႈတြင္ ထိခိုက္ဒဏ္ရာရသူ အခ်ဳပ္သားမွာ က်န္းမာေရးဝန္ႀကီး ဌာနမွ ေဒါက္တာ ထားထားလင္း ျဖစ္ေန

ေနျပည္ေတာ္ ရဲကားတိမ္းေမွာက္မႈတြင္ ထိခိုက္ဒဏ္ရာရသူ အခ်ဳပ္သားမွာ က်န္းမာေရးဝန္ႀကီး ဌာနမွ ေဒါက္တာ ထားထားလင္း ျဖစ္ေန

ဧရာဝတီတိုင္းမ္

ၾသဂုတ္လ ၉၊ ၂ဝ၂၂

ၾသဂုတ္လ ၄ ရက္ေန႔ ညေနက ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ စည္ပင္ရိပ္သာအနီး လမ္းဆုံတြင္ အိမ္စီးကားႏွင့္ ရဲကားတိုက္မိၿပီး ရဲကားတိမ္းေမွာက္ခဲ့မႈတြင္ ဒဏ္ရာရခဲ့ေသာ အခ်ဳပ္သားတဦးက ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ၫြန္ၾကားေရးမႉး ေဒါက္တာထားထားလင္းျဖစ္ၿပီး ပုခုံးညႇပ္႐ိုး က်ိဳးသြားခဲ့ၿပီး လာမည့္ ၾသဂုတ္လ ၁ဝ ရက္ေန႔တြင္ ခြဲစိတ္ကုသမႈ ျပဳလုပ္မည္ဟု ဆရာဝန္အသိုင္းအဝိုင္းမွ သိရသည္။

၎ကို လက္ရွိအခ်ိန္တြင္ ေနျပည္ေတာ္ ကုတင္ ၁ဝဝဝ ေဆး႐ုံတြင္ သီးျခားကုသေနရၿပီး ဒဏ္ရာေၾကာင့္ နာက်င္မႈ ခံစားေနရေၾကာင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ CDM ျပဳလုပ္ထားေသာ ဆရာဝန္တဦးက ေျပာသည္။

”ပုခုံးညႇပ္႐ိုးက်ိဳးသြားတယ္။ ပုခုံးညႇပ္႐ိုးက တျခားအ႐ိုးေတြက်ိဳးသလို စတီး႐ိုးထည့္တာမ်ိဳး ကုသလို႔ရတဲ့ ေနရာမဟုတ္ဘူး။ အဲ့ဒီညႇပ္႐ိုး ပုံမွန္အေနအထား ျပန္ေရာက္ေအာင္ တျဖည္းျဖည္းထားၿပီးေတာ့မွ ဆက္ေပးႏိုင္တဲ့ အေနအထားေရာက္ေအာင္ထားရတယ္။ အဲ့ဒီအတြက္ ရက္အတန္ၾကာအထိ ခြဲစိတ္ကုသလို႔မရဘူး။ အဲ့ဒီအတြက္ ဒဏ္ရာေၾကာင့္ နာက်င္တဲ့ေဝသနာကို ခံစားရမွာေပါ့” ဟု ၎က ဧရာဝတီတိုင္းမ္သို႔ ေျပာသည္။

ေဒါက္တာထားထားလင္းသည္ NLD ဦးေဆာင္သည့္ အစိုးရလက္ထက္က ကိုဗစ္ကာကြယ္ေဆး Global Alliance for Vaccines and Immunization-Health System Strengthening လုပ္ငန္းကို ကိုင္တြယ္ႀကီးၾကပ္ရာတြင္ မန္ေနဂ်ာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရာတြင္ ကိုဗစ္ကာကြယ္ေဆး ႏိုင္ငံတကာ အေထာက္အပံ့ကို စစ္တပ္အာဏာသိမ္းၿပီးေနာက္ အလႉရွင္အဖြဲ႕ျဖစ္သည္ UNICEF ထံ ျပန္အပ္ခဲ့သည့္အတြက္ေၾကာင့္ စစ္တပ္မွ အၿငိဳးႀကီးစြာျဖင့္ ဖမ္းဆီးတရားစြဲကာ ေထာင္ခ်ခံခဲ့ရသူ ျဖစ္သည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ တပတ္အၾကာတြင္ က်န္းမာေရး ဝန္ႀကီးဌာနရွိ ဆရာဝန္အမ်ားအျပား CDM လုပ္ရွားမႈတြင္ ေဒါက္တာထားထားလင္းလည္း ပါဝင္ခဲ့ၿပီး စစ္ေကာင္စီ၏ ၫႊန္ၾကားခ်က္အတိုင္း မလုပ္ပဲ အလႉရွင္အဖြဲ႕ထံသို႔ ဘ႑ာေငြ ျပန္အပ္ခဲ့ရာတြင္ ေငြက်ပ္ ၁၆၁ သန္းေက်ာ္ ဆုံးရႈံးခဲ့သည္ဟုဆိုၿပီး စစ္တပ္မွ ဖမ္းဆီးၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ပုဒ္မ ၅၆ ျဖင့္ ေထာင္ ၃ ႏွစ္ခ်ခဲ့သည္။

