Local News

ျမဝတီဘဏ္‌ေရွ႕က စစ္ေကာင္စီအဖြဲ႕

ျမဝတီဘဏ္‌ေရွ႕က စစ္ေကာင္စီအဖြဲ႕ ‌ေသနတ္နဲ႔ ပစ္ခံရလို႔ ၂ဦးေသ ၂ဦးဒဏ္ရာရ( ႐ုပ္/သံ)

မုံ႐ြာ၊ ၾသဂုတ္၉၊ ၂၀၂၂။

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ Ocean Center နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ရွိတဲ့ ျမဝတီဘဏ္မွာ ကင္းေစာင့္ေနတဲ့ ရဲနဲ႔ စစ္သားေတြကို ေသနတ္နဲ႔ ပစ္ခံရလို႔ ၂ဦး ေသဆုံးၿပီး ၂ဦးဒဏ္ရာရရွိခဲ့ပါတယ္။

အဲ့ဒီတိုက္ခိုက္မႈကို မုံ႐ြာခ႐ိုင္ အေျခစိုက္ မုံ႐ြာနတ္ဆိုး အဖြဲ႕က ၾသဂုတ္လ ၉ရက္ ဒီေန႔ မနက္ ၅နာရီေက်ာ္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ရဲေဘာ္ေတြအေနနဲ႔ အႏၲရာယ္ကင္းကင္းနဲ႔ ျပန္ဆုတ္ခြာႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

” ႏွစ္ေယာက္ေသ ႏွစ္ေယာက္ဒဏ္ရာရ၊ ဒီေလာက္ပဲသိတယ္ဗ်၊ က်ေနာ္တို႔ပစ္တာ ၂၅ ေပေလာက္ပဲေဝးတာ၊ က်ေနာ္တို႔ ပစ္တဲ့အခ်ိန္ ဖုန္းသုံးေနၾကတာ ၄ ေယာက္ေလာက္ေတာ့ ေတြ႕တယ္၊

ဘဏ္ထဲမွာလည္း ေနာက္ထပ္ရွိေလာက္တယ္” လို႔ မုံ႐ြာနတ္ဆိုး အဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၇ရက္ကလည္း မုံ႐ြာ ေခ်ာင္းဦးလမ္းေပၚမွာ မိုင္းရွာထြက္လာတဲ့ စစ္ေကာင္စီအဖြဲ႕ေတြကို ေရွ႕ထြက္မိုင္း၂လုံး နဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့လို႔ စစ္သား ၄ဦးေသဆုံးခဲ့ပါတယ္။

ေျမလတ္အသံ

မြဝတီဘဏ်‌ရှေ့က စစ်ကောင်စီအဖွဲ့ ‌သေနတ်နဲ့ ပစ်ခံရလို့ ၂ဦးသေ ၂ဦးဒဏ်ရာရ( ရုပ်/သံ)

မုံရွာ၊ သြဂုတ်၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း မုံရွာမြို့ Ocean Center နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ မြဝတီဘဏ်မှာ ကင်းစောင့်နေတဲ့ ရဲနဲ့ စစ်သားတွေကို သေနတ်နဲ့ ပစ်ခံရလို့ ၂ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အခြေစိုက် မုံရွာနတ်ဆိုး အဖွဲ့က သြဂုတ်လ ၉ရက် ဒီနေ့ မနက် ၅နာရီကျော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရဲဘော်တွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

” နှစ်ယောက်သေ နှစ်ယောက်ဒဏ်ရာရ၊ ဒီလောက်ပဲသိတယ်ဗျ၊ ကျနော်တို့ပစ်တာ ၂၅ ပေလောက်ပဲဝေးတာ၊ ကျနော်တို့ ပစ်တဲ့အချိန် ဖုန်းသုံးနေကြတာ ၄ ယောက်လောက်တော့ တွေ့တယ်၊

ဘဏ်ထဲမှာလည်း နောက်ထပ်ရှိလောက်တယ်” လို့ မုံရွာနတ်ဆိုး အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်ကလည်း မုံရွာ ချောင်းဦးလမ်းပေါ်မှာ မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို ရှေ့ထွက်မိုင်း၂လုံး နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးသေဆုံးခဲ့ပါတယ်။

မြေလတ်အသံ