Local News

တပ္ရင္းမႉးႏွင့္ ရႈပ္ၿပီး ကိုယ္ဝန္ရွိေနသည့္အမ်ိဳးသမီးကို လက္ထပ္ယူရန္ ဖိအားေပးသည့္အတြက္

တပ္ရင္းမႉးႏွင့္ ရႈပ္ၿပီး ကိုယ္ဝန္ရွိေနသည့္အမ်ိဳးသမီးကို လက္ထပ္ယူရန္ ဖိအားေပးသည့္အတြက္ ထြက္ေျပးလာသည့္ စစ္သား TTTF ဖမ္းမိ

မဲေခါင္၊ ၾသဂုတ္ ၉

တပ္ရင္းမႉးႏွင့္ လူမႈေရးေဖာက္ျပန္ၿပီး ကိုယ္ဝန္ရွိေနသည့္ အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ယူရန္ ဖိအားေပးသည့္အတြက္ မယူဘဲထြက္ေျပးလာသည့္ စစ္ေကာင္စီစစ္သားတစ္ဦးကို ဩဂုတ္လ ၈ရက္က ဖမ္းဆီးရမိေၾကာင္း Triple Two Task Force(ဆားလင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕)ထံမွ သိရသည္။

ပုလဲၿမိဳ႕နယ္ေထြအုပ္႐ုံးတြင္ စစ္ေဘးေရွာင္မ်ားကို လုံၿခဳံေရးေပးရေသာတပ္မွ တပ္ရင္းမႉးမွာ စစ္ေဘးေရွာင္ထဲမွ အမ်ိဳးသမီးတစ္ဦးကို ခိုးယူေပါင္းသင္းခဲ့ ကိုယ္ဝန္သုံးလရွိသည့္အခါတြင္ ၎၏ တပည့္တစ္ဦးကို ယင္းအမ်ိဳးသမီးျဖင့္ လက္ထပ္ရန္ အမိန႔္ေပးခဲ့ေၾကာင္း၊ အမိန္႔ေပးခံရသည့္ စစ္သားမွာ လက္ထပ္မယူလိုသည့္အတြက္ ထြက္ေျပးလာစဥ္ ဖမ္းမိျခင္းျဖစ္ေၾကာင္း ဖမ္းမိထားေသာ စစ္သား၏ ဝန္ခံေျပာဆိုမႈကို Triple Two Task Force (ဆားလင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕)က မဲေခါင္သို႔ ျပန္ေျပာျပသည္။

“ကြၽန္ေတာ္တို႔အဖြဲ႕ေတြ လုံၿခဳံေရးအတြက္ လိုက္လံၾကည့္ရႈေနတဲ့အခ်ိန္ ဖမ္းမိတယ္။ လက္နက္ေတာ့ မပါဘူး။ အဲ့တာနဲ႔ အေၾကာင္းစုံေမးေတာ့ သူက ေျပာျပတာေပါ့” ဟု Triple Two Task Force (ဆားလင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕)မွ တာဝန္ရွိသူတစ္ဦးက မဲေခါင္သတင္းသို႔ ေျပာသည္။

ထြက္ေျပးလာေသာ စစ္သားသည္ လက္ထပ္ယူရန္ ရည္႐ြယ္ထားသူ ရွိေသာေၾကာင့္ တပ္ရင္းမႉး၏ အမိန႔္ကို မနာခံလိုေၾကာင္း၊ ထိုသို႔ မနာခံပါက တပ္ရင္းမႉးက ဖိႏွိပ္၊ ညႇင္းပန္းႏွိပ္စက္မႈမ်ားရွိလာႏိုင္သည့္အတြက္ ထြက္ေျပးလာျခင္း ျဖစ္ေၾကာင္း ၎စစ္သားက ထပ္မံဝန္ခံသည္ဟု ဆိုသည္။

ထြက္ေျပးလာေသာ စစ္သားကို Triple Two Task Force (ဆားလင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕)က ၎တို႔၏ စခန္းတြင္ ေကာင္းေကာင္းမြန္မြန္ ထားရွိထားၿပီး ေကြၽးေမြးထားေၾကာင္း Triple Two Task Force က ေျပာသည္။

