Cele

အြန္လိုင္းေပၚမွာ နာမည္ၾကီးေနတဲ့ စမိုင္းလ္တို႔ အေမရိကန္မွာဝယ္လိုက္တဲ့ ေဒၚလာ ၁၆ သန္းေက်ာ္တန္ အိမ္ႀကီး

အြန္လိုင္းေပၚမွာ နာမည္ၾကီးေနတဲ့ စမိုင္းလ္တို႔ အေမရိကန္မွာဝယ္လိုက္တဲ့ ေဒၚလာ ၁၆ သန္းေက်ာ္တန္ အိမ္ႀကီး

အေမရိကန္ရွိ ေဒၚလာ ၁၆ သန္းေက်ာ္တန္ ဇိမ္ခံအိမ္ႀကီးကို သ႐ုပ္ေဆာင္ စမိုင္းလ္ဝယ္ယူ

အေမရိကန္လူမ်ိဳး နာမည္ေက်ာ္ အလွကုန္လုပ္ငန္းရွင္ ဂ်က္ဖရီစတား ပိုင္ဆိုင္သည့္ ေဒၚလာ ၁၆ သန္းေက်ာ္တန္ အိမ္ႀကီးတစ္လုံးကို ျမန္မာသ႐ုပ္ေဆာင္စမိုင္းလ္တို႔ ဇနီးေမာင္ႏွံက ၿပီးခဲ့သည္ရက္ပိုင္းအတြင္း ဝယ္ယူခဲ့သည္။

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ ဟစ္ဒန္းေဟးလ္စ္ၿမိဳ႕ရွိ ၃ ဧကနီးပါး က်ယ္ဝန္းေသာ ေတာင္ထိပ္တစ္ေနရာ၌ တည္ေဆာက္ထားသည့္ အဆိုပါဇိမ္ခံအိမ္ႀကီးကို စမိုင္းလ္တို႔ ဇနီးေမာင္ႏွံက ကန္ေဒၚလာ ၁၆ ဒသမ ၇ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ေက်ာ္ၾကားသူတို႔၏ ဇိမ္ခံအိမ္အေရာင္းအဝယ္သတင္းမ်ား ေဖာ္ျပသည့္ Dirt အြန္လိုင္းဝက္ဘ္ဆိုက္တြင္ ထိုသို႔ေရးသားေဖာ္ျပထားျခင္းျဖစ္သည္။ အဆိုပါအိမ္ႀကီးမွာ ဟစ္ဒန္းေဟးလ္စ္တစ္ၿမိဳ႕လုံးတြင္ အႀကီးဆုံးႏွင့္ အထည္ဝါဆုံးအိမ္တစ္လုံး ျဖစ္ႏိုင္ေျခရွိသည္ဟုလည္း ဆိုထားသည္။

ယင္းအိမ္ကို ေရာင္းခ်လိုက္သူ ဂ်က္ဖရီစတားမွာ မိတ္ကပ္ပညာရွင္ႏွင့္ YouTube စတားတစ္ဦး ျဖစ္ကာ ၎၏နာမည္ႏွင့္ပင္ အလွကုန္လုပ္ငန္းတစ္ခုကို ထူေထာင္ထားသည္။ ၎၏ အိမ္ကို ေဈးကြက္ေပၚ အေရာင္းတင္ထားၿပီး တစ္ႏွစ္ေက်ာ္အၾကာတြင္ စမိုင္းလ္တို႔ဇနီးေမာင္ႏွံက ဝယ္ယူလိုက္ျခင္းျဖစ္သည္ဟု သိရသည္။

မူလက ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ေဈးျဖတ္ထားေသာ္လည္း လြန္ခဲ့သည့္ သုံးႏွစ္နီးပါးခန္႔က ၎ဝယ္ယူခဲ့သည့္ ေဈးထက္ ေဒၚလာ ၂ သန္းခန္႔ ပိုရလိုက္သည္ဟု ဆိုသည္။

အိမ္ကို ဝယ္ယူလိုက္သည့္ စမိုင္းလ္တို႔ဇနီးေမာင္ႏွံမွာ ယခုဝယ္ယူလိုက္သည့္အိမ္ႏွင့္ မိုင္ ၇၀ ခန္႔ေဝးေသာ ရန္ခ်ိဳခူခါမြန္ဂါဆိုသည့္ေနရာတြင္ ႏွစ္အေတာ္ၾကာေနခဲ့ၿပီး ၂၀၁၅ တြင္ ဝယ္ယူခဲ့သည့္ အိမ္တစ္လုံး ပိုင္ဆိုင္ထားေသးသည္ဟု သိရသည္။

ထို႔အျပင္ မၾကာေသးမီကလည္း ဘဗလီေဟးလ္စ္ဆိုေသာအရပ္၌ ေခတ္မီအိမ္တစ္လုံးကို အငွားခ်လိုက္ေသးသည္ဟု ဆိုသည္။

ဂ်က္ဖရီစတားမွာ လက္ရွိတြင္ ဝိုင္အိုမင္းျပည္နယ္ ကတ္စပါၿမိဳ႕၌ ေနထိုင္ၿပီး ေျမဧက ၃၀၀ ေက်ာ္ ေမြးျမဴေရးၿခံႀကီး လုပ္ေဆာင္ထားလ်က္ရွိသည္ဟု ေရးသားထားသည္။

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ စမိုင်းလ်တို့ အမေရိကန်မှာဝယ်လိုက်တဲ့ ဒေါ်လာ ၁၆ သန်းကျော်တန် အိမ်ကြီး

အမေရိကန်ရှိ ဒေါ်လာ ၁၆ သန်းကျော်တန် ဇိမ်ခံအိမ်ကြီးကို သရုပ်ဆောင် စမိုင်းလ်ဝယ်ယူ

အမေရိကန်လူမျိုး နာမည်ကျော် အလှကုန်လုပ်ငန်းရှင် ဂျက်ဖရီစတား ပိုင်ဆိုင်သည့် ဒေါ်လာ ၁၆ သန်းကျော်တန် အိမ်ကြီးတစ်လုံးကို မြန်မာသရုပ်ဆောင်စမိုင်းလ်တို့ ဇနီးမောင်နှံက ပြီးခဲ့သည်ရက်ပိုင်းအတွင်း ဝယ်ယူခဲ့သည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဟစ်ဒန်းဟေးလ်စ်မြို့ရှိ ၃ ဧကနီးပါး ကျယ်ဝန်းသော တောင်ထိပ်တစ်နေရာ၌ တည်ဆောက်ထားသည့် အဆိုပါဇိမ်ခံအိမ်ကြီးကို စမိုင်းလ်တို့ ဇနီးမောင်နှံက ကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့သည်။

ကျော်ကြားသူတို့၏ ဇိမ်ခံအိမ်အရောင်းအဝယ်သတင်းများ ဖော်ပြသည့် Dirt အွန်လိုင်းဝက်ဘ်ဆိုက်တွင် ထိုသို့ရေးသားဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါအိမ်ကြီးမှာ ဟစ်ဒန်းဟေးလ်စ်တစ်မြို့လုံးတွင် အကြီးဆုံးနှင့် အထည်ဝါဆုံးအိမ်တစ်လုံး ဖြစ်နိုင်ခြေရှိသည်ဟုလည်း ဆိုထားသည်။

ယင်းအိမ်ကို ရောင်းချလိုက်သူ ဂျက်ဖရီစတားမှာ မိတ်ကပ်ပညာရှင်နှင့် YouTube စတားတစ်ဦး ဖြစ်ကာ ၎င်း၏နာမည်နှင့်ပင် အလှကုန်လုပ်ငန်းတစ်ခုကို ထူထောင်ထားသည်။ ၎င်း၏ အိမ်ကို ဈေးကွက်ပေါ် အရောင်းတင်ထားပြီး တစ်နှစ်ကျော်အကြာတွင် စမိုင်းလ်တို့ဇနီးမောင်နှံက ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မူလက ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဈေးဖြတ်ထားသော်လည်း လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့်က ၎င်းဝယ်ယူခဲ့သည့် ဈေးထက် ဒေါ်လာ ၂ သန်းခန့် ပိုရလိုက်သည်ဟု ဆိုသည်။

အိမ်ကို ဝယ်ယူလိုက်သည့် စမိုင်းလ်တို့ဇနီးမောင်နှံမှာ ယခုဝယ်ယူလိုက်သည့်အိမ်နှင့် မိုင် ၇၀ ခန့်ဝေးသော ရန်ချိုခူခါမွန်ဂါဆိုသည့်နေရာတွင် နှစ်အတော်ကြာနေခဲ့ပြီး ၂၀၁၅ တွင် ဝယ်ယူခဲ့သည့် အိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်ဟု သိရသည်။

ထို့အပြင် မကြာသေးမီကလည်း ဘဗလီဟေးလ်စ်ဆိုသောအရပ်၌ ခေတ်မီအိမ်တစ်လုံးကို အငှားချလိုက်သေးသည်ဟု ဆိုသည်။

ဂျက်ဖရီစတားမှာ လက်ရှိတွင် ဝိုင်အိုမင်းပြည်နယ် ကတ်စပါမြို့၌ နေထိုင်ပြီး မြေဧက ၃၀၀ ကျော် မွေးမြူရေးခြံကြီး လုပ်ဆောင်ထားလျက်ရှိသည်ဟု ရေးသားထားသည်။