Local News

စစ္ေကာင္စီ ေထြ/အုပ္႐ုံး အပါအဝင္ စုေပါင္း ႐ုံး

စစ္ေကာင္စီ ေထြ/အုပ္႐ုံး အပါအဝင္ စုေပါင္း ႐ုံး ဗံုးခြဲခံရ

ဗန္းေမာ္ၿမိဳ႕ရွိ စစ္ေကာင္စီေထြ/အုပ္႐ုံး အပါအဝင္ စုေပါင္း႐ုံးဗုံးေပါက္ကြဲမႈ ျဖစ္ ပြား ၿပီး မီးေလာင္၊ ျပည္သူမ်ားအေနျဖင့္ ရဲမ်ား၊ စစ္သားမ်ားႏွင့္ ေဝးႏိုင္သမွ် ေဝးေဝးေနၾကရန္ သတိေပးခ်က္ ထုတ္ျပန္

ရန္ကုန္၊ ဩဂုတ္ ၁၀

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ရွိ စစ္ေကာင္စီေထြ/အုပ္႐ုံး အပါအဝင္ စုေပါင္း ႐ုံးတြင္ ယေန႔ နံနက္ ၁၁ နာရီအခ်ိန္ ဗုံးေပါက္ကြဲေၾကာင္း ေဒသခံမ်ားက ရန္ ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“ဗုံးကြဲတာေတာ့ဟုတ္တယ္။ အခု ႐ုံးေဘးမွာ မီးသတ္ကားေတြနဲ႔ စစ္တပ္၊ ရဲ ေရာက္ ေနၿပီ။ ပိတ္ထားတယ္။ ႐ုံးထဲက လူေတြလည္း အျပင္ထြက္ ခိုင္းထား တယ္။ ဗုံးကြဲၿပီးေတာ့ မီးေလာင္တယ္။ အခုေတာ့ ၿငိမ္းသြားပါၿပီ” ဟု ဗန္းေမာ္ ေဒသခံတစ္ဦးက ေျပာဆိုသည္။

လက္ရွိတြင္ ဗုံးေပါက္ကြဲမႈေၾကာင့္ အထိအခိုက္မသိရွိေသးေသာ္လည္း ႐ုံး အတြင္း ဗုံးမ်ား ရွိႏိုင္သည္ဆိုေသာ စိုးရိမ္ခ်က္ျဖင့္ ပတ္ဝန္းက်င္ကို မဝင္ႏိုင္ရန္ တားဆီးစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနသည္ဟု သိရွိရသည္။

Urban Revolutionary Force – Bhamo အဖြဲ႕ကမူ ျပည္သူမ်ားအေနျဖင့္ စစ္သား၊ ရဲမ်ားႏွင့္ တတ္ႏိုင္သမွ် ေဝးႏိုင္သမွ် အေဝးဆုံးတြင္ ေရွာင္ရွားေနထိုင္ ၾကရန္ အထူးသတိေပးခ်က္ ထုတ္ျပန္ထားသည္။

ဓာတ္ပုံ- ယေန႔နံနက္ ဗုံးေပါက္ကြဲၿပီး မီးေလာင္ေနေသာ ဗန္းေမာ္ၿမိဳ႕ စုေပါင္း႐ုံး။

စစ်ကောင်စီ ထွေ/အုပ်ရုံး အပါအဝင် စုပေါင်း ရုံး ဗုံးခွဲခံရ

ဗန်းမော်မြို့ရှိ စစ်ကောင်စီထွေ/အုပ်ရုံး အပါအဝင် စုပေါင်းရုံးဗုံးပေါက်ကွဲမှု ဖြစ် ပွား ပြီး မီးလောင်၊ ပြည်သူများအနေဖြင့် ရဲများ၊ စစ်သားများနှင့် ဝေးနိုင်သမျှ ဝေးဝေးနေကြရန် သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီထွေ/အုပ်ရုံး အပါအဝင် စုပေါင်း ရုံးတွင် ယနေ့ နံနက် ၁၁ နာရီအချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဗုံးကွဲတာတော့ဟုတ်တယ်။ အခု ရုံးဘေးမှာ မီးသတ်ကားတွေနဲ့ စစ်တပ်၊ ရဲ ရောက် နေပြီ။ ပိတ်ထားတယ်။ ရုံးထဲက လူတွေလည်း အပြင်ထွက် ခိုင်းထား တယ်။ ဗုံးကွဲပြီးတော့ မီးလောင်တယ်။ အခုတော့ ငြိမ်းသွားပါပြီ” ဟု ဗန်းမော် ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် အထိအခိုက်မသိရှိသေးသော်လည်း ရုံး အတွင်း ဗုံးများ ရှိနိုင်သည်ဆိုသော စိုးရိမ်ချက်ဖြင့် ပတ်ဝန်းကျင်ကို မဝင်နိုင်ရန် တားဆီးစစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရှိရသည်။

Urban Revolutionary Force – Bhamo အဖွဲ့ကမူ ပြည်သူများအနေဖြင့် စစ်သား၊ ရဲများနှင့် တတ်နိုင်သမျှ ဝေးနိုင်သမျှ အဝေးဆုံးတွင် ရှောင်ရှားနေထိုင် ကြရန် အထူးသတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့နံနက် ဗုံးပေါက်ကွဲပြီး မီးလောင်နေသော ဗန်းမော်မြို့ စုပေါင်းရုံး။