Local News

ထားဝယ္သားေတြ ၾက-မ္းျပီဆုိ ဒီလုိ ျပတ္ျပတ္သားသားပဲေလ

ျမန္မာ့ေရနံႏွင့္ သဘာ၀ဓါတ္ေငြ႕လုပ္ငန္း (MOGE)ပိုက္လိုင္း ၃ႀကိမ္ မိုင္းခြဲတိုက္ခိုက္ခံရ

အာဏာသိမ္းစစ္ေကာင္စီအတြက္ ဝင္ေငြရေနသည့္ ထားဝယ္ၿမိဳ႕နယ္၊ ကံေပါက္ေက်း႐ြာရွိ ျမန္မာ့ေရနံႏွင့္ သဘာ၀ဓါတ္ေငြ႕လုပ္ငန္း MOGE ပိုက္လိုင္းကို သုံးႀကိမ္ မိုင္းခြဲခဲ့ေၾကာင္း ထားဝယ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဖြဲ႕(TPLF) က ယေန႔ဩတ္ဂုတ္လ ၁၀ ရက္ေန႔တြင္ သတင္းထုတ္ျပန္လာသည္။

ျမန္မာ့ေရနံႏွင့္ သဘာ၀ဓါတ္ေငြ႕လုပ္ငန္း MOGE ကံေပါက္႐ုံးခြဲကို ဩဂုတ္လ ၃ရက္ေန႔က မိုင္းခြဲခဲ့ၿပီး ဩဂုတ္လ ၉ ရက္ေန႔၊ နံနက္ပိုင္း တြင္ MOGE ပိုက္လိုင္း (ကံေပါက္ – သာေကတ)အား အိႏၵရာဇာ႐ြာႏွင့္ ဆင္ကူး႐ြာ အၾကားတြင္တစ္ႀကိမ္၊ နတ္ႀကီးစင္ႏွင့္ စိန္ဘုံ႐ြာအၾကားတြင္တစ္ႀကိမ္ စုစုေပါင္း ႏွစ္ႀကိမ္ ေဖာက္ခြဲခဲ့ေၾကာင္း သိရ သည္။

ကန္ေပါက္မွ သာေကတသို႔ သြယ္တန္းထားေသာ MOGE ပိုက္လိုင္းသည္ ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံ အစရွိသည့္ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ား လည္ပတ္ေရးအတြက္ စြမ္းအင္ေထာက္ပံ့ေပးေနသည့္ အရင္းအျမစ္ျဖစ္သည့္အတြက္ ပစ္မွတ္ထား တိုက္ခိုက္ျခင္း ျဖစ္သည္ဟု ဆိုသည္။

အဆိုပါတိုက္ခိုက္မႈကို ထား၀ယ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဖြဲ႕ -TPLF ႏွင့္ KBDF – KanBauk Defence Force တို႔မွ ပူးေပါင္းစစ္ဆင္ေရးအျဖစ္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ့ေရနံႏွင့္ သဘာ၀ဓါတ္ေငြ႕လုပ္ငန္း – MOGE သည္ အက်င့္ပ်က္ခ်စားမႈႏွင့္ ညံ့ဖ်င္းေသာ စီမံအုပ္ခ်ဳပ္မႈတို႔ေၾကာင့္ တိုင္းျပည္ဘ႑ာအား ေလလြင့္ဆုံးရႈံးေစၿပီး နာမည္ဆိုးျဖင့္ ေက်ာ္ေဇာသည့္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္သည္။

ထို႔အျပင္ MOGE သည္ ေခတ္အဆက္ဆက္ စစ္အာဏာရွင္မ်ား၏ အဓိက ႏိုင္ငံျခားဝင္ေငြရလမ္းျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ အာဏာသိမ္း မႈအၿပီး စစ္ေကာင္စီမွ က်ဴးလြန္ခဲ့ေသာ စစ္ရာဇဝတ္မႈမ်ားအတြက္ ဘ႑ာေငြရွာေဖြေပးေနသည့္ ဌာနလည္း ျဖစ္သည္။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)ပိုက်လိုင်း ၃ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရ

အာဏာသိမ်းစစ်ကောင်စီအတွက် ဝင်ငွေရနေသည့် ထားဝယ်မြို့နယ်၊ ကံပေါက်ကျေးရွာရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ပိုက်လိုင်းကို သုံးကြိမ် မိုင်းခွဲခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) က ယနေ့ဩတ်ဂုတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကံပေါက်ရုံးခွဲကို ဩဂုတ်လ ၃ရက်နေ့က မိုင်းခွဲခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်း တွင် MOGE ပိုက်လိုင်း (ကံပေါက် – သာကေတ)အား အိန္ဒရာဇာရွာနှင့် ဆင်ကူးရွာ အကြားတွင်တစ်ကြိမ်၊ နတ်ကြီးစင်နှင့် စိန်ဘုံရွာအကြားတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရ သည်။

ကန်ပေါက်မှ သာကေတသို့ သွယ်တန်းထားသော MOGE ပိုက်လိုင်းသည် မြိုင်ကလေး ဘိလပ်မြေစက်ရုံ အစရှိသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရေးအတွက် စွမ်းအင်ထောက်ပံ့ပေးနေသည့် အရင်းအမြစ်ဖြစ်သည့်အတွက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ -TPLF နှင့် KBDF – KanBauk Defence Force တို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း – MOGE သည် အကျင့်ပျက်ချစားမှုနှင့် ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုတို့ကြောင့် တိုင်းပြည်ဘဏ္ဍာအား လေလွင့်ဆုံးရှုံးစေပြီး နာမည်ဆိုးဖြင့် ကျော်ဇောသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

ထို့အပြင် MOGE သည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ အဓိက နိုင်ငံခြားဝင်ငွေရလမ်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်း မှုအပြီး စစ်ကောင်စီမှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် ဌာနလည်း ဖြစ်သည်။