Local News








ကာကွယ်ရေးဝန်ကြီးဌာန


PROJECT DRAGONFLY စီမံချက်ဖြင့် ရလာတဲ့ လေကြောင်းပ-စ်လက်နက်များ စတင်တာဝန်ထမ်းဆောင်နေပြီလို့NUG ကာကွယ်ရေး အသိပေးတယ်

ကျေးဇူးအထူးတင်ရှိပါကြောင်း

PROJECT DRAGONFLY စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊

အသိပညာရှင်၊အတတ်ပညာရှင်၊အနုပညာရှင်များအားလုံးကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

လူကြီးမင်းတို့အားလုံး ထောက်ပံ့ကူညီခဲ့ကြသည့် PROJECT DRAGONFLY စီမံချက်မှတစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီး ဖြစ်ပါသည်။

ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့်ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