Local News

စစ္ကူလာတဲ့ ဒု-တပ္ရင္းမႉးအပါ ၃ ဦး

စစ္ကူလာတဲ့ ဒု-တပ္ရင္းမႉးအပါ ၃ ဦးေသဆုံးၿပီး ၁၀ ဦးခန႔္ဒဏ္ရာရ

ေက်ာက္ႀကီး၊ ဩဂုတ္ ၁၀၊ ၂၀၂၂။

ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ KNU တပ္မဟာ ၃ ထိန္းခ်ဳပ္နယ္ေျမအတြင္း ၾသဂုတ္လ ၇ ရက္နဲ႔ ၈ ရက္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ ကရင့္ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးမႈမ်ားျပားခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေက်ာက္ႀကီးၿမိဳ႕နယ္၊ ပဲေသာင္႐ြာနဲ႔ လိန္ပင္႐ြာအၾကား ဩဂုတ္လ ၇ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အဲ့ဒီေနရာကို စစ္ကူလာတဲ့ ေ႐ႊက်င္ၿမိဳ႕အေျခစိုက္ ခမရ ၃၅၀ ဒု-တပ္ရင္းမႉး ဗိုလ္မႉးေဝမ်ိဳးေအာင္နဲ႔ တပ္ၾကပ္ႀကီး ၂ ဦး စုစုေပါင္း ၃ ဦး ေသဆုံးခဲ့ကာ ၁၀ ဦးဝန္းက်င္ ဒဏ္ရာရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“တိုက္ပြဲက ၇ ရက္ေန႔က ထိေတြ႕မႈနည္းနည္းေပါ့။ ၈ ရက္ေန႔မနက္ ၁ နာရီေလာက္ကစၿပီး ေတာက္ ေလွ်ာက္ တေနကုန္ျဖစ္ေနတာ။ သူတို႔(စစ္ေကာင္စီတပ္) အင္အားက ၇၀ ေလာက္ရွိတာ။

ဟိုဘက္က တအားမ်ားတယ္။ အဲ့တာကို ေ႐ႊက်င္ ၃၅၀ တပ္က စစ္ကူလာတာ စႏိုက္ဘာမွန္တာ အဲ့ဒီဗိုလ္မႉးက ။ ၃ ေယာက္ေသတယ္။ ဒဏ္ရာရာတာက ၁၀ ေယာက္ေလာက္ရွိမယ္” လို႔ လိန္ပင္ေဒသခံတဦးက ေျမလတ္အသံကို ေျပာပါတယ္။

တိုက္ပြဲအတြင္းအထိနာခဲ့တဲ့ စစ္ေကာင္စီတပ္က ၾသဂုတ္လ ၈ ရက္ေန႔ မနက္ပိုင္းမွာ တိုက္ခိုက္ေရးရဟတ္ယာဥ္ ၂ စီးနဲ႔ ေလေၾကာင္း ဗုံးႀကဲတိုက္ခိုက္မႈ အမ်ားအျပားျပဳလုပ္ခဲ့ၿပီး ဗုံးသီးအလုံးေရ ၄၀ ေက်ာ္နဲ႔ ဒုံးက်ည္တိုက္ခိုက္မႈ ၁၀ လုံးခန႔္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

လာေရာက္ပစ္ခတ္တဲ့ ရဟတ္ယာဥ္ ၁ စင္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ -KNLA တပ္ရင္း ၉ တပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ခဲ့လို႔ စက္ခ်ိဳ႕ယြင္းမႈျဖစ္ေပၚခဲ့တယ္လို႔ KNU က သတင္းထုတ္ျပန္ထားပါတယ္။

ေျမလတ္အသံ

ကျောက်ကြီးတိုက်ပွဲကို စစ်ကူလာတဲ့ ဒု-တပ်ရင်းမှူးအပါ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

ကျောက်ကြီး၊ ဩဂုတ် ၁၀၊ ၂၀၂၂။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင့်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ကြီးမြို့နယ်၊ ပဲသောင်ရွာနဲ့ လိန်ပင်ရွာအကြား ဩဂုတ်လ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာကို စစ်ကူလာတဲ့ ရွှေကျင်မြို့အခြေစိုက် ခမရ ၃၅၀ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေမျိုးအောင်နဲ့ တပ်ကြပ်ကြီး ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကာ ၁၀ ဦးဝန်းကျင် ဒဏ်ရာရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက ၇ ရက်နေ့က ထိတွေ့မှုနည်းနည်းပေါ့။ ၈ ရက်နေ့မနက် ၁ နာရီလောက်ကစပြီး တောက် လျှောက် တနေကုန်ဖြစ်နေတာ။ သူတို့(စစ်ကောင်စီတပ်) အင်အားက ၇၀ လောက်ရှိတာ။

ဟိုဘက်က တအားများတယ်။ အဲ့တာကို ရွှေကျင် ၃၅၀ တပ်က စစ်ကူလာတာ စနိုက်ဘာမှန်တာ အဲ့ဒီဗိုလ်မှူးက ။ ၃ ယောက်သေတယ်။ ဒဏ်ရာရာတာက ၁၀ ယောက်လောက်ရှိမယ်” လို့ လိန်ပင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်က သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၄၀ ကျော်နဲ့ ဒုံးကျည်တိုက်ခိုက်မှု ၁၀ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လာရောက်ပစ်ခတ်တဲ့ ရဟတ်ယာဉ် ၁ စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၉ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့လို့ စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