ထို႔အျပင္ မတရားအသင္းႏွင့္ ဆက္သြယ္မႈ ၁၇/၁ ပုဒ္မ၊ ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္ ပုန္ကန္မႈ ၁၂၄(က) တို႔ျဖင့္ ထပ္မံတရားစြဲျခင္း ခံထားရသူျဖစ္သည္။

နေပြည်တော် ရဲကားတိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရသူ အချုပ်သားမှာ ကျန်းမာရေးဝန်ကြီး ဌာနမှ ဒေါက်တာ ထားထားလင်း ဖြစ်နေ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၉၊ ၂ဝ၂၂

သြဂုတ်လ ၄ ရက်နေ့ ညနေက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ရိပ်သာအနီး လမ်းဆုံတွင် အိမ်စီးကားနှင့် ရဲကားတိုက်မိပြီး ရဲကားတိမ်းမှောက်ခဲ့မှုတွင် ဒဏ်ရာရခဲ့သော အချုပ်သားတဦးက ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာထားထားလင်းဖြစ်ပြီး ပုခုံးညှပ်ရိုး ကျိုးသွားခဲ့ပြီး လာမည့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ခွဲစိတ်ကုသမှု ပြုလုပ်မည်ဟု ဆရာဝန်အသိုင်းအဝိုင်းမှ သိရသည်။

၎င်းကို လက်ရှိအချိန်တွင် နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံတွင် သီးခြားကုသနေရပြီး ဒဏ်ရာကြောင့် နာကျင်မှု ခံစားနေရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM ပြုလုပ်ထားသော ဆရာဝန်တဦးက ပြောသည်။

”ပုခုံးညှပ်ရိုးကျိုးသွားတယ်။ ပုခုံးညှပ်ရိုးက တခြားအရိုးတွေကျိုးသလို စတီးရိုးထည့်တာမျိုး ကုသလို့ရတဲ့ နေရာမဟုတ်ဘူး။ အဲ့ဒီညှပ်ရိုး ပုံမှန်အနေအထား ပြန်ရောက်အောင် တဖြည်းဖြည်းထားပြီးတော့မှ ဆက်ပေးနိုင်တဲ့ အနေအထားရောက်အောင်ထားရတယ်။ အဲ့ဒီအတွက် ရက်အတန်ကြာအထိ ခွဲစိတ်ကုသလို့မရဘူး။ အဲ့ဒီအတွက် ဒဏ်ရာကြောင့် နာကျင်တဲ့ဝေသနာကို ခံစားရမှာပေါ့” ဟု ၎င်းက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဒေါက်တာထားထားလင်းသည် NLD ဦးဆောင်သည့် အစိုးရလက်ထက်က ကိုဗစ်ကာကွယ်ဆေး Global Alliance for Vaccines and Immunization-Health System Strengthening လုပ်ငန်းကို ကိုင်တွယ်ကြီးကြပ်ရာတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာတွင် ကိုဗစ်ကာကွယ်ဆေး နိုင်ငံတကာ အထောက်အပံ့ကို စစ်တပ်အာဏာသိမ်းပြီးနောက် အလှူရှင်အဖွဲ့ဖြစ်သည် UNICEF ထံ ပြန်အပ်ခဲ့သည့်အတွက်ကြောင့် စစ်တပ်မှ အငြိုးကြီးစွာဖြင့် ဖမ်းဆီးတရားစွဲကာ ထောင်ချခံခဲ့ရသူ ဖြစ်သည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တပတ်အကြာတွင် ကျန်းမာရေး ဝန်ကြီးဌာနရှိ ဆရာဝန်အများအပြား CDM လုပ်ရှားမှုတွင် ဒေါက်တာထားထားလင်းလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ ညွှန်ကြားချက်အတိုင်း မလုပ်ပဲ အလှူရှင်အဖွဲ့ထံသို့ ဘဏ္ဍာငွေ ပြန်အပ်ခဲ့ရာတွင် ငွေကျပ် ၁၆၁ သန်းကျော် ဆုံးရှုံးခဲ့သည်ဟုဆိုပြီး စစ်တပ်မှ ဖမ်းဆီးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၆ ဖြင့် ထောင် ၃ နှစ်ချခဲ့သည်။

ထို့အပြင် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇/၁ ပုဒ်မ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၄(က) တို့ဖြင့် ထပ်မံတရားစွဲခြင်း ခံထားရသူဖြစ်သည်။