Local News

K4U တြင္တက္ေရာက္သျဖင့္ ဖမ္းဆီးခံရသည့္ ဆယ္တန္းေက်ာင္းသူ

K4U တြင္တက္ေရာက္သျဖင့္ ဖမ္းဆီးခံရသည့္ ဆယ္တန္းေက်ာင္းသူအမႈ ၅၀၅(က) အျပင္ မူးယစ္ေဆးဝါးအမႈျဖင့္ပါ တရားစြဲခံထားရ

ဂႏၵမာ

ရန္ကုန္(မဇၩိမ)။ ။ အာဏာသိမ္းကာလတြင္ ေပၚေပါက္လာေသာ ဖက္ဒရယ္ေက်ာင္းမ်ားထဲမွ ေရပန္းစားသည့္ Kaung For You Education တြင္ တက္ေရာက္ေနေသာ ရန္ကုန္ၿမိဳ႕မွ ဆယ္တန္းေက်ာင္းသူတစ္ဦးမွာ လြန္ခဲ့သည့္လက ဖမ္းဆီးခံရၿပီး သတင္းအစအနေပ်ာက္ဆုံးေနရာမွ ယခုတြင္ ၅၀၅(က) အျပင္ မူးယစ္ေဆးဝါးေရာင္းခ်မႈ ၁၉(က) ျဖင့္ပါ စစ္ေကာင္စီက တရားစြဲဆိုထားေၾကာင္း မိသားစုဝင္၏ ေျပာျပခ်က္အရ သိရသည္။

အဖမ္းခံရသူမွာ အသက္ ၁၈ ႏွစ္ အ႐ြယ္ရွိ မဆုလာဘ္ေသာ္တာ ျဖစ္ၿပီး Kaung For You Education တြင္ အြန္လိုင္းမွစာသင္ၾကားေနစဥ္ ေနအိမ္၌ ဇူလိုင္လ ၁၃ ရက္ေန႔က ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး စစ္ေၾကာေရးတြင္ရွိေနေၾကာင္း သတင္းမွလြဲ၍ တျခားမသိရွိခဲ့ရေပ။

ယခုတြင္ ဖမ္းဆီးခံရေသာ ဆယ္တန္းေက်ာင္းသူမွာ အင္းစိန္ေထာင္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္းသိရၿပီး သူမ၏ အေျခအေနအား မိသားစုဝင္ျဖစ္သူက မဇၩိမကို ယခုလိုေျပာသည္။

“လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က အေၾကာင္းၾကားတာ ရဲစခန္းကေန၊ ကြၽန္ေတာ့္ ညီမေလးကို အင္းစိန္ အမ်ိဴးသမီး အက်ဥ္းေထာင္ဘက္ကို ပို႔လိုက္တယ္၊ တရား႐ုံး ရက္ခ်ိန္းေတြေတာ့ လိုက္ေနတယ္ဗ်ာ ၊ အခုပုဒ္မ ၅၀၅ (က)နဲ႔တရားစြဲခံထားရတယ္၊ ရွင္းရွင္းေျပာရရင္ကြၽန္ေတာ့္ ညီမက ေက်ာင္းသူ ၅၀၅ (က) နဲ႔ မဆိုင္ဘူးေလ၊ သူတို႔ေျပာတာ “အစိုးရကဖြင့္တဲ့ ေက်ာင္းတြင္မတက္ျခင္း” တဲ့ဗ်ာ။ ေနာက္တစ္မႈ က်န္ေသးတဲ့၊ ၁၉ (က ) မူးယစ္ေဆးဝါးေရာင္းခ်မႈတဲ့ အစ္ကိုရာ စဥ္းစားသာၾကည့္ေတာ့။” ဟူ၍ ျဖစ္သည္။

ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုရျခင္းမွာ “လူမူကြန္ရက္ေပၚ တြင္ မဟုတ္မမွန္ မတရားသတင္းမ်ား ေရးျခင္းေၾကာင့္” ဟု ထည့္သြင္းေျပာၾကားထားၿပီး ဥပေဒအေၾကာင္းအရာအရ ခိုင္မာမႈမရွိေၾကာင္း ၎၏ေရွ႕ေနမွ ယူဆထားသည္ဟုေျပာသည္။ မိသားစုႏွင့္ေတြ႕ဆုံခြင့္ရေသာ ပထမဆုံး႐ုံးခ်ိန္းတြင္ ဖမ္းဆီးခံထားရသူ ဆယ္တန္းေက်ာင္းသူမွာ ႐ိုက္ႏွက္ခံထားရသျဖင့္ မ်က္ႏွာဖူးေယာင္ဒဏ္ရာမ်ားရွိျခင္း၊ ဆံပင္မ်ားက်ဲေနျခင္းတို႔ကိုေတြ႕ရေၾကာင္း ေျပာသည္။

Kaung For You Education ၏ သတင္းအခ်က္အလက္ေပါက္ၾကားမႈေၾကာင့္ စာသင္ၾကားေပးေနေသာ ဆရာ/မမ်ားႏွင့္ ဆက္စပ္သူမ်ား လြန္ခဲ့သည့္ ဇူလိုင္လအတြင္းက ဖမ္းဆီးခံထားရၿပီး ေက်ာင္းတည္ေထာင္သူ ဆရာေကာင္းသိုက္စိုး ႏွင့္ CDM ေက်ာင္းဆရာ ႏွစ္ဦးကိုလည္း ဖမ္းဆီးထားေၾကာင္း စစ္ေကာင္စီက ေၾကညာထားသည္။