Triple Two Task Force (ဆားလင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕)သည္ စစ္တပ္ အာဏာသိမ္းၿပီးသည့္အခ်ိန္မွစ၍ (၂၂) ေယာက္ျဖင့္ စတင္ဖြဲ႕စည္းၿပီး စစ္တပ္သတင္းေပးသူမ်ားႏွင့္ စစ္တပ္ေဒါက္တိုင္ျဖစ္ေသာ လုပ္ငန္းမ်ားကို အဓိကထား လုပ္ေဆာင္ေနသည္။

MeKongNews

တပ်ရင်းမှူးနှင့် ရှုပ်ပြီး ကိုယ်ဝန်ရှိနေသည့်အမျိုးသမီးကို လက်ထပ်ယူရန် ဖိအားပေးသည့်အတွက် ထွက်ပြေးလာသည့် စစ်သား TTTF ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၉

တပ်ရင်းမှူးနှင့် လူမှုရေးဖောက်ပြန်ပြီး ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူရန် ဖိအားပေးသည့်အတွက် မယူဘဲထွက်ပြေးလာသည့် စစ်ကောင်စီစစ်သားတစ်ဦးကို ဩဂုတ်လ ၈ရက်က ဖမ်းဆီးရမိကြောင်း Triple Two Task Force(ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ထံမှ သိရသည်။

ပုလဲမြို့နယ်ထွေအုပ်ရုံးတွင် စစ်ဘေးရှောင်များကို လုံခြုံရေးပေးရသောတပ်မှ တပ်ရင်းမှူးမှာ စစ်ဘေးရှောင်ထဲမှ အမျိုးသမီးတစ်ဦးကို ခိုးယူပေါင်းသင်းခဲ့ ကိုယ်ဝန်သုံးလရှိသည့်အခါတွင် ၎င်း၏ တပည့်တစ်ဦးကို ယင်းအမျိုးသမီးဖြင့် လက်ထပ်ရန် အမိန့်ပေးခဲ့ကြောင်း၊ အမိန့်ပေးခံရသည့် စစ်သားမှာ လက်ထပ်မယူလိုသည့်အတွက် ထွက်ပြေးလာစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ဖမ်းမိထားသော စစ်သား၏ ဝန်ခံပြောဆိုမှုကို Triple Two Task Force (ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က မဲခေါင်သို့ ပြန်ပြောပြသည်။

“ကျွန်တော်တို့အဖွဲ့တွေ လုံခြုံရေးအတွက် လိုက်လံကြည့်ရှုနေတဲ့အချိန် ဖမ်းမိတယ်။ လက်နက်တော့ မပါဘူး။ အဲ့တာနဲ့ အကြောင်းစုံမေးတော့ သူက ပြောပြတာပေါ့” ဟု Triple Two Task Force (ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းသို့ ပြောသည်။

ထွက်ပြေးလာသော စစ်သားသည် လက်ထပ်ယူရန် ရည်ရွယ်ထားသူ ရှိသောကြောင့် တပ်ရင်းမှူး၏ အမိန့်ကို မနာခံလိုကြောင်း၊ ထိုသို့ မနာခံပါက တပ်ရင်းမှူးက ဖိနှိပ်၊ ညှင်းပန်းနှိပ်စက်မှုများရှိလာနိုင်သည့်အတွက် ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ၎င်းစစ်သားက ထပ်မံဝန်ခံသည်ဟု ဆိုသည်။

ထွက်ပြေးလာသော စစ်သားကို Triple Two Task Force (ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ၎င်းတို့၏ စခန်းတွင် ကောင်းကောင်းမွန်မွန် ထားရှိထားပြီး ကျွေးမွေးထားကြောင်း Triple Two Task Force က ပြောသည်။

Triple Two Task Force (ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)သည် စစ်တပ် အာဏာသိမ်းပြီးသည့်အချိန်မှစ၍ (၂၂) ယောက်ဖြင့် စတင်ဖွဲ့စည်းပြီး စစ်တပ်သတင်းပေးသူများနှင့် စစ်တပ်ဒေါက်တိုင်ဖြစ်သော လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေသည်။

MeKongNews