Local News

လဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ အကောက်ခွန်အရာရှိ ၃ ဦး ဖမ်းဆီးခံရ







စစ်ကောင်စီ အကောက်ခွန်အရာရှိ ၃ ဦး ဖမ်းဆီးခံရ

9 August 2022 – Kachinwaves

မူဆယ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသည့် စစ်ကောင်စီ အကောက်ခွန်အရာရှိ ၃ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ယမန်နေ့ ဩဂုတ်လ ၈ရက်နေ့တွင် မူဆယ်မြို့ ပီတိလဖက်ရည်ဆိုင်၌ ထိုင်နေစဉ် အကောက်ခွန်အရာရှိတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး အခြားနှစ်ဦးလည်း မူဆယ်မြို့အတွင်းမှာပဲ ဖမ်းဆီးခံရသည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုလို ဖမ်းဆီးခံရသည့် အကောက်အခွန်အရာရှိများကို မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားခြင်းကို မသိရကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ ဆယ်ချီလှုပ်ရှားလျှက်ရှိပြီး အခြားလက်နက်ကိုင်အဖွဲ့အစည်းများလည်း ဝင်ထွက်နေသည့် တရုတ်မြန်မာ နယ်စပ်မြို့ဖြစ်သည်။