ထိုကဲ့သို႔ျဖစ္ပြားၿပီးေနာက္ Kaung For You Education မွ ေဖစ့္ဘြတ္ေပခ်႕္အသစ္တည္ေထာင္ထားကာ အသိေပးရွင္းလင္းခ်က္၊ ေမတၱာရပ္ခံခ်က္မ်ားႏွင့္ မသမာသူမ်ား၏ ကိုယ္ေရးအခ်က္အလက္ႏွင့္တကြ သတင္းအခ်က္အလက္ေပါက္ၾကားမႈအား စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္)-mizzima

K4U တွင်တက်ရောက်သဖြင့် ဖမ်းဆီးခံရသည့် ဆယ်တန်းကျောင်းသူအမှု ၅၀၅(က) အပြင် မူးယစ်ဆေးဝါးအမှုဖြင့်ပါ တရားစွဲခံထားရ

ဂန္ဒမာ

ရန်ကုန်(မဇ္ဈိမ)။ ။ အာဏာသိမ်းကာလတွင် ပေါ်ပေါက်လာသော ဖက်ဒရယ်ကျောင်းများထဲမှ ရေပန်းစားသည့် Kaung For You Education တွင် တက်ရောက်နေသော ရန်ကုန်မြို့မှ ဆယ်တန်းကျောင်းသူတစ်ဦးမှာ လွန်ခဲ့သည့်လက ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံးနေရာမှ ယခုတွင် ၅၀၅(က) အပြင် မူးယစ်ဆေးဝါးရောင်းချမှု ၁၉(က) ဖြင့်ပါ စစ်ကောင်စီက တရားစွဲဆိုထားကြောင်း မိသားစုဝင်၏ ပြောပြချက်အရ သိရသည်။

အဖမ်းခံရသူမှာ အသက် ၁၈ နှစ် အရွယ်ရှိ မဆုလာဘ်သော်တာ ဖြစ်ပြီး Kaung For You Education တွင် အွန်လိုင်းမှစာသင်ကြားနေစဉ် နေအိမ်၌ ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကြောရေးတွင်ရှိနေကြောင်း သတင်းမှလွဲ၍ တခြားမသိရှိခဲ့ရပေ။

ယခုတွင် ဖမ်းဆီးခံရသော ဆယ်တန်းကျောင်းသူမှာ အင်းစိန်ထောင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရပြီး သူမ၏ အခြေအနေအား မိသားစုဝင်ဖြစ်သူက မဇ္ဈိမကို ယခုလိုပြောသည်။

“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အကြောင်းကြားတာ ရဲစခန်းကနေ၊ ကျွန်တော့် ညီမလေးကို အင်းစိန် အမျိူးသမီး အကျဉ်းထောင်ဘက်ကို ပို့လိုက်တယ်၊ တရားရုံး ရက်ချိန်းတွေတော့ လိုက်နေတယ်ဗျာ ၊ အခုပုဒ်မ ၅၀၅ (က)နဲ့တရားစွဲခံထားရတယ်၊ ရှင်းရှင်းပြောရရင်ကျွန်တော့် ညီမက ကျောင်းသူ ၅၀၅ (က) နဲ့ မဆိုင်ဘူးလေ၊ သူတို့ပြောတာ “အစိုးရကဖွင့်တဲ့ ကျောင်းတွင်မတက်ခြင်း” တဲ့ဗျာ။ နောက်တစ်မှု ကျန်သေးတဲ့၊ ၁၉ (က ) မူးယစ်ဆေးဝါးရောင်းချမှုတဲ့ အစ်ကိုရာ စဉ်းစားသာကြည့်တော့။” ဟူ၍ ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုရခြင်းမှာ “လူမူကွန်ရက်ပေါ် တွင် မဟုတ်မမှန် မတရားသတင်းများ ရေးခြင်းကြောင့်” ဟု ထည့်သွင်းပြောကြားထားပြီး ဥပဒေအကြောင်းအရာအရ ခိုင်မာမှုမရှိကြောင်း ၎င်း၏ရှေ့နေမှ ယူဆထားသည်ဟုပြောသည်။ မိသားစုနှင့်တွေ့ဆုံခွင့်ရသော ပထမဆုံးရုံးချိန်းတွင် ဖမ်းဆီးခံထားရသူ ဆယ်တန်းကျောင်းသူမှာ ရိုက်နှက်ခံထားရသဖြင့် မျက်နှာဖူးယောင်ဒဏ်ရာများရှိခြင်း၊ ဆံပင်များကျဲနေခြင်းတို့ကိုတွေ့ရကြောင်း ပြောသည်။

Kaung For You Education ၏ သတင်းအချက်အလက်ပေါက်ကြားမှုကြောင့် စာသင်ကြားပေးနေသော ဆရာ/မများနှင့် ဆက်စပ်သူများ လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ဖမ်းဆီးခံထားရပြီး ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး နှင့် CDM ကျောင်းဆရာ နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ထိုကဲ့သို့ဖြစ်ပွားပြီးနောက် Kaung For You Education မှ ဖေစ့်ဘွတ်ပေချ့်အသစ်တည်ထောင်ထားကာ အသိပေးရှင်းလင်းချက်၊ မေတ္တာရပ်ခံချက်များနှင့် မသမာသူများ၏ ကိုယ်ရေးအချက်အလက်နှင့်တကွ သတင်းအချက်အလက်ပေါက်ကြားမှုအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)-mizzima