Local News








ဆိုင်ကယ်ကယ်ရီအသွင်ယူထားသူ ရဲတပ်ကြပ်ကြီး ပ–စ်သ–တ်ခံရ

ရန်ကုန်၊ သာကေတမြို့နယ်တွင် ယနေ့ (ဩဂုတ်၁၀) မွန်းလွဲပိုင်းက ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။ ရဲတပ်ကြပ်ကြီး ရန်နိုင်အောင်မှာ သာကေတမြို့နယ် ၁၀ ရပ်ကွက်၊ အဝိုင်းထိပ်၊

ဆု ထူးပန်ဘုန်ကြီးကျောင်းရှေ့တွင် မွန်းလွဲ ၁ နာရီက ပစ်သတ်ခံရခြင်းဖြစ်ကာ မျက်လုံးနှင့်ပါး သေနတ် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

အဆိုပါပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သာကေတနယ်မြေစခန်းမှ ဆိုင်ကယ်ကယ် ရီသမားအသွင်ယူထားသော အရှည်ကြီးခေါ် ရဲတပ်ကြပ်ကြီး ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ တစ်ခုက ထုတ်ပြန်သည်။

ပစ်ခတ်မှုအပြီး စစ်ကားသုံးစီးရောက်လာကာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကို စစ်ဆေးနေသည်ဟု ရပ်ကွက်နေသူနှစ်ဦးထံမှ သိရသည်။

“ပစ်သံကတော့ အကျယ်ကြီးမကြားလိုက်ဘူး သတင်းကြားလို့ သွားကြည့်တော့ သွေးအိုင်ထဲ လူတစ်ယောက်လဲနေတယ်။ စစ်ကားသုံးစီးရောက်လာပြီး အနားက လူတွေကို စစ်နေပါတယ်” ဟု တစ်ဦးက ပြောသည်။