Local News

တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဝမ်ိဳးပိုင္

တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဝမ်ိဳးပိုင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲခံရ သ ျဖင့္ ထိမွန္ေသဆုံး ၊

ဖလမ္းၿမိဳ႕နယ္ရွိ စစ္ေကာင္စီစခန္းကို ခ်င္းကာကြယ္ေရး တပ္မ်ား ပူးေပါင္းတိုက္ခိုက္မႈ စစ္သား ၈ ဦးေသဆုံး

ရန္ကုန္၊ ဩဂုတ္ ၁၀

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ အိႏၵိယ-ျမန္မာနယ္စပ္၊ ရိဒ္ေခါဒါရ္ၿမိဳ႕နယ္ခြဲတြင္ စစ္ေကာင္စီတပ္မွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဝမ်ိဳးပိုင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲ ခံရသျဖင့္ ထိမွန္ေသဆုံးသြားေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရ သည္။

“တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဝမ်ိဳးပိုင္ စစ္တကၠသိုလ္အပတ္စဥ္ ၄၅ ေက်ာင္း ဆင္း ဒီမနက္ ဒ႐ုန္းနဲ႔ ဗုံးသီးခ် ခံရၿပီး ေသပါတယ္။ သူ႔တပ္က ရိဒ္မွာ စခန္း ခ်ေနတာ။

ခုေသတာက ဒ႐ုန္း ဗုံးသီး ခ်ခံရၿပီး ဒီမနက္မွာေသတာပါ။ ေဝမ်ိဳးပိုင္က အရင္က ဒုတပ္ရင္းမႉးအျဖစ္ ဗိုလ္မႉး ရာထူးနဲ႔ ခလရ ၁၈ (ဟသၤာ တ) မွာ တာ ဝန္ ထမ္း ေဆာင္ ခဲ့တယ္ ပါ။ အဲဒီကေန သူက ရိဒ္ကို ေျပာင္း သြား တာ” ဟု တပ္ သတင္း ရင္းျမစ္က ေျပာသည္။

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ အိႏၵိယ-ျမန္မာနယ္စပ္၊ ရိဒ္ေခါဒါရ္ၿမိဳ႕နယ္ ခြဲ အတြင္း ရွိ ေခ်ာင္း (Cheu) စစ္ေကာင္စီစခန္းကို ယေန႔ ဩဂုတ္လ ၁၀ ရက္ေန႔ နံနက္ ၂ နာရီတြင္ ခ်င္းပူးေပါင္းတပ္ဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ရာ စစ္သား ၅ ဦးေသဆုံးေၾကာင္း ခ်င္းတပ္ဖြဲ႕ CDM-Siyin က သတင္းထုတ္ျပန္သည္။

တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဝမ်ိဳးပိုင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲခံရၿပီး ေသဆုံးမႈ သည္ ယေန႔ နံနက္ ခ်င္းကာကြယ္ေရး တပ္ဖြဲ႕မ်ား ပူးေပါင္းတိုက္ခိုက္ေသာ ေခ်ာင္း စစ္တပ္စခန္း တိုက္ပြဲႏွင့္ ဆက္စပ္မႈ ရွိ၊ မရွိ မသိရေသးေပ။

အိႏၵိယ-ျမန္မာနယ္စပ္၊ ေခ်ာင္း စစ္ေကာင္စီစခန္းကို CDF CDM-Siyin၊ PDF Zoland၊ CNDF ႏွင့္ MEDF တို႔က ယေန႔နံနက္အေစာပိုင္းတြင္ ဝင္ေရာက္ တိုက္ ခိုက္ရာ နံနက္ ၇ နာရီအထိ တိုက္ပြဲျဖစ္ပြားျခင္းျဖစ္ေၾကာင္း၊

အဆိုပါ စခန္းမွ စစ္သား ၄ ဦးမွာ ခ်င္းတပ္ဖြဲ႕မ်ားထံ အလင္းဝင္လာခဲ့ၿပီး လက္နက္ ခဲယမ္းမ်ား ယူေဆာင္လာခဲ့ျခင္းမရွိေၾကာင္း၊ အၾကမ္းဖက္ စစ္ေကာင္စီဘက္မွ တိုက္ပြဲျဖစ္ရာဝန္းက်င္တြင္ ဂ်က္ တိုက္ေလယာဥ္ ၂ စီး ေခါက္တုန႔္ေခါက္ျပန္ ပ်ံဝဲခဲ့ေၾကာင္း တိုက္ပြဲအတြင္း CDM-Siyin ရဲေဘာ္ ၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

