Local News

ေက်ာင္းသားအခ်င္းခ်င္း

ေက်ာင္းသားအခ်င္းခ်င္း ရန္ျဖစ္ရာမွ ကတ္ေၾကးျဖင့္ထိုး

ရန္ကုန္ၿမိဳ႕၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ အမွတ္ ၄ အေျခခံပညာအထက္တန္းေက်ာင္းမွာ ဒီကေန႔ ၾသဂုတ္ ၉ ရက္ ေန႔လယ္ပိုင္းက ခုႏွစ္တန္းေက်ာင္းသားအခ်င္းခ်င္း ရန္ျဖစ္ရာက ကတ္ေၾကးနဲ႔ထိုးမႈ ျဖစ္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၂ ရပ္ကြက္မွာရွိတဲ့ အထက ၄ ေက်ာင္းမွာ ဒီကေန႔ မြန္းတည့္ ၁၂ နာရီက ေက်ာင္းသားခ်င္း ရန္ျဖစ္ရာက အသင့္ပါလာတဲ့ ကတ္ေၾကးနဲ႔ ထိုးခဲ့တာလို႔ ရပ္ကြက္ေနသူတဦးက ဒီဗြီဘီကို ေျပာပါတယ္။

“ေက်ာင္းေရွ႕မွာ စစ္သားေတြေရာ၊ ရဲေတြေရာ၊ လူနာတင္ယာဥ္ေတြေရာ ေရာက္ေနလို႔ သြားၾကည့္တာ ေက်ာင္းသားတေယာက္ ဓားနဲ႔ထိုးခံထားရတဲ့ ဒဏ္ရာေတြနဲ႔ ေနာက္တေယာက္ကို ရဲေတြက ေခၚသြားတာ ေတြ႕တယ္။”

Grade 9 ေက်ာင္းသားႏွစ္ဦး ေက်ာင္းမုန႔္စားတန္းမွာ ရန္ျဖစ္ရာမွ ခံရသူက အသင့္ပါလာတဲ့ အရွည္ ၇ လက္မေလာက္ ကတ္ေၾကးနဲ႔ ထိုးခဲ့တာလို႔ အမည္မေဖာ္လိုသူ ပညာေရးဝန္ထမ္းတဦးက ဒီဗြီဘီကို ေျပာပါတယ္။

“အရင္ရက္တည္းက ျဖစ္ေနၾကတာေနမယ္။ မုန႔္ေစ်းတန္းမွာထပ္ျဖစ္ေတာ့ ကတ္ေၾကးယူလာတဲ့ ေက်ာင္းသားက ထုတ္ၿပီးထိုးတာ ငါးခ်က္ေလာက္ထိတယ္။”

ကတ္ေၾကးနဲ႔ အထိုးခံရတဲ့ ေက်ာင္းသားဟာ ေက်ာကုန္းမွာ ထိုးသြင္းဒဏ္ရာေလးခ်က္၊ ေနာက္ေစ့ ျပတ္ရွဒဏ္ရာတခ်က္ရၿပီး ေျမာက္ဥကၠလာပေဆး႐ုံႀကီးကို ပို႔ေဆာင္ထားရတယ္လို႔ ရပ္ကြက္ေနသူေတြက ေျပာပါတယ္။

လတ္တေလာမွာ ကတ္ေၾကးနဲ႔ထိုးခဲ့သူ Grade 9 ေက်ာင္းသားကို ရဲေတြက ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းကို ေခၚေဆာင္သြားတယ္လို႔ ဆိုပါတယ္။DVB

ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုး

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ သြဂုတ် ၉ ရက် နေ့လယ်ပိုင်းက ခုနှစ်တန်းကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ကတ်ကြေးနဲ့ထိုးမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်မှာရှိတဲ့ အထက ၄ ကျောင်းမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီက ကျောင်းသားချင်း ရန်ဖြစ်ရာက အသင့်ပါလာတဲ့ ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းရှေ့မှာ စစ်သားတွေရော၊ ရဲတွေရော၊ လူနာတင်ယာဉ်တွေရော ရောက်နေလို့ သွားကြည့်တာ ကျောင်းသားတယောက် ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေနဲ့ နောက်တယောက်ကို ရဲတွေက ခေါ်သွားတာ တွေ့တယ်။”

Grade 9 ကျောင်းသားနှစ်ဦး ကျောင်းမုန့်စားတန်းမှာ ရန်ဖြစ်ရာမှ ခံရသူက အသင့်ပါလာတဲ့ အရှည် ၇ လက်မလောက် ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ရက်တည်းက ဖြစ်နေကြတာနေမယ်။ မုန့်ဈေးတန်းမှာထပ်ဖြစ်တော့ ကတ်ကြေးယူလာတဲ့ ကျောင်းသားက ထုတ်ပြီးထိုးတာ ငါးချက်လောက်ထိတယ်။”

ကတ်ကြေးနဲ့ အထိုးခံရတဲ့ ကျောင်းသားဟာ ကျောကုန်းမှာ ထိုးသွင်းဒဏ်ရာလေးချက်၊ နောက်စေ့ ပြတ်ရှဒဏ်ရာတချက်ရပြီး မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

လတ်တလောမှာ ကတ်ကြေးနဲ့ထိုးခဲ့သူ Grade 9 ကျောင်းသားကို ရဲတွေက မြောက်ဥက္ကလာပမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။DVB