Local News



လူငယ့်ခေတ်

ဩဂုတ် ၁၁




lungekhit

အကြမ်းဖက်စစ်တပ်ကို PDFမိုင်းဆွဲ၊အနည်းဆုံး(၁၄)ယောက် သေ (ရုပ်သံ)

လူငယ့်ခေတ်

ဩဂုတ် ၁၁

မကွေးတိုင်း ရေစကြိုနယ်မှလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) က ဩဂုတ်လ၁၀ရက်နေ့မှာ မိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား(၁၄)ယောက်သေတယ်လို့ သတင်းရရှိပါတယ်။

ချောင်းဦးနယ် ခင်မွန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၄) မိုင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားအများအပြား သေခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့တာပါ။

ချောင်းဦးနယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်နေပြီး ဩဂုတ်လ၈ရက်နေ့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား(၁၂)ယောက် အနည်းဆုံးသေတယ်လို့ CHU PDFက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။