အလားတူ အိႏၵိယ-ျမန္မာနယ္စပ္ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ေခၚေမာ႐ြာ အဝင္ေတာင္ထိပ္ရွိ စစ္ေကာင္စီစခန္းကို Mountain Eagle Defense Force MEDF က ဩဂုတ္လ ၁ ရက္၊ ၂ ရက္၊ ၃ ရက္၊ ၆ ရက္ႏွင့္ ၇ ရက္မ်ားတြင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ စစ္သား ၃ ဦးထက္မနည္းေသဆုံးႏိုင္ေၾကာင္း MEDF က သတင္းထုတ္ျပန္ထားသည္။

MEDF က ဗုံးသီး ၄၅ လုံးေက်ာ္ ပစ္ခ်တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီစခန္းရွိ တဲမ်ားႏွင့္ ကတုတ္က်င္းမ်ား ပ်က္စီးခဲ့ေၾကာင္း စစ္တပ္က ျပန္လည္ ပစ္ခတ္ေသာ္လည္း MEDF ဘက္က အထိအခိုက္မရွိခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- DSA စစ္တကၠသိုလ္အပတ္စဥ္ ၄၅ ေက်ာင္းဆင္း ခမရ ၄၁၆ တပ္ရင္း မႉး ဒုတိယဗိုလ္မႉးႀကီးေအာင္ျပည့္ဟိန္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာ ၂၄ ရက္ေန႔ ၊ ကြတ္ခိုင္တိုက္ပြဲတြင္ ေသဆုံးၿပီး မသာခ်ခဲ့စဥ္။ (ပုံအေဟာင္းကို အသုံးျပဳ ထားပါသည္။)

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်းဖြင့် ဗုံးကျဲခံရ သ ဖြင့် ထိမှန်သေဆုံး ၊

ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေး တပ်များ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်းဖြင့် ဗုံးကျဲ ခံရသဖြင့် ထိမှန်သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရ သည်။

“တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်း ဆင်း ဒီမနက် ဒရုန်းနဲ့ ဗုံးသီးချ ခံရပြီး သေပါတယ်။ သူ့တပ်က ရိဒ်မှာ စခန်း ချနေတာ။

ခုသေတာက ဒရုန်း ဗုံးသီး ချခံရပြီး ဒီမနက်မှာသေတာပါ။ ဝေမျိုးပိုင်က အရင်က ဒုတပ်ရင်းမှူးအဖြစ် ဗိုလ်မှူး ရာထူးနဲ့ ခလရ ၁၈ (ဟင်္သာ တ) မှာ တာ ဝန် ထမ်း ဆောင် ခဲ့တယ် ပါ။ အဲဒီကနေ သူက ရိဒ်ကို ပြောင်း သွား တာ” ဟု တပ် သတင်း ရင်းမြစ်က ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ် ခွဲ အတွင်း ရှိ ချောင်း (Cheu) စစ်ကောင်စီစခန်းကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီတွင် ချင်းပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း ချင်းတပ်ဖွဲ့ CDM-Siyin က သတင်းထုတ်ပြန်သည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် ဒရုန်းဖြင့် ဗုံးကျဲခံရပြီး သေဆုံးမှု သည် ယနေ့ နံနက် ချင်းကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သော ချောင်း စစ်တပ်စခန်း တိုက်ပွဲနှင့် ဆက်စပ်မှု ရှိ၊ မရှိ မသိရသေးပေ။

အိန္ဒိယ-မြန်မာနယ်စပ်၊ ချောင်း စစ်ကောင်စီစခန်းကို CDF CDM-Siyin၊ PDF Zoland၊ CNDF နှင့် MEDF တို့က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက် တိုက် ခိုက်ရာ နံနက် ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊

အဆိုပါ စခန်းမှ စစ်သား ၄ ဦးမှာ ချင်းတပ်ဖွဲ့များထံ အလင်းဝင်လာခဲ့ပြီး လက်နက် ခဲယမ်းများ ယူဆောင်လာခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ရာဝန်းကျင်တွင် ဂျက် တိုက်လေယာဉ် ၂ စီး ခေါက်တုန့်ခေါက်ပြန် ပျံဝဲခဲ့ကြောင်း တိုက်ပွဲအတွင်း CDM-Siyin ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ခေါ်မောရွာ အဝင်တောင်ထိပ်ရှိ စစ်ကောင်စီစခန်းကို Mountain Eagle Defense Force MEDF က ဩဂုတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်များတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း MEDF က သတင်းထုတ်ပြန်ထားသည်။

MEDF က ဗုံးသီး ၄၅ လုံးကျော် ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစခန်းရှိ တဲများနှင့် ကတုတ်ကျင်းများ ပျက်စီးခဲ့ကြောင်း စစ်တပ်က ပြန်လည် ပစ်ခတ်သော်လည်း MEDF ဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- DSA စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ခမရ ၄၁၆ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ၊ ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးပြီး မသာချခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြု ထားပါသည်။